အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Wednesday, 1 August 2012

နည်းပညာများ လေ့လာမျှဝေ ရေးသားနေသူ ဘလော့ကာ အမျိုးကောင်းသား နှင့် အင်တာဗျူး


စာဖတ်သူများ အားလုံးမင်္ဂလာပါ ခင်ဗျာ။

နေ့စဉ် ဆော့ဝဲလ်များ နည်းပညာများ ကွန်ပျူတာနဲ့ ပက်သက်တာတွေ နည်းပညာတွေကို သူကိုယ်တိုင် လေ့လာပြီး လေ့လာဆဲ လူငယ်တွေအတွက် မြန်မာလို အလွယ်တကူ သိရှိနိုင်အောင် အွန်လိုင်းက သူရဲ့ဘလော့လေးမှာ နည်းပညာတွေကို နေ့စဉ် မျှဝေပေးနေတဲ့ ဘလော့လေး တစ်ခုကို တွေ့ထားပါတယ်။ အခုလို အိုင်တီ ခေတ်ကြီးထဲ ဆော့ဝဲလ်များ နည်းပညာတွေက လူငယ်တွေအတွက် တစ်ထောင့် တစ်နေရာက တော်တော်များများ အသုံးဝင်ပါတယ်။

ဒီလို နည်းပညာတွေနဲ့ ပက်သက်ပြီး မျှဝေပေးနေတဲ့ ဘလော့လေး တစ်ခုကို ပြောပြရမယ်ဆိုရင်တော့ ဒီတစ်ခါ စာဖတ်သူများကို မိတ်ဆက်ပေးချင်တဲ့ ဘလော့ကာလေး တစ်ယောက်ကို အင်တာဗျူးလုပ်ပြီးတော့ မိတ်ဆက်ပေးသွားမှာပါ။ စာဖတ်သူများ အားလုံး စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ နည်းပညာ လေ့လာနေတဲ့ လူငယ်တွေတော်တော် များများလည်း သိလိမ့်မယ် ထင်ပါတယ်။ ဘလော့ကာ အမျိုးကောင်းသား ဖြစ်ပါတယ်။

နိုင်ဝဘ်ဆိုက်တွေ တော်တော်များများနဲ့ သူ့ရဲ့ဘလော့လေးမှာ သူလေ့လာမိသမျှ ဆော့ဝဲလ်နဲ့ နည်းပညာတွေကို နေ့စဉ် တင်ပေးလျှက် ရှိနေပြီး နည်းပညာ လေ့လာနေတဲ့ လူငယ်တွေကို ပြန်လည် မျှဝေနေတဲ့ ဘလော့ကာလေး အမျိုးကောင်းသား နဲ့ တွေ့ဆုံပြီး သူ့ရဲ့လုပ်ဆောင်ချက် လေးတွေကို ဒီလို မေးမြန်းဖြစ်ပါတယ်။



မင်္ဂလာပါ အစ်ကို ....

မေး = အစ်ကို နည်းပညာ တွေကို ဘယ်တုန်းက စတင်လေ့လာဖြစ်လဲ ?

ကျွန်တော် 2010 လောက်နေစပြီးတော့ လေ့လာခဲ့တာပါ။ ဘလော့တော့ မဖွင့်ရသေးဘူးပေါ့။

မေး = ဘလော့နာမည်က အမျိုးကောင်းသား ဆိုတော့ နာမည်အရင်းလည်း ဒါမှမဟုတ် ရွေးချယ်ပေးဖြစ်တဲ့ နာမည်လား ဆိုတာ ပြောပြပေးပါဦး။

ရွှေးချယ်ပေးတဲ့ နာမည်ပါ အမျိုးကောင်းသား နာမည်အစ ကတော့ ချောကလက်မြိုတော် ဆိုဒ်မှာ အသုံးပြုဖို့ ရွေးရင်းနဲ့ အဲဒီ နာမည်ကို အမြဲတမ်း အသုံးပြုခဲ့တာပါ။

မေး = ဘယ်တုန်းက ဘလော့လေးကို စတင်ပြုလုပ်ပြီး ရေးဖြစ်တာလဲ ?

ကျွန်တော် ဘလော့မရေးခင် (နိုင်)ဆိုဒ်တွေမှာ ဆော့ဝဲလ် တွေနဲ့ ပက်သက်ပြီး ပိုစ့်တွေ တင်နေပါပီ 2010 လောက်မှာ ပိုစ့်တွေ တင်ရင်းနဲ့ သူငယ်ချင်း တစ်ယောက် ဘလော့လုပ်ဖို့ အကြံပေးတော့ 2011 လောက် 7 ပိုင်းလောက်မှာ ဘလော့ကို စဖွင့်ဖြင့်ခဲ့ပါတယ်။

မေး = လူတိုင်း လူတိုင်း အရာတစ်ခုကို လုပ်ဆောင်တယ်ဆိုရင် ရည်ရွှယ်ချက်တွေ ရှိကြပါတယ်။ အခု အစ်ကိုရဲ့ ဘလော့လေးကို ဘယ်လို ရည်ရွှယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ ?

ဟုတ်ကဲ့ ... ရည်ရွှယ်ချက်ကို ပြောရမယ်ဆိုရင် ဆော့ဝဲလ် တွေနဲ့ ပက်သက်ပြီး တစ်နေရာတည်းမှာ စုံစုံလင်လင်ရနိုင်အောင် ရည်ရွှယ်ပြီးတော့ လုပ်ဖြစ်သွားတာပါ။ တကယ်တော့ အွန်လိုင်းမှာရှာရင် ကိုယ်လိုချင်တာ အလွယ်တကူရပါတယ်။ ဘယ်မှာမှ ရှာစရာ မလိုမလိုအောင် လို့ ဆော့ဝဲလ်တွေ ဂိမ်းတွေ စသည်ဖြင့် စုံစုံ လင်လင် ရအောင် တတ်နိုင်သလောက် စုစည်းတော့ ပြန်လည် မျှဝေတာပါ။



မေး = အစ်ကို နည်းပညာဖက်ကို ဘယ်လိုဝါသနာ ပါပြီး လေ့လာ ဖြစ်သွားလဲ ?

အဲဒါကျတော့ ပြောရခက်တယ်။ သူများ အဆင်ပြေအောင် ကိုယ်အားတဲ့အချိန်မှာ အများ သူငှာအတွက် အကျိုးရှိမယ်ထင်လို့ အချိန်ပေးပြိးတော့ လုပ်ရင်း ၀ါသနာပါသွားတာဘဲ (ကိုယ့်ကိုကိုယ် နည်းပညာ ဆိုဒ်လို့တော့ မခံယူသေးပါဘူး )

မေး = ဘလော့ကို စလုပ်တဲ့ အချိန်က ဘယ်လို လေ့လာပြီး စတင်ခဲ့ပါသလဲ ?

သူများရေးထားတဲ့ ဆိုဒ်တွေကို လေ့လာရတာပေါ့။ အများဆုံး လေ့လာဖြစ်တာတော့ ကိုညီနေမင်းဆိုဒ် ကိုနေမင်းမောင် ဆိုဒ်တွေကို လေ့လာပါတယ်။ ပြီးတော့ ဘလော့ Settings Template တွေကို ကိုယ့်ဟာကိုယ် ဘလော့ စဖွင့်တဲ့အချိန်မှာ တစ်လလောက် လေ့လာပါတယ်။ဘာလို့ဆိုတော့ ကိုယ့် သူငယ်ချင်းတွေထဲမှာ ဆိုဒ်ဖွင့် ထားတဲ့ သူမရှိတော့ ဘယ်ကိုမှ မေးလို့ရပါဘူး။ ကိုယ့်ဟာကိုလေ့လာရင်း Settings Template နည်းနည်း ပါးပါး နားလည် လာပါတယ်။

မေး = ကိုယ်တိုင် လမ်းညွန်မှု မရှိပဲ လုပ်ဖြစ်တယ် ဆိုတော့ အစ်ကို အနေနဲ့ ဘယ်လို အခက်အခဲနဲ့ လေ့လာဖြစ်သလဲ ?

လမ်းညွန်မှုမရှိတော့ အစမှာ တော်တော်ကို ခက်ခဲ့ပါတယ်။ ဖွင့်ချင်စိတ်ပါကုန်တယ်။ ဒါပေမယ် မလျှော့သော ဇွဲနဲ့ Google မှာ ရှာပြီးတော့ လေ့လာ ရပါတယ် လေ့လာရင်းနဲ့ HTML အကြောင်း နည်းနည်းပါးပါး သိလာပါတယ်။




မေး = ဘလော့တစ်ခု စတင်လိုက်ပြီ ဆိုတော့ ဆော့ဝဲလ်များနဲ့ နည်းပညာ လိုင်းကို ဘယ်လို ရွေးချယ်ဖြစ်သွားလဲ ?

ဘယ်လို ရွှေးဖြစ်တယ်ဆိုတော့ ကျွန်တော်က ဘလော့ မဖွင့်ခင်ကတည်းက ဆော့ဝဲလ်တွေနဲ့ ပက်သက်ပြီးပိုစ့်တွေ ရေးသားနေတာဆိုတော့ (ဇတ်လမ်းတွေ ရေးဖို့လည်း စိတ်ကူးရှိပါတယ် ) ဘလော့စဖွင့်တော့ ဆောစ့်ဝဲလ် လိုင်းကို ရွေးဖြစ်သွားပါတယ်။

မေး = ဘလော့လေးက နည်းပညာနဲ့ ပက်သက်တာတွေ တော်တော်များများ တင်ထားတာ တွေ့ရပါတယ်။ ဒီလို မျှဝေဖြစ်အောင် ကိုယ်တိုင် ဆော့ဝဲလ်ပိုင်း နည်းပညာပိုင်းတွေကို ဘယ်လို လေ့လာသလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။

အစပိုင်းမှာဆိုရင် ဆောစ့်ဝဲလ်အတွက် လိုင်စင် ရှာရင်းနဲ့ ဗိုင်းရပ်လည်းခဏခဏထိပါတယ် ကျွန်တော် ကွန်ပျူတာ စကိုင်တော့ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိသေးပါဘူး သင်တန်းတွေလည်း မတတ်ဖူးပါဘူး ဘာမှမသိညာမှန်းမသိဘဲ သုံးရင်း ကွန်ပျူတာလည်း ခဏခဏပျက် ခဏခဏ ၀င်းဒိုး တင်ရတာပေါ့ အစပိုင်းမှာတော့ နောက်ပိုင်းမှာတော့ ဆောစ့်ဝဲလ်တွေနဲ့ ပက်သက်ပြီး ဘယ်လို လိုင်စင်ယူရတယ် အသုံးပြုရတယ်ဆိုတာ နားလည်လာပါတယ်။

မေး = ကွန်ပျူတာပိုင်း နဲ့ ဆောဝဲလ်ပိုင်း နည်းပညာပိုင်းကို ဘယ်လိုလေ့လာ သင်ယူခဲ့တာလဲ ဆိုတာ ဗဟုသုတ ရအောင် ဖြေပေးပါဦး ။

ကိုနေမင်းမောင် ဆိုဒ်နဲ့ ကိုညီနေမင်း ဆိုဒ်မှာ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖြစ်ပါတယ် စိတ်ထဲကနေ ဆရာ တင်ထားတဲ့ ဆိုဒ်နှစ်ဆိုဒ်ပေါ့ ဆောစ့်ဝဲလ်ပိုင်းကျတော့ ကိုယ့်ဟာကိုယ် လေ့လာရင်း နားလည် လာပါတယ်။ အဲလိုသိဖိုလည်း အချိန် တော်တော်ပေးရပါတယ် အမေအဆူအဆဲခံပြီးတော့ ကို လေ့လာခဲ့ရတာပါ။

မေး = နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကိုအနေနဲ့ ဘာများ ပြောချင် မှာချင်လဲ ?

ဘယ်လိုပြောရမလည်း လေ့လာပေါ့ဗျာ လို့ဘဲပြောရမယ်။ အင်တာနက်ဆိုတာ အသုံးချတတ်သူ အဖို့တော့ ရတနာသိုက်ဘဲလေ ပြီးတော့ နည်းပညာ စာအုပ်တွေဖတ် ပြီးတော့ ကိုယ်တိုင် လေ့လာ အဲလိုလုပ်ရင်းနဲ့ နားလည် တက်ကျွမ်းပြီးတော့ အချိန်ပေးရင် အချိန်ပေးနိုင်သလို နားလည်လာနိုင်ပြီး ဆရာကောင်း သမားကောင်းနဲ့တွေ့ခဲ့ရင်တော့ စီးပွားရေး နယ်ပယ်အထိ ရောက်အောင် အသုံးချနိုင်ပါတယ်။ နည်းပညာဆိုတာ ကိုယ်တိုင် လေ့လာမှသာလျှင် ကျွမ်းကျင်းပြီးတော့ နားလည်လာမှာပါ။ ဘယ်ပညာရပ် မဆို ကိုယ်တိုင် အပင်ပန်းမခံရင် မတတ်မြောက်နိုင်ပါဘူး။

မေး = ကွန်ပျူတာ အသုံးပြုတဲ့ လူငယ်တွေ ကွန်ပျူတာ အကြောင်းကို လေ့လာနေတဲ့ လူငယ်တွေကို ဘယ်လို လေ့လာ သင့်သလဲ ဆိုတာ ပြောပြပေးပါဦး ?

ကွန်ပျူတာ အကြောင်း လေ့လာမယ်ဆိုရင် ပထမ အချက်ကတော့ ကိုယ်ပိုင်ကွန်ပျူတာလေး ရှိမှ အဆင်ပြေမှာပေါ့။ ဘာလို့ဆိုတော့ စာတွေ့ကြီးဘဲ လေ့လာနေရင် ဖတ်တုန်း မှတ်တုန်း သင်တုန်းဘဲ မှတ်မိနိုင်ပါတယ်။ ကွန်ပျူတာရှိတော့ လက်တွေ့ လေ့လာနိုင်တော့ ပိုပြီးတော့ သိလွယ် တတ်လွယ်တာပေါ့။ လေ့လာရင်းနဲ့ အခြားသော ပြသနာတွေကိုလည်း ဖြေရှင်းတတ်ပြီး နားလည်လာမှာပါ။ အဓိကတော့ လေ့လာ မှတ်သားပါ ပြီးရင် လက်တွေ့လုပ်ကြည့်ပါ။ အဲဒါဆို တဖြည်းဖြည်းနဲ့ နာလည် တတ်ကျွမ်းလာပြီး တစ်ချိန်မှာ ကိုယ့် စီးပွားရေး အဖြစ်တောင် အသုံးနိုင်ပါသေးတယ်။


မေး = ဆောဝဲလ်ပိုင်း ကွန်ပျူတာ နည်းပညာနဲ့ ပက်သက်ပြီး လေ့လာ သင်ယူရတာ လွယ်တယ်လို့ တစ်ချို့က ပြောကြပါတယ်။ တကယ့် လေ့လာနေတဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘယ်လို ပြောမှာလဲ ?

လွယ်တယ်လို့ ပြောတဲ့ သူကတော့ အခြေခံ အဆင့်လောက်ကို နားလည်ပီးတော့ ပြောတာပါ ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာတွေက ပိုအဆင့်မြင့်လာလေ ပိုခက်ခဲလာလေပါဘဲ ပညာဆိုတာ ဆုံခန်းတိုင်ဖို့ မလွယ်ပါဘူး။

လေ့လာ လေတွေ့ရှိလေ့ပါဘဲ ပိုလေ့လာလေ ပိုတွေ့ရှိလေပေါ့ဗျာ။ တကယ် လေ့လာတဲ့ ညီငယ် တွေကို ပြောချင်တာကတော့ ကိုယ်ဝါနာပါမယ် ဆိုရင် တစိုက် မက်မက်ကြိုးစားပါ။ လေ့လာပါ ပြီးတော့ မရှက်ပါနဲ့ ကိုယ်မသိဘူးဆို မသိဘူး မနားလည်ဘူးဆို မနားလည်ဘူး ဆိုပြီးတော့ ဆရာ ဒါမှမဟုတ် ကျွမ်းကျင်သူ ကိုမေးပါ လေ့လာသူအဆင့်မှာ ငါဆိုတဲ့ မာနကိုချတာ ထားအကောင်းဆုံး ပါဘဲ။

ပညာရှာ သူဖုန်း စားပမာလို့ စကားပုံတောင်ရှိသေး တာဘဲလေ ပညာသင် လေ့လာသူ အဆင့်မှာ ရိုးသားပါလို့ ပြောချင်ပါတယ်။ သိသလို တတ်သလို ဟန်ဆောင်ရင်တော့ တကယ်နားလည် တတ်ကျွမ်းတဲ့သူ မဖြစ်နိုင်ပါဘူး။

မေး = အစ်ကိုက ဆော့ဝဲလ်ပိုင်း နည်းပညာဖက်ကို ဦးစားပေး ရေးသားနေတယ် ဆိုတော့ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ နည်းပညာတွေက ဘယ်လို အရေးပါ အရာ ရောက်လဲဆိုတာ အစ်ကိုရဲ့ အမြင်လေးကို ပြောပြ ပေးပါဦး။

နည်းပညာက အရေးပါပါတယ်။ အခုလို တိုးတက်နေတာ မြန်မာနိုင်ငံမှာဆို သတင်းတွေ အချိန်နဲ့အမျှ သိနိုင်ပါတယ် ဂျာနယ်မှာ စောင့်ဖတ်မယ်ဆိုရင်တော့ ထွက်မယ့်နေ့ကို စောင့်ရအုံး နည်းပညာက တိုးတက်လာတာနဲ့အမျှ အသုံးချစရာ တွေကလည်းများလာပါတယ်။ အဓိကတော့ နိုင်ငံခြား စီးပွားရေး တွေကို လေ့လာရင် သိနိုင်ပါတယ်။

အလုပ်ခေါ်ရင် အင်တာနက် ရှယ်ရာ ဈေးကစားရင်လည်း အင်တာနက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး လုပ်တဲ့အခါ အင်တာနက် မရှိမဖြစ်လိုအပ်တဲ့ အရာဘဲလေ နောက်ပြီး ကျောင်းသားတွေ အတွက်လည်း အင်တာနက်မှာ လေ့လာမယ် ဖြေမယ် လုပ်စရာတွေက အများကြီးပါဘဲ နည်းပညာက တိုးတက်ရင် တိုးတက်သလို သူနေရာနဲ့သူ အသုံးချနိုင်တဲ့ နေရာတွေအများကြီးပါ။ ကောင်းတဲ့သူ ကောင်းတဲ့နေရာ အသုံးချသလို မကောင်းတဲ့ သူတွေကလည်း မကောင်းတဲ့ နေရာမှာ အသုံးချ နိုင်ပါတယ်။

မေး = ဘလော့ကာ တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ နားလည်ဖို့ လိုအပ်သလဲ ဆိုတာ ဘလော့ရေးသူ ဝါသနာရှင်များ သိအောင်လည်း ပြောပြပေးစေ လိုပါတယ်။

HTML အကြောင်းကို ကျွမ်းကျွမ်း ကျင်ကျင် နားလည်မယ်ဆိုရင် ကောင်းတာပေါ့ နားလည် ဆိုဖို့ဆိုတာလည်း လေ့လာမှရမယ်လေ။ အဲဒါတွေနားလည်ပြီ ဆိုရင် ဆိုဒ်မှာ ကိုယ်ပြင်ချင်တာတွေ ထည့်ချင် တာတွေ လှအောင် ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ အဲလိုပြောလို့ ကျွန်တော်ကို ကျွမ်းတယ် မထင်ပါနဲ့ နားလည်ဆိုတယ် ဆိုယုံအဆင့် လောက်ဘဲရှိပါ သေးတယ်။ အဓိကတော့ HTML CODES တွေကို နားလည်ရမှာပေါ့။



မေး = အစ်ကိုရဲ့ဘလော့လေးမှာ နေ့စဉ်ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ငွေမရပဲ ဝါသနာ အရ ရေးနေကြတယ်ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ အစ်ကိုကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ ?

လူရယ် လို့ဖြစ်လာရင် စိတ်ညစ်စရာ တွေတော့ ကြုံရတာဘဲလေ ကိုယ်ရေး ကိုယ်တာကတော့ အခုထိ အဆင်ပြေပါတယ်။ အလုပ်ထဲမှာ အဆင်မပြေတာတွေ ရှိခဲ့ ကိုယ်ဆိုဒ်ကို ဖွင့်ကြည့်တဲ့ အခါ ပျောက်သွားပါတယ် ကျွန်တော်ဆိုဒ်က ကျွန်တော် အတွက်တော့ အပန်းဖြေရာ တစ်နေရာပါဘဲ ... ....

မေး = ဘလော့ရေးသူ တစ်ယောက် အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ရင်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ပီတိဖြစ်မိတာ လေးကို မျှဝေပေးပါဦး ?

အဲဒါက .... ဘယ်လိုပြောရလည်း ပြောပြမတတ်ဘူး ကျွန်တော် ဆိုဒ်ထဲဝင်လိုက်ရင် ဘယ်သူတွေက စီဘောက်မှာ အော်သွားလည်း မေးထဲမှာ ဘယ်သူတွေက ဘာတွေ ပို့ထားလည်းဆိုပြီး ကြည့်ပါတယ်။ ဘယ်သူကတွေက အဆင်ပြေတယ် လို့ပြောသွားရင် ကျွန်တော် စိတ်ထဲမှာပျော်ပါတယ်။ လိုင်းမကောင်းတဲ့ ကြားက ၀ါသနာရော စေတနာပါ ထည့်ပြီးတော့ လုပ်ထားတဲ့ ဘလော့လေးပါ ကျွန်တော်တို့မှာ ကွန်နက်ရှင် မကောင်းပါဘူး အဆင်ပြေတယ် ကျေးဇူးတင်တယ်လို့ ရေးထားတာလေးကို ဖတ်ပြီးတော့ ကျွန်တော် ဆိုဒ်မှာ နေ့စဉ်Update ဖြစ် ကြိုးစားပါတယ် ဘယ်လို ပီတိဖြစ်တယ်ဆိုတာ ပြောပြ မတတ်အောင်ပါဘဲ။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု မကောင်း ပြောဆို တာတွေမျိုးပေါ့ ဒါမှ မဟုတ် တစ်ယောက်က အထင်လွဲတာတို့ပေါ့ အစ်ကို အနေနဲ့ ကြုံဖူးလား ?

အင်း ... အဲဒါ တစ်ခုကတော့ ကံကောင်းတယ်ဘဲ ပြောရမလား မကြုံဖူးသေးပါဘူး ....



မေး = အစ်ကိုရဲ့ ဘလော့လေးမှာ တင်ပေးဖြစ်တဲ့ (မျှဝေဖြစ်တဲ့) အမျိုးအစား လေးတွေကို စာဖတ်သူများအတွက် အသေးစိပ် ပြောပြပေးပါဦး။

အဓိကတော့ အသုံးဝင်မယ်ထင်တဲ့ ဆော့ဝဲလ် ကိုတင်ပေးပါတယ်။ ဆော့ဝဲလ် ထဲမှတောင် ပရိုမိုးရှင်းပေးတဲ့ တရားဝင် လိုင်စင်ပေးတဲ့ ဆောစ့်ဝဲလ်ကို တင်ပေးပါတယ်။ ဆော့ဝဲလ် တွေမှာ ဗားရှင်း အသစ်တစ်ခုတိုးလာတဲ့ အချိန် လိုင်စင် ပေးပါတယ်။

ကိုယ်ယူတတ်ဖို့တော့ လိုတာပေါ့။ အဲဒါတွေကိုအဓိက ပြန်လည် မျှဝေပေးပါတယ်။ နောက်ပြီး သူများ တောင်ဆိုထား တာတွေကို ရှာဖွေပြီး ပြန်လည် တင်ပေးပါတယ်။ နောက်ပြီး ဂိမ်း ဖုန်းနဲ့ပက်သက်တဲ့ ဆော့ဝဲလ်တွေ ဂိမ်းတွေကို တင်ပေးပါတယ်။

မေး = ဆက်လက်၍ ဘလော့လေးကို ဘယ်လိုကြိုးစားသွားမယ်ဆို ဖြေကြား ပေးစေလိုပါတယ်။

ဟုတ်ကဲ့ ကျွန်တော် အားလပ် အချိန်တွေ အကုန်လုံးကို ဘလော့ထဲမှာဘဲ နှစ်မြုပ်ထားတာပါ ကျွန်တော် အင်တာနက်သုံးလို့ရနေမျှ ဘလော့က အသက်ရှင်နေအုံးမှာပါ ပေးဆပ်နေအုံးမှာပါ။

မေး = နေ့စဉ် အစ်ကိုရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေပြီလဲ ?

တစ်နေ့ကို 2187 ကျော်လောက်ရှိပါတယ်။ ပုံမှန်တစ်နေ့ကိုတော့ အနည်းဆုံး 1780 နဲ့ အများဆုံး 2204 ၀န်းကျင် အတွင်းမှာတော့ ရှိပါတယ်။

မေး = အစ်ကိုရဲ့ဘလော့လေးက တ်ာတော်များများ လူသိများတယ်နော် ပြီးတော့ နည်းပညာများ ဝင်ရောက် လေ့လာနေသူတွေလည်း တော်တော်များပါတယ်။ အခု အချိန်မှာ ကိုအမျိုးကောင်းသား ဘာလော့လေး အောင်မြင်နေပြီလို့ ပြောရင် အစ်ကို ဘာပြောမှာလဲ ?

အောင်မြင်တယ် လို့တော့ မပြောချင်ပါဘူး ကျွန်တောင်ဆိုဒ်ကို သံယောဉ်ဇဉ် ရှိပြိး နေ့တိုင်း လာလည်တဲ့ သူတွေလည်းရှိပါတယ်။ ကျွန်တော် ဆိုဒ်ကို လာလည်ကျတဲ့ လာလေ့လာကြတဲ့ သူငယ်ချင်းတွေ အတွက် တတ်နိုင်သမျှ ပေးဆပ်မှာပါ ဆိုဒ်ကိုဝင်ရောက်ပြီးတော ကျွန်တော်ကိုခင်ပြီး လေးစားတဲ့ ညီ အကို တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

လာလည်တဲ့ သူငယ်ချင်းတွေ ကြောင့် ကျွန်တော် ဘလော့တင်ရတာ အားရှိပါတယ် ဆိုဒ်ဖွင့်စကဆို တော်တော်ကို စိတ်ပျက်ဖူးပါတယ်။ လူတစ်ယောက်ရဲ့ အားပေးမှုကြောင့် ကျွန်တော် ဘလော့တင်ရတာ ပျော်ရွှင်နေပါပြီ။ အကိုရေ ကျေးဇူးတင်ပါတယ် လို့ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော်အတွက် စိတ်တက်ကြွဖို့ ကောင်းတဲ့ စကားလုံးပါ အားပေးကျတဲ့ အခြား သူငယ်ချင်းတွေကိုလည်း ကျေးဇူး တင်အရမ်းတင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး = အစ်ကိုဘလော့မှာ ရေးတင်နေတဲ့ နည်းပညာပိုင်း ဆိုင်ရာပိုစ့်လေးတွေကို အစ်ကိုဘလော့လေးမှာပဲ တင်ဖြစ် မျှဝေဖြစ်လား တစ်ခြား ဝက်ဆိုက်တွေ ဘလော့တွေ မှာရော မျှဝေဖြစ် တင်ပေးဖြစ်လား ?

အရင်ကတော့ အခြားဆိုဒ်တွေမှာပါ (Ning Sites) မျှဝေပါတယ် အခုလည်း အားရင် အားသလို မျှဝေပါတယ်ခ ဘာလို့လည်း ဆိုတော့ ကျွန်တော်က Ning Sites ကနေ ဘလော့ ကိုကူးပြောင်းလာသူဆိုတော့ Ning Sites ကို သံယောဇဉ် မပျက်သေးပါဘူး အားတဲ့ အခါတိုင်း ပြန်လည် မျှဝေပါတယ်။

မေး = အစ်ကိုရဲ့ ပညာအချင်း နဲ့ အလုပ်အကိုင် နေရပ်လိပ်စာလေးကို ပြောပြပေးနိုင်မလား ?

ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော် 10 တန်း မအောင်ပါဘူး အဲဒီအတွက်လည်း စိတ်မပျက်ခဲ့ပါဘူး မိသားစု အခြေကြောင့် ပြန်ဖြေချင်ပေမယ့်လည်း မဖြေခဲ့ရတဲ့အတွက် ၀မ်းလည်းမနည်းခဲ့ပါဘူး။ အခုကျွန်တော် ပန်းထိမ်လုပ်ပါတယ်။ အမေဆိုင်မှာ ရွှေလည်းဝိုင်းရောင်းပါတယ်။ ကျွန်တော် ဘွဲ့မရပေမယ့် ကျွန်တော်မှာ ကိုယ်ပိုင် လုပ်ငန်းရှိတဲ့ မသိမ်ငယ်ခဲ့ပါဘူး နေတာကတော့ မြန်မာနိုင်ငံ တောင်ဘက် အစွန်ဆုံးပိုင်း နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာနေပါတယ် လမ်းကြုံတဲ့အခါလည်း ကော့သောင်းမြို့ ဈေးထဲက ရွှေဇင်ဦး ရွှေဆိုင်ကို လာလည်ပါ လို့ ဖိတ်ခေါ်ပါတယ်။

မေး= ဘလော့ရေးသူ ဘလော့ဂါ တစ်ယောက်အနေနဲ့ ၁၅၀၀ အချစ်နဲ့ ပက်သက်ပြီး ဘယ်လို ခံယူ နားလည်ထားတာလဲ ?

အဲဒါကတော့ ပြောရခက်တယ်ဗျ တစ်ယောက်နဲ့ တစ်ယောက်က အမြင်ချင်းမတူကြဘူးလေ ကျယ်ပြန့်တယ် ကျွန်တော်က ဘယ်လို နားလည်ထားလည်းဆိုတော့ တစ်ယောက်ကို တစ်ယောက် အားပေးမှုတွေ နားလည်မှုတွေနဲ့ အချစ်ကို တည်ဆောက်ရတယ် လို့ထင်ပါတယ်။

မေး = ကိုအမျိုးကောင်းသားရဲ့ စာဖတ်ပရိတ်များက အစ်ကိုရဲ့ အချစ်ရေး/အိမ်ထောင်ရေး အကြောင်း စိတ်ဝင်စားနေကြတယ်။ ဘယ်လိုပြန်ပြောပေးရမလဲ ?

အင်း ... ကျွန်တော်မှာ လက်ထပ်ဖို့ ရည်ရွှယ်ထားတဲ့ မိန်းကလေးရှိပါတယ်။ ကျွန်တော် သူနဲ့ဘဲ လက်ထပ်မှာပါ ။ ကျွန်တော် မိဘကတည်း သဘောတူပါတယ်။ သူက ကျွန်တော် အပေါ် အရမ်းနားလည် ပေးတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော်လည်း သူ့ကို အရမ်းချစ်ပါတယ်။

မေး = အစ်ကို နားလည်ထားတဲ့ မိသားစု ချစ်ချင်း သံယောဇဉ် ၅၂၈ အကြောင်းလေးကို ဖြေပေးပါဦး။

ကျွန်တော်က တော့ ကျွန်တော် အမြင်နဲ့ဘဲ ပြောရမယ်ဆိုရင် ကြီးသူကိုရိုသေပြီး ရွှယ်သူကိုလေးစား ငယ်သူကို သနား အဲဒါတွေက သူငယ်ချင်းမိတ်ဆွေတွေမှ မဟုတ်ပါဘူး မောင်နှမတွေ အထဲမှာလည်း အဲလိုဘဲ စိတ်ထားရပါတယ်။ ဒါမှ မောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ် ခင်ခင်ဖြစ်နေမှာပါ ကျွန်တော်တို့မှာ မောင်နှမတွေလည်း တစ်ယောက်ကို တစ်ယောက် လေးစားပါတယ်။ ကျွန်တော်တို့မိသားစုက တစ်ယောက်ကိုတစ်ယောက် အပြန်လှန် လေးစားမှုတွေနဲ့ ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော် ပြောချင်တာက ကိုယ် မောင်နှမထဲမှာ အကြီးဆိုပြီးတော့ အငယ်တွေကို အနိုင်မယူပါနဲ့ ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါလို့ ပြောချင်ပါတယ်။


မေး = အစ်ကိုရဲ့ ဘဝမှာပေါ့နော် ... အစ်ကိုဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုက ဘာလေး ဖြစ်နိုင်မလဲ ?

ကျွန်တော်ဖြစ်ချင် တာတော့ ကိုယ်မိသားစုနဲ့ ဘ၀ကို အဆင်ပြေပြေ နဲ့ ရိုးရိုး ရှင်းရှင်းဘဲ ဖြတ်သန်းချင်ပါတယ်။ ဒါပေမယ် ဘ၀ဆိုတာကို ကိုယ်ဖြစ် ချင်တိုင်းဖြစ်ဖို့ မလွယ်ဘူးလေ ဒါပေမယ့် ကျွန်တော် ဖြစ်တဲ့ဟာ ဘ၀ နေချင်တဲ့ ဘ၀ကို ရောက်အောင် ကြိုးစားမှာပါ။

မေး = ကိုအမျိုးကောင်းသားရဲ့ ဘလော့လေးကို လေလာနေသူ စာဖတ်ပရိတ်အားလုံးအတွက် အစ်ကို ဘာများပြောချင်လဲ ?

မေး = အစ်ကိုက နည်းပညာပိုင်းကို အများအတွက် အကျိုးပြုနေတယ် ဆိုတော့ လေ့လာဆဲ လူငယ်တွေ အတွက် အစ်ကိုရဲ့ ဘလော့လိပ်စာလေးနဲ့ ဆက်သွယ်လို့ ရနိုင်မယ့် အီးမေးအကောင့်လေး ကို ပေးပါဦး။

ကျွန်တော် ဘလော့လိပ်စာကတော့ http://www.amyokaungtarr.com/ ဖြစ်ပါတယ် ကျွန်တော်ကို ဆက်သွယ် ချင်တယ်ဆိုရင် flowerboy100@gmail.com အမြဲရှိပါတယ်။ လိုအပ်တာတွေ တောင်းဆို ချင်တာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အခက်အခဲတွေကို အကူအညီ တောင်းချင်ရင်ပဲ ဖြစ်ဖြစ် အချိန်မရွေး တောင်းဆိုနိုင်ပါတယ်။

အခုလို အင်တာဗျုး မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးသော ဘလော့ကာ ကိုအမျိုးကောင်းသား ဒီထက်ပိုပြီး နည်းပညာဆိုင်ရာ အကြောင်းများကို လူငယ်တွေ အတွက် မျှဝေနိုင်ပြီး အောင်မြင်သော ဘလော့ကာ လေးအဖြစ် ဆော့ဝဲလ်များဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများကို တစ်ထောင့် တစ်နေရာကနေ အများအကျိုး အတွက် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ .... ကျွန်တော်ကို လည်း မအားတဲ့ကြားက အချိန်ပေးပြီး မေးမြန်းတဲ့အတွက် Online Radio Media (Malaysia)မှ ညီလေး ဘလော့ကာ နေဇော်လင်းကို လည်း အထူးကျေးဇူးတင်ပါတယ်။



ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေပြီ။ နည်းပညာ လေ့လာနေတဲ့ သူတွေ အားလုံးအတွက် ဘလော့ကာ ကိုအမျိုးကောင်းသား http://www.amyokaungtarr.com/ မှာ အသေးစိပ် ဆော့ဝဲလ်များ နည်းပညာများကို ကိုယ်တိုင် သွားရောက် လေ့လာနိုင်ပါတယ် ဆိုတာ အသိပေး ပြောကြားရင်း ဒီလအတွက် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ခင်ဗျာ။



နောက်ထပ် ဘလော့ကာ မိန်းကလေး ထဲက ကိုယ်တိုင်ရေး ရသ စာပေ စာရေးသူ တစ်ယောက်ကို ရွေးထားပါတယ်။ စာဖတ်သူများ ဘယ်သူဖြစ်နိုင်မလဲ ? ခန့်မှန်းကြည့်ရအောင် နောက် တစ်ပတ်မှာ ပြန်ဆုံမယ်နော် .... ကျေးဇူးတင်ပါတယ်။



နေဇော်လင်း

( မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

24 Hours' Live Online Radio Media (Malaysia)

Wednesday, 25 April 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး

မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိပ် အချက်အလက်များ သိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မှီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့ကြီးအား တည်ထောင်ထားပြီး စတင်တည်ထောင်ပြီး မကြာမီ အချိန်တွင် နာရေးကိစ္စများ ၊ လိုအပ်သော ပရဟိတကိစ္စများ နှင့် သွေးလှူဒါန်းကိစ္စများကို ကူညီလုပ်ဆောင်လျက် ရှိပါသည်။

ပထမအကြိမ် ၊ ဒုတိယအကြိမ်များကို လုပ်ဆောင်လှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး အင်တာဗျုးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။ အင်တာဗျူး မေးမြန်းမှုများကို အသေးစိပ်ဖတ်နိုင်ရန် အောက်ပါပုံလေးပေါ်တွင် တစ်ချက်နှိပ်၍ ဖတ်နိုင်ပါသည်။

http://api.ning.com/files/T6RCS6czGyK5oLrnJ0n8emRi-HxRh3jeHoAHQ9Lr6-1TTJTbCkaXQ8dkHtpJStzvICsDq0e4oS6mIczC*81hwWK2oJyiiVvf/nayzawlin111.gif

Sunday, 11 March 2012

မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ပထမအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ

၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာ မှ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများကို တင်ပြနိုင်ဖို့ အတွက် ကိုယ်တိုင် သွားရောက် သတင်း ရယူ၍ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါသည်။



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို စတင်ဖွဲ့စည်း ဖြစ်ပေါ်လာဖြစ်ခဲ့ ပုံလေးကို မေးမြန်း ကြည့်တဲ့ အ ခါ .... .....






ကျွန်တော်တို့ ဒီအသင်းလေး စတင်ဖြစ် ပေါ်လာတာကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ မိတ်ဆွေ လူနာတစ်ဦးဟာ ဆေးရုံ တင်ထားရပါတယ်။ အဲဒီ မိတ်ဆွေလူနာမှာ အရေးကြီးခွဲစိတ်မှု ခံယူရတဲ့ အခါမှာ အင်မတန်မှ သူ့အတွက် အရေးကြီးတစ်ကြီး လိုအပ်နေတဲ့ သွေးကို ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးမှ သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။



အဲလို လှူဒါန်းပြီးတဲ့ အချိန်မှာ ဒီလူနာဟာလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပါတယ်။ သွေးလှူခဲ့တဲ့ အတွက် ကျွန်တော်တို့ အဖွဲ့သားများက အားလုံးပဲ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အဲလို ဝမ်းသာပီတိ ဖြစ်ခဲ့ပြီးတော့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ နာရေးကူညီမှု အသင်းကြီးရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် မြန်မာနိုင်ငံ ပရဟိတ လုပ်ငန်းများနဲ့ လူမှုရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျှက်ရှိတဲ့ စာရေး ဆရာမကြီး ဒေါ်သန်းမြင့်အောင် မှ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့နဲ့ ပီနန်မြို့တွေမှာ စာပေဟောပြောပွဲ အတွက် ရောက်ရှိခဲ့ပါတယ်။




ဒီလို ရောက်ရှိတဲ့ အချိန်မှာလည်း ဆရာမကြီးက ဘာလုပ်လဲ ဆိုလို့ရှိရင် .... ကျွန်တော်တို့ ဘာလုပ်ဖြစ်လဲ ဆိုရင် စာပေဟောပြောပွဲကို ကြွရောက်လာတဲ့ စာပေဝါသနာရှင်တွေ စာပေ အနုပညာ ရှင်တွေ အားလုံးကို ဆရာမကြီး မေတ္တာ ရပ်ခံတာက တစ်ခြားပရဟိတ လုပ်ငန်း အဖွဲ့အစည်းတွေ ရှိတယ်။ အခုလိုအပ်နေတာက သွေးလှူရှင် အဖွဲ့တွေ လိုအပ်နေတာ သူတွေ့ရတယ်ပေါ့လေ ... အဲအတွက်ကြောင့်မို့ သွေးလှူရှင် အဖွဲ့လေး ဖွဲ့စည်းဖို့ ဆိုပြီးတော့ စာပေဟောပြောပွဲ နေ့လေးမှာ ပီနန်မြို့မှာရော ကွာလာလမ်ပူ မြို့မှာရော ပြောကြားခဲ့ပါတယ်။



အဲဒီအချိန်မှာ ကျွန်တော်တို့လည်း အရမ်းဝမ်းသာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သား တွေကလည်း သွေးလှုရှင်များ အဖွဲ့လေးကို ဖွဲ့စည်းချင်နေတဲ့ အချိန်လေး ဖြစ်ပါတယ်။ ဆရာမကြီးက ပြောလိုက်တာနဲ့ သွားဆုံတဲ့ အခါကျတော့ စာပေဟောပြောပွဲ တွေ ပီးသွားပြီး ဆရာမကြီး ပြန်လည် မထွက်ခွာ ခင်မှာ ဆရာမကြီးနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင် ပြီးတော့မှ ဒီအဖွဲ့လေးကို ဖွဲ့စည်းဖို့အတွက် ဆရာမကြီးနဲ့ တိုင်ပင်ပြီးတော့မှ အကြံညဏ်လေး တောင်းခံ ခဲ့ပါတယ်။



ဆရာမကြီးကလည်း ဒီအဖွဲ့လေး ဖွဲ့စည်းဖို့ အတွက်ကို အကြံကောင်း ညဏ်ကောင်းလေးတွေ ပေးအပ်ပြီးတော့မှ မြန်မာနိုင်ငံကို ပြန်သွားပါတယ်။ ဆရာမကြီး ပြန်သွားပြီး ရက်ပေါင်း ၂၃ ရက်အကြာမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျွန်တော်တို့က သူနာပြု ဆရာမကြီး ဒေါ်အေးအေးစိန် ရဲ့နေအိမ်မှာပေါ့နော် ... ကျွန်တော်တို့ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို ဖွဲ့စည်းခဲ့ပါတယ်။



ဒီလို ဖွဲ့စည်းပြီးတော့မှ ကျွန်တော်တို့ ဆရာမ သန်းမြင့်အောင် ကို အကြောင်းကြား ခဲ့ပါတယ်။ အဲလို အကြောင်းကြားတဲ့ အခါမှာ ဆရာမကြီးက အရမ်းကို ဝမ်းသားပြီးတော့မှ ကျွန်တော်တို့ အဖွဲ့ကို နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဆိုပြီး နာမည်လေး ပေးခဲ့ပြီးတော့မှ ကျွန်တော်တို့ အဖွဲ့လေးကို ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။



ဒီနေ့ လုပ်ဖြစ်တဲ့ ပထမအကြိမ် သွေးလှူပွဲကြီးနဲ့ ပက်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့





ဒီနေ့လုပ်ဖြစ်တဲ့ ပွဲလေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က အတိုင်းမသိ အရမ်းပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ယူနီဖာစတီ ဆေးရုံမှာ ပေါ့နော် .... ပထမဦးဆုံး အကြိမ် သွေးလှူဒါန်းမှု အတွက်ကို ကျွန်တော်တို့က လူအယောက် ၃၀ နဲ့ ကြိုတင်ပြင် ဆင်ထားခဲ့ပါတယ်။



ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကလည်း လှူတဲ့နေရာမှာတော့ ဘယ်သူမှ လိုက်လို့ မမှီပါဘူး။ သွေးလှူပွဲ့ လုပ်မယ်လို့ ကြေငြာလိုက်ရော စာစောင်ထဲ ကြေငြာလိုက်တာနဲ့ တစ်ခါတည်း အယောက် ၆၀ အထိ ဖြစ်သွားပါတယ်။ အခု ဒီနေ့ အခမ်းအနား ကျင်းပနေတဲ့ အချိန်မှာ သွေးလှူဖို့ စရင်းပေးတဲ့ သူတွေဟာ အယောက် ၁၃၀ အထိ ဖြစ်နေပါတယ်။



သူတို့ရဲ့ သွေးလှုတဲ့ စိတ်ဓာတ် လေးတွေပေါ့ ။ သွေးတောင်မှ လှူချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ မြင်ရတွေ့ရတယ်။ အရမ်းကို အားရဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ အခမ်းအနား ကျင်းပတဲ့ အခန်းကြီးတောင် ပြည့်လျှံပြီးတော့ အပြင်ထိတောင် ထွက်ထိုင် ရတဲ့ အနေ အထားမျိုးထိ ရောက်သွားပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ သွေးလှူရှင်များ အဖွဲ့က အင်မတန် ဝမ်းသာ ကြည်နူးဖြစ်မိ ပါကြောင်း ကျွန်တော် ပြောချင်ပါတယ် လို့ .... ကိုစိုးဝင်း မှ ဖြေကြား ပေးသွားခဲ့ပါတယ်။



လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....

၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့မှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။



ဆက်လက်၍ မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့လေးအား အသေးစိမ် အင်တာဗျုး မေးမြန်းချက် အစီအစဉ်လေးကို ကျွန်တော် အဆင်ပြေတဲ့ အချိန်လေးမှာ ထပ်မံတွေ့ဆုံပြီး အင်တာဗျုး သီးသန့် တင်ဆက် ပေးသွားမှာပါ။

http://api.ning.com/files/7uFtMgQpQgirjBycvVHiGVEB5S8huuUjvOdKEFsRn5yfP0ETGxer9jJhgHlgA6*qKNbuEUkMNfCgB0w4hMbtXaC01NivGuva/nay124.gif

အင်တာဗျုး ဖြေကြားချက်များကို စာနဲ့ ဖြစ်စေ ကျွန်တော်ရဲ့ မလေးရှား အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ဖြစ်စေ စောင့်မျှော် အားပေးကြပါလို့ အသိပေး ပြောကြားလိုက်ပါတယ် ခင်ဗျာ။




Thursday, 23 February 2012

မလေးရှားနိုင်ငံ ပီနန်မြို့မှ သုခကာရီ ပရဟိတ အသင်းလေး နှင့် အင်တာဗျူး အစီအစဉ်



အဝေးရောက် မလေးမြေမှာ အလုပ် လုပ်ကိုင်ရင်း တစ်ဖက်က ပရဟိတ ကိစ္စလေးတွေ တစ်ဖက် တစ်လမ်းက အားတက်သရော လုပ်ဆောင်နေပြီး လူငယ်အသင်းလေး တစ်ခု ဖြစ်တဲ့ မလေးရှားနိုင်ငံ ပီနန်မြို့ နာဂါဆာရီ ရပ်ကွက်ရှိ သုခကာရီ အသင်းလေးအား စာဖတ်သူများကို တင်ပြနိုင်ဖို့ အတွက် ကျွန်တော် ပီနန်မြို့သို့ သွားရောက်ပြီး သုခကာရီ အသင်း ခေါင်းဆောင်များနဲ့ အခုလို သိချင်တာလေးတွေကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။



မေး = သုခကာရီ အသင်းလေးကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော နေ့ရက်လေးကို သိပါရစေ ... ဒီမေးခွန်းကိုတော့ သုခကာရီအသင်း ဥက္ကဌ ဖြစ်တဲ့ ကိုအောင်အောင် မှ ဖြေကြားပေးလိုပါတယ်။

ကျွန်တော်တို့ရဲ့ သုခကာရီ ၂၀၁၁ ခုနှစ် ၄ လပိုင်း ၁၄ ရက်နေ့မှာ စတင်ဖြစ် တည်ထောင်ဖြစ်ခဲ့ပါတယ်။

မေး = အသင်းလေးကို တည်ထောင်ပြီးသွားပြီးဆိုတော့ အသင်းလေးရဲ့ ရည်ရွှယ်ချက် ဦးတည်ချက် တွေကိုလည်း ပြောပြပေးပါဦး ...

ကျွန်တော်တို့ အသင်းလေးရဲ့ ရည်ရွှယ်ချက်လေးတွေကတော့

၁ ။ မြန်မာလူငယ်များတွင် ဘာသာရေး စိတ်ဓါတ်/ဘာသာရေး အသိမြင်ပိုမိုရင့်သန် လာစေရန်

၂ ။ လူငယ်များတွင် အများကျိုးသယ်ပိုးတက်သည့် ပရဟိတ စိတ်ဓါတ်ပိုမိုရှင်သန် လာစေရန်

၃ ။ မြန်မာ လူငယ်များအချင်းချင်း ရင်းနှီးချစ်ခင်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲ လာစေရန်

၎ ။ မိမိတို့၏ လုပ်အားခ လစာငွေဖြင့် ကောင်းမှု ကုသိုလ်တစ်ခုကို လစဉ်ပုံမှန် ပြုလုပ်သွားနိုင်ရန်

၅ ။ မြန်မာပြည်ရှိ မိဘမဲ့ ကလေးငယ်များ၏ ဘ၀ကို စာနာနားလည်တက်စေရန် နှင့် ထို ကလေးငယ်များအတွက် တက်အားသမျှ ကူညီထောက်ပံ့သွားနိုင်ရန်

၆ ။ မလေးရှားနိုင်ငံတွင်းရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများ နှင့် ဗုဒွဘာသာ နေ့ထူးနေ့မြတ်များတွင် ကုသိုလ်ဖြစ်လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပါဝင် လုပ်ကိုင်သွားနိုင်ရန်

၇ ။ မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်းမာရေးချို့ တဲ့ပြီး အတိဒုက္ခ ရောက်နေသော ရွှေညီအစ်ကို မောင်နှမများကို တစ်ဖက်တစ်လမ်းမှ အကူညီပေး သွားနိုင်ရန်

အထက်ဖော်ပြပါ ရည်ရွယ်ချက် ( ၇ ) ချက်ဖြင့် သုခကာရီအသင်းကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။

မေး = အသင်းလေးကို လူဦးရေ ဘယ်လောက်နဲ့ လုပ်ဆောင်ဖြစ်လဲ ?

ဟုတ် .... ၂၀၀ ကျော် လောက်ရှိပါတယ်။



မေး = သုခကာရီ အသင်းလေးရဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စာဖတ်သူများကို သိအောင် ဖြေကြားပေးပါဦး ... ဒီမေးခွန်းကိုတော့ အသင်းတာဝန်ခံ ၂ ဖြစ်တဲ့ ကိုမြင့်လွင် မှ ဖြေကြားပေးပါ ခင်ဗျာ။

ကျွန်တော်တို့ အသင်းလေးကို စတည်ဖွဲ့ စည်းပြီး အချိန်မှာ ၂၀၁၁ ၊ ၄ လ ပိုင်း သင်္ကြန်ရောက်တဲ့အချိန်မှာ ပီနန် ဘုန်းကြီး ကျောင်းမှာ စတုဒီသာ အလှူလုပ်ဖြစ်ပါတယ်။

ပြီးတော့ ဝါဆိုလ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က လူငယ်တွေနဲ့ ဝါဆိုသင်္ကန်းကပ်တဲ့ အလှူကိစ္စများကို လုပ်ဆောင်ဖြစ်ပါတယ်။ ပြီးတော့ တန်ဆောင်မုန်းလ

ရောက်ရင် အားလုံးစုပေါင်းပြီးတော့ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

ပြီးတော့ တရုပ်နှစ်သစ်ကူးမှာဆိုရင် တရားစခန်း ဝင်သူတွေ ပြီးတော့ ဒုလ္လဘ ရဟန်းခံပေးခြင်း စတဲ့ အလှူကိစ္စတွေကို စေတနာ တက်သန်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။

ပရဟိတ ကိစ္စတွေ မှာဆိုရင် အခု စနေ ၊ တနင်္ဂနွေ နေ့လို အလုပ်အားတဲ့ ရက်တွေမှာ ကျွန်တော်တို့ အသင်းရဲ့လူငယ်တွေနဲ့ ရပ်ကွက်ထဲက အိမ်တွေမှာ အန္တရာယ်ကင်း

ပရိတ် လိုက်ရွက်ပေးတာတွေ ရှိပါတယ်။ ပြီးတော့ သာရေး ၊ နာရေး ကိစ္စတွေ ကျန်းမာရေးနဲ့ ပက်သက်တဲ့ကိစ္စတွေကို တတ်နိုင်သလောက် ငွေအား လူအားနဲ့ ကူညီလုပ်ဆောင်ပေးဖြစ်ပါတယ်။

ပြီးတော့ အခါကြီး ရက်ကြီးလို နေ့ရက်တွေမှာဆိုရင် လုပ်အားဒါန လုပ်ဆောင်တာတွေ ဝတ်ရွတ်တာတွေ လုပ်ဆောင်ဖြစ်ပါတယ်။ မြန်မာပြည် ကိစ္စတွေမှာဆိုရင်

မိဘမဲ့ ကလေးကိုတွေ ပညာရေးကိစ္စတွေမှာ လှူဒါန်းဖြစ်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ လှူဒါန်းဖြစ်တဲ့ နေရာကတော့ မှော်ဘီမြို့နယ်ရှိ မြောင်းတကာကျောင်းရှိ မိဘမဲ့ ကလေးတွေအတွက် တစ်လတစ်ခါ လှူဒါန်းဖြစ်ပါတယ်။

မေး = သုခကာရီ ဆိုတဲ့ ပရဟိတ လုပ်ဆောင်တဲ့ နာမည်လေးကို ဘယ်လိုစိတ်ကူးလေးနဲ့ ရွေးချယ် ပေးဖြစ်လဲ ?

ဒီနာမည်လေးကို ပေးဖြစ်တာကတော့ ကျွန်တော်တို့ ဗုဒ္ဒဘာသာတွေဆိုတော့ သုခ ဆိုတာက ချမ်းသာခြင်း + ကာရီ ဆိုတာက အလုပ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဆိုတဲ့ စကားက ကောင်းတဲ့ အလုပ်ပေါ့ ..... ဒီလို အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် သုခကာရီဆိုတဲ့ အမည်လေးကို ပေးဖြစ်ပါတယ်။

မေး = အလှူကိစ္စ ပရဟိတတွေကို ရှေ့ဆက်လုပ်ကိုင်နိုင်ဖို့ အတွက် ရန်ပုံငွေ (မတည်ငွေ) များကို ဘယ်လို စီစဉ်ဆောင်ရွက်ထားလဲ ?

အလှူကိစ္စ ပရဟိတတွေကို ရှေ့ဆက် လုပ်ကိုင်နိုင်ဖို့ အတွက် အသင်းဝင်ထားတဲ့ လူငယ်တွေဆီက လစဉ် အလှူငွေ တစ်ယောက်ကို ၅ ကျပ်နှုန်း သတ်မှတ် ကောက်ခံပါတယ်။ အသင်းလေးအတွက် တစ်ခြား ရန်ပုံတွေရှာတာတို့ ထူးထူးထွေထွေ သိပ်မလုပ်ဖြစ်ပါဘူး။ ကျွန်တော်တို့အားလုံးက အလုပ်တစ်ဖက်နဲ့ ဆိုတော့ သိပ်အဆင် မပြေတာတွေ ရှိပါတယ်။ ဒါပေမဲ့ အချိန်ရရင်တော့ လုပ်ဆောင်ဖြစ်မှာပါ။

မေး = သုခကာရီ အသင်းလေးကို ဦးစီး ဦးဆောင်နေတဲ့ နာမည်လေးတွေကို ပြောပြပေးပါဦး ...

ကျွန်တော်တို့ အသင်းလေးကို ဥက္ကဌ တာဝန်ယူပြီး ဦးဆောင်နေတာကတော ကျွန်တော် အောင်အောင် ဖြစ်ပါတယ်။

တာဝန်ခံ - ၁ ကတော့ ကိုကျော်စွာဝင်း
တာဝန်ခံ -၂ ကတော့ ကိုမြင့်လွင်
တာဝန်ခံ - ၃ ကတော့ မချို
တာဝန်ခံ - ၄ ကတော့ မမော်လီ တို့ဖြစ်ပါတယ်။



မေး = ယခုလက်ရှိ ပရဟိတ ကိစ္စတွေ ကူညီပေး ဖြစ်ခဲ့ပုံလေးပေါ့ တစ်ခုခု ဖြေကြားစေလိုပါတယ်။

ကျွန်တော်တို့ အသင်းလေးက ဘာသာရေး လူမှုရေးကိစ္စတွေကို အတတ်နိုင်ဆုံး ပါဝင် လုပ်ဆောင် ကူညီပေးပါတယ်။ အခု မကြာသေးမီ အချိန်က ဘီအမ် ဖားအောက်တောရကျောင်းမှာ ကျောင်းဆောက်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ သုခကာရီ အသင်းလေးမှ သွားရောက်ပြီး အလှူငွေ လှူဒါန်းခြင်း လုပ်အားဒါန လုပ်ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းလေးမှ မလေးရှား ရင်းဂစ် ၈၀၀၀ ကျော်လှူဒါန်းခဲ့ပါတယ်။

မေး = ပရဟိတ ဆိုတာ အများနဲ့ လုပ်ဆောင်တဲ့ အလုပ်တစ်ခုလို့ ကျွန်တော် နားလည်ထားပါတယ်။ ဆိုတော့ အသင်းဝင် လူတွေအများနဲ့ အဆင်ပြေအောင် သူတို့စိတ်ကျေနပ်မှုရှိအောင် အစ်တို့က တာဝန်ယူ လုပ်ဆောင်နေတဲ့ ဦးစီး ဦးဆောင် လူကြီးတစ်ယောက် အနေနဲ့ ဘယ်လို အရာတွေကို သည်းခံနားလည်ပေးပြီး
လုပ်ဆောင်ဖြစ်သလဲ ? ဆက်လက်ပြီး တာဝန်ခံ - ၄ ကတော့ မမော်လီ မှ ဖြေကြားပေးပါ ခင်ဗျာ။

မင်္ဂလာပါရှင် .... ကျွန်မတို့ရဲ့ အလုပ်က အများနဲ့လုပ်ဆောင်ရတာပါ။ ငွေကြေး အလှူငွေ ကိစ္စတွေမှာ တစ်လ တစ်ခါ ရှင်းတမ်း အနေနဲ့ လူအများ မြင်သာတဲ့ မြန်မာဆိုင်တွေမှာ စာရွှက်တွေ လိုက်လံဖြန့်ဝေပေးပါတယ်။ ပြီးတော့ အသင်းဝင် လူငယ်တွေရဲ့ စိတ်ကျေနပ်မှုရအောင် အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။ လူအများနဲ့ လုပ်ဆောင်ရတယ် ဆိုတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့လို ဦးစီး ဦးဆောင်လုပ်တဲ့ လူတွေက သူတို့ အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။ အားလုံးကိုပေါ့။

မေး = ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိသလဲ ဆိုတာ အွန်လိုင်း ရေဒီယို ပရိသတ်များနဲ့ စာဖတ်သူများ သိအောင် ဖြေကြားပေးပါဦး ...

ရှေ့ဆက် ကျွန်တော်တို့ အသင်းလေးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။

မေး = မလေးရှားရောက် မြန်မာများအတွက် တစ်ခုခု ပြောပေးပါဦး ?

ဟုတ်ကဲ့ ... မလေးရှားရောက် မြန်မာများ အားလုံးပေါ့ ... ကိုယ်ရောက်ရှိနေတဲ့ နေရာကနေ အမျိုးဘာသာ သာသနာကို တတ်နိုင်သရွှေ့ တစ်ထောင့်တစ် နေရာကနေ အကျိုးပြုနိုင်ကြပါစေလို့ ပြောကြားလိုပါတယ်။



မေး = သုခကာရီ အသင်းလေးကို ဆက်သွယ်နိုင်မဲ့ လိပ်စာလေးကိုလည်း အသင်းတာဝန်ခံ ကိုမြင့်လွင်မှ ဖြစ်တဲ့ ဖြေကြားပေးပါဦး ....

ဟုတ်ကဲ့ ... ကျွန်တော်တို့ရဲ့ သုခကာရီ အသင်းလေးကို ဆက်သွယ်မယ်ဆိုရင် LORONG 1 No (1) TAMAN NEGGASARI 13600 PRAI , PENANG , MALAYSAI နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်လေးတွေကို http://thukhakari.blogspot.com/ ဒီနေရာလေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဖုန်းနံပတ်ကတော့ ကိုအောင်အောင် - ၀၁၆ - ၅၀၅၂ ၂၇၁ - ကိုမြင့်လွင် - ၀၁၇ - ၅၈၉၁ ၃၀၉ နဲ့ အီးမေး kyawyaza1985@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။

အခုလို သိချင်တာ လေးတွေကို အချိန်ပေး ဖြေကြားပေးသော သုခကာရီ အသင်း ဥက္ကဌ ဖြစ်တဲ့ ကိုအောင်အောင် ၊ ကိုမြင့်လွင် ၊ မမော်လီ တို့အား ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ဆက်လက်၍ ပရဟိတကိစ္စတွေကို ရှေ့ဆက် အများအတွက် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ။

ဟုတ်ကဲ့ပါ ရှင် ... ကျွန်မတို့ရဲ့ သုခကာရီ အသင်းလေးကို အခုလို ပီနန်လာရောက်ပြီး အင်တာဗျူး လာရောက် မေးမြန်းပေးတဲ့ ကိုနေဇော်လင်း ကိုလည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်ကြောင်း ပြောကြားပါရစေ .... ရှင်....



အင်တာဗျူး လေးနဲ့ ဒီလောက်ပါပဲဗျာ ... မလေးရှားနိုင်ငံ ပီနန်ကိုရောက်တယ် ဆိုရင် သုခကာရီ အသင်းလေးနဲ့ ပက်သက်ပြီး သွားရောက် လေ့လာ နိုင်ပါကြောင်း သုခကာရီ ပရဟိတ အသင်းလေးနဲ့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးရင်း ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာပဲ ရပ်နားလိုက်ပါတယ် ခင်ဗျား ....

အင်တာဗျူး အစီအစဉ် အသံဖိုင်အား ကျွန်တော်ရဲ့ ရေဒီယို အစီအစဉ်မှ မလေးစံတော်ချိန် တွင် အွန်လိုင်းမှ ထုပ်လွင့်ပါမည်။ ၂၂ ရက်နေ့တွင် ည ၉ နာ၇ီခွဲ ၂၆ ရက်နေ့တွင် ည ၁၂ နာရီတွင် ထုပ်လွင့်ပေးပါမည် ဖြစ်ပါ၍ အွန်လိုင်းမှ တိုက်ရိုက် နားဆင်နိုင်ပါသည်။


အွန်လိုင်းရေဒီယို လိပ်စာ
http://nayzawlin1music.listen2myradio.com/


http://www.nayzawlin.com/search/label/Interview

Malaysia News Information & Online Radio Blogger

Wednesday, 11 January 2012

ဘလော့ကာ Junemoe (ဂျွန်မိုး) နှင့် အင်တာဗျူး (http://june-moe.blogspot.com/)



စာဖတ်သူများ အားလုံး မင်္ဂလာပါ ခင်ဗျာ ... ဒီတစ်ခါ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများကို သုတ ရသ စာပေ တွေအကြောင်း ရေးသားနေတဲ့ ဘလော့ကာ အစ်မ တစ်ယောက်ဖြစ်တဲ့ junemoe နဲ့ မိတ်ဆက် ပေးချင်ပါတယ်။

စာရေးသူ အများစုဟာ သူတို့ဖြတ်သန်းရတဲ့ ဘဝ အတွေ့အကြုံလေးတွေကို သူတစ်ပါး သိအောင် သူတို့ရဲ့ ခံစားချက်လေး တွေကို စာသားလေး အဖြစ် ပြောင်းလဲ ရေးသားကြပါတယ်။ ဘလော့ကာ အစ်မ junemoe ရဲ့အကြောင်း လေးတွေကို ပြည့်ပြည့်စုံစုံ သိနိုင်ဖို့ ဒီလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မင်္ဂလာပါ အစ်မ ...

မေး = အစ်မက ဘလော့လေး လုပ်ပြီး စာရေးတယ်ဆိုတော့ အစ်မရဲ့ နာမည်အရင်းနဲ့ ကလောင် နာမည်ကို သိရပါစေ။

နာမည်အရင်းက မနုနုဝင်း၊ ကလောင်နာမည်က Junemoe(ဂျွန်မိုး) ပါ။

မေး = Junemoe(ဂျွန်မိုး) ဆိုတဲ့ နာမည်လေးကို ဘယ်လို စိတ်ကူးလေးနဲ့ ပေးဖြစ်သွားတာလဲ ...

ဂျွန်မိုး ဆိုတာကို ပေးဖြစ်တာက အမက ဇွန်လ မှာ မွေးတာပါ။ မေးလ်အကောင့်ဖွင့်တော့ ဘာပေးရမယ်မသိ တော်တော် စဉ်းစားရတယ်။ နောက်ဆုံး မွေးတဲ့လ june နဲ့ မွေးတာကလည်း မိုးတွင်းအစ ဆိုတော့ junemoe လို့ပေးဖြစ်လိုက်တာ။ အဲ့အချိန်တုန်းက ဂျူမုံ ကားလာနေတယ်လေ။ သူငယ်ချင်းတွေကတောင် ဂျူမုံ လို့ ပေးလိုက်ပါလားလို့ စကြသေးတယ်။ junemoe ဆိုတာလေး နှစ်သက်မိလို့ စာရေးတော့လည်း ကလောင်ကို ထွေထွေ ထူးထူး မစဉ်းစားတော့ပဲ ရွေးလိုက်တာပါ။



မေး = အစ်မက အခုဆို ဘလော့လေးတစ်ခု တည်ထောင်ပြီးတော့ ကိုယ်ပိုင် သုတရသ စာပေတွေကို ရေးသားမျှဝေနေတယ် ဆိုတော့ ဘယ်တုန်းက စာပေတွေအကြောင်း စတင်ရေးသားလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။

စာပေအနေနဲ့ စိတ်ဝင်တစားရေးဖြစ်တာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၁ ကမှပါ။ ငယ်ငယ်တုန်းကတော့ ကဗျာလေးတွေ ရေးဖြစ်တယ်။ သတ်သတ်မှတ်မှတ်ရေးတာမဟုတ်ပဲ ၀ါသနာပါလို့ ရေးတာမျိုးပေါ့။ အခုတော့ စာပေအနှစ်သာရလေးတွေ ခံစားမိပြီး ရေးလာတာပါ။

မေး = အခု အစ်မရဲ့ ဘလော့လေးကိုရော ဘယ်တုန်းက စတင်ပြုလုပ်ပြီး စာပေတွေကို ရေးဖြစ်လဲ ?

ဘလော့ ကိုတော့ စက်တင်ဘာမှာ စလုပ်ခဲ့ပါတယ်။ အရင်တုန်း ကတော့ co.cc နဲ့ လုပ်ပြီးရေးနေတာပါ။ ဘလော့တွေ ပြန်ပွင့်တော့ ပြန်လုပ်ပြီး တစိုက် မတ်မတ် ရေးဖြစ်ခဲ့ပါတယ်။

မေး = အစ်မ ရေးသား မျှဝေနေတဲ့ သုတရသ စာပေတွေအထဲမှာ ဘယ်လို အကြောင်း အရာလေးတွေကို ဦးစားပေး ရေးသားဖြစ်လဲဆိုတာ သိပါရစေ ။

ဦးစားပေး အနေနဲ့တော့ မထားပါဘူး။ ကိုယ်ရေး ချင်တာလေးတွေ ဝေမျှချင်တာလေးတွေကို ရေးပါတယ်။ တကယ်တော့ အမက နည်းပညာပိုင်းတွေဆိုလည်း ဝေမျှချင်ပါတယ်။ အမ ဘလော့မှာ နည်းပညာပိုင်းဝေမျှမှု အားနည်း ပါသေးတယ်။ အများဆုံး ရေးဖြစ်တာကတော့ ရသ စာပေတွေပါ။ အခုနောက်ပိုင်း ကဗျာတွေ ပိုများပါတယ် ငယ်ငယ် ကတည်းက ကဗျာလေးတွေ ရေးလာတော့ ကဗျာရေးရတာကို ပိုနှစ်သက်မိလို့ပါ။

မေး = စာပေတွေအကြောင်း ရေးတဲ့ သူတော်တော်များများဟာ သူတို့ရဲ့ခံစားချက် (သို့) အတွေ့အကြုံ လေးတွေကို များသောအားဖြင့် ရေးကြတယ်လို့ သိရပါတယ်။ အစ်မရော ဘယ်လိုစိတ်ကူးမျိုးနဲ့ ခံစားပြီး ရေးသားဖြစ်လဲ ?

ဟုတ်ပါတယ် ။ စာရေးသူ အများစုဟာ ခံစားရေးကြတာပါ။ ခံစားရေးမှလည်း စာဟာအသက်ဝင်တာပါ။ စာတစ်ပုဒ် အသက်ဝင်ဖို့ဆိုတာ ရေးသူကိုယ်တိုင်ပါဝင်ခံစားမှု အတိုင်းအတာပေါ်လည်း မူတည်တယ်လို့ အမ ယူဆပါတယ်။ ခံစားရေးတဲ့နေရာမှာတော့ နှစ်မျိုးရှိတာပေါ့နော်။ ကိုယ့်ခံစားချက်အစစ်ကို ခံစားတာနဲ့ သူတစ်ပါးခံစားချက်ကို အငှားဝင် ခံစားရေးတာမျိုးပေါ့။ တခါတလေကျ စိတ်ကူးအတွေးတွေကို ခံစားမှုရောပြီး စာသားအဖြစ် ပုံဖော်တာ မျိုးလည်း ရှိပါတယ်။

မေး = အစ်မ ရေးသားတဲ့ စာပေ လေးတွေနဲ့ ပက်သက်ပြီး စာဖတ်သူ သိသွားတဲ့ ပိုစ့်မျိုးပေါ့ (သို့) နာမည်ရလာတဲ့ ပိုစ့်လေးရှိရင်အမှတ်တရ ပြောပြပေးပါလား ?

ဘလော့မှာတော့ အမစရေးတုန်းက စာဝင်ဖတ်သူ မရှိခဲ့ဘူး ။ နောက်တဖြည်းဖြည်းနဲ့ ဖတ်သူဝင်လာတယ်။ စာဖတ်သူ သိသွားတဲ့ ပို့စ်ဆိုပြီးတော့ သီးသန့်မရှိပါဘူး။ ဂျွန်မိုး ကလောင် နာမည်နဲ့တော့ ဘဝစာအုပ် ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ် ၂၀၁၂ ဇန်န၀ါရီမှာထုတ်တဲ့ Youth Magazine မှာ ပါလာပါတယ်။ ဒါလေးကတော့ အမအတွက် အမှတ်တရနဲ့ ပထမဆုံး မှတ်တိုင်လေးပေါ့နော်။

မေး = အစ်မ ကြိးစားလို့ အမှတ်တရ အနေနဲ့ စာအုပ်မှာ ပါလာတယ်ဆိုတော့ အစ်မရင်ထဲက တော်တော်လေး ပျော်နေမှာပဲဗျာ။ အစ်မအတွက် စာပေတွေ ထပ်ရေးဖို့ ခွန်အားတွေ ရှိလာတာပေါ့။ အစ်မရဲ့ ပီတီလေးတွေကို စာဖတ်သူများကို မျှဝေပေးပါလား။

ဟုတ်ကဲ့။ အတိုင်းမသိ ပျော်ရွှင်ကြည်နူးမိပါတယ်။ တကယ်မမျှော်လင့်ထားပါဘူး။ (၃)ပုဒ်ပို့ပြီး ၃ လကြာတဲ့အခါမှာ တစ်ပုဒ်ပါလာတော့ သူငယ်ချင်း ကတောင် ကံကောင်းတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားရေး သွားမှာပါ။ ကဗျာတွေ စာတွေနဲ့ ဘဝကို ငြိမ်းချမ်းခြင်းတွေ အပြည့် တည်ဆောက် သွားမှာပါ။

မေး = အခုဆို အွန်လိုင်းပေါ်မှာ ဘလော့တွေ တော်တော်များများ ရှိလာကြပါတယ်။ ဝါသနာ အမျိုးမျိုးနဲ့ သူတို့စိတ်ကူးလေးနဲ့ သူတို့ပေါ့ ... ဘလော့တွေ များလာတာနဲ့ ပက်သက်ပြီး အစ်မ အမြင်လေးကို သိပါရစေ။

အရမ်းကောင်းတာ ပေါ့နော်။ ဘလော့ဆိုတာ လည်းဆိုက်တစ်ခုပဲလေ။ ကိုယ်ပိုင် ဘလော့လေးတွေ တည်ဆောက်ပြီး မျှဝေရေးသားကြတယ်။ ဘလော့ဂါအချင်းချင်း စာတွေလိုက်ဖတ်ရင်း အသိပညာ၊ ဗဟုသုတတွေ လည်းရကြတယ်။ ရင်းနှီးမှုတွေလည်း တိုးပွားကြတယ်။ အပြင်မှာ မမြင်ဖူးပေမယ့် ဘလော့ပေါ်မှာ သိပ်ကို ရင်းနှီးလာကြတယ်။ စာအရေးအသား ကောင်းတဲ့ ဘလော့ဂါတွေ ဆီကနေလည်း အတုယူလေ့လာလို့ရတယ်။

အခုဆို ဘလော့ကို အမတို့ဆီမှာ ဖွင့်ပေးလိုက်ပြီဆိုတော့ မြန်မာပြည်က ဘလော့ရေးချင်တဲ့ လူငယ်တွေလည်း ကိုယ်ပိုင် ဘလော့လေးတွေ လုပ်လာကြတာတွေ့ရတယ်။ အွန်လိုင်းကို အကျိုးရှိရှိ သုံးစေနိုင်တဲ့ နည်းလမ်း တွေထဲမှာ ဘလော့ရေးခြင်းလည်းပါတယ်လို့ ယူဆပါတယ်။ ဒီ့ထက်လည်း ဘလော့ဂါတွေ တိုးပွားစေချင်ပါတယ်။



မေး = အစ်မရဲ့ ရေးသားတဲ့ သုတရသ စာပေပိုစ်လေးတွေနဲ့ ပက်သက်ပြီး ဒါမမဟုတ် အစ်မရဲ့ ဆိုက်လေးနဲ့ ပက်သက်ပြီး အမှတ်တရ တစ်ခုခုကို ပြောပြပေးပါဦး ...

အမှတ်တရပြောရမယ်ဆိုရင် စာပေကို တစိုက်မတ်မတ်ရေးချင်လာတာက မိုဘာဆိုက်ထဲ ၀င်ပြီးတော့ စတယ်လို့ ပြောရမှာပေါ့နော်။ ၀င်ဝင်ချင်းမှာ ရသပြိုင်ပွဲနဲ့တိုးတယ်။ ၀င်ပြိုင်ပါတယ်။ ဒါပေမယ့် ဘာဆုမှ မရခဲ့ပါဘူး။ တစ်ချို့အပတ်မှာ နှစ်သိမ့်အနေနဲ့ အမှတ်လေးတွေတော့ ရပါတယ်။

အဲဒီကနေ ဘလော့တွေပွင့်တော့ ကိုယ်ပိုင် ဘလော့လေးမှာ ကိုယ်ရေးထားတဲ့ ပို့စ်တွေတင်မယ် ဆိုပြီးလုပ်ပါတယ်။ ဒါပေမယ့် ဘလော့ အသစ်လုပ်တာ အဆင်မပြေလို့ သူငယ်ချင်း တစ်ယောက်ကို အကူအညီ တောင်းရပါတယ်။ အစက အမ ဘလော့နာမည်က http://june-moe.blogspot.com/ ပါ။ ပို့စ်တော်တော်များများတင်ပြီးတော့ အမသုံးတဲ့ မေးလ်က စိတ်မချရတာနဲ့ မေးလ်အသစ်နဲ့ အခု ဘလော့အသစ် ထပ်လုပ်ရပါတယ်။ တော်တော်လေးကို မောခဲ့ပါတယ်။ အဲဒါလေးတွေက အစ်မအတွက် အမှတ်တရ လေးပါပဲ ..

မေး = အစ်မ ဖတ်ဖြစ်တဲ့ စာအုပ်နဲ့ လေးစား အားကျတဲ့ စာရေးဆရာ စာရေးအဆရာမတွေကို ပြောပြပေးပါဦး ...

စာအုပ်ဆိုရင် အမ အစုံဖတ်ပါတယ်။ အစွဲထားပြီး ဖတ်လေ့မရှိပါဘူး။ အရင်ကတော့ ကဗျာနဲ့ပတ်သက်တာ အဖတ် နည်းခဲ့တော့ အခု ကဗျာပိုင်း စာအုပ်တွေလည်း ဖတ်နေပါတယ်။ လေးစားအားကျတာကတော့ စာရေးဆရာ၊ ဆရာမ အကုန်လုံးကိုပါပဲ။ တစ်ယောက်ချင်း ဆီကနေ မတူညီတဲ့ အတွေး၊ အမြင်နဲ့ ဗဟုသုတ၊ ရသတွေကို ရရှိတော့ တစ်မျိုးဆီ နှစ်သက် မိပါတယ်။

မေး = အစ်မရဲ့ ရည်ရွှယ်ချက်လေး တွေကရော စာရေး ဆရာမ တစ်ယောက် ဖြစ်ရမယ်လို့ ရည်မှန်း ထားပါသလား ?

အမကတော့ စာရေးဆရာမ လို့ ပြောတာထက် ကိုယ့်အတွေ့အကြုံ၊ အတွေးအမြင်နဲ့ ခံစားမှုလေးတွေကို ပုံဖော် ဝေမျှပေးနိုင်တဲ့ စာရေးသူပဲ ဖြစ်ချင်ပါတယ်။ စာပေတွေ လေ့လာရင်း စာလေးတွေရေးရင်း ဘယ်သူမှမသိလည်း ကိုယ်တိုင်အေးအေး ချမ်းချမ်းလေး နေနိုင်တဲ့ စာရေးသူ စစ်စစ် ဖြစ်ချင်ပါတယ်။

မေး = အစ်မရေးထားတဲ့ ဘလော့ပိုစ့်တွေကို အစ်မရဲ့ ဘလော့လေးမှာပဲ မျှဝေဖြစ်လား ...

အမ အက်မင်အဖြစ်ကူပေးနေတဲ့ ဆိုက်လေးရှိပါတယ်။ ဆိုက်နာမည်က မိုဘာ (www.moba4all.org) ပါ။ အမ ရေးသမျှ စာတွေကို အရင်ဆုံး မိုဘာမှာတင်ပါတယ်။ ဒုတိယ အမ ကိုယ်ပိုင် ဘလော့မှာ တင်ပါတယ်။ တတိယ facebook မှာတင်ပါတယ်။ နောက်ကျန်တဲ့ Social Site တွေကိုလည်း သတိရရင် သွားတင်လေ့ရှိပါတယ်။



မေး = အစ်မက သုတ ရသ ခံစားချက် စာပေအကြောင်း အရာလေးတွေကို အဓိက ရေးသားတယ်ဆိုတော့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီး အစ်မ ဘယ်လိုနားလည်ခံယူထားတာလဲ ? အစ်မဘဝရဲ့ ချစ်သူ ဆိုတာရော ဘယ်လို ပုံစံမျိုးကို ရည်ရွှယ် ထားတာလဲဆိုတာ သိပါရစေ။

ခံစားချက်တွေနဲ့ စာရေးပေမယ့် အမမှာ ချစ်သူမရှိပါဘူး။ ၁၅၀၀ အချစ်ဆိုတာ တကယ်တော့ ဆန့်ကျင်ဘက် လူသားနှစ်ယောက်ကြားဖြစ်တည်နေတဲ့ ခံစားမှုလေးတစ်ခုပါပဲ။ အဲ့ဒီခံစားချက်လေးဖြစ်တည်၊ ကြာရှည်နေသမျှ ကာလပတ်လုံး ချစ်ကြတယ်။ အချစ်ကို နားလည်မှုဆိုတာနဲ့လည်း ပံ့ပို့ပေးရတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ခံစားချက်လေး တစ်ခု ရင်ထဲမှာ ရှိနေသရွေ့ ချစ်ကြတယ်။

နားလည်မှုပျက်ယွင်းသွားရင် အချစ်ဆိုတာလည်းကွယ်ပျောက်သွားကြတယ်။ အချစ်ဆိုတာ ကြာလာရင် ၁၅၀၀ ကနေ သံယောဇဉ်အဖြစ် ကူးပြောင်းသွားတာမျိုးလည်း ရှိတတ်တယ်။ ဒါကတော့ အချစ်တဲ့ပတ်သက်လို့ အမ ရဲ့ ယူဆချက် အမြင်ပေါ့နော်။ အမမှာ ချစ်သူရှိလာရင်တောင် အဲ့ဒီချစ်သူအတွက် စံသတ်မှတ်ချက် မထားပါဘူး။ ချစ်တယ်ဆိုရင် ဘာကိုမဆို ခွင့်လွှတ်နားလည်ပေးနိုင်ရမယ်လေ။ စံတန်ဖိုးတွေနဲ့ တွက်ချက်ပြီး အချစ်ကို အသုံးမချလိုတာ အမခံယူချက်ပါ။

မေး = အစ်မသိတဲ့ ၅၂၈ မိသားစုလေးရဲ့ နွေးထွေးတဲ့ အဖြူရောင် သံယောဇဉ်လေး အကြောင်း လေးတွေကို စာရေးသူ အနေနဲ့ ဘယ်လို နားလည်ထားလဲ ? အစ်မရဲ့ အမြင်လေးပေါ့ ...

၅၂၈ ဆိုတာ ဖွဲ့နွဲ့ရေးသားရင်တောင် မလုံလောက်တဲ့ မေတ္တာတရားပါ။ ၅၂၈ ဆိုတာမှာလည်း မျှော်လင့်ခြင်းတွေ ရှိကြတာပါပဲ။ မိဘက သားသမီးဆီက ဘာမှပြန်မမျှော်လင့်ဘူးဆိုတာ မဟုတ်ပါဘူး။ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ သားသမီးကောင်းစားဖို့ဆိုတာ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပါပဲ။

ဒါပေမယ့် ၅၂၈ မှာ ရလိုမှုတွေနည်းတယ် (ကင်းတယ်လို့ မဆိုလိုပါဘူး)။ ပေးဆပ်မှုများတယ်။ အပူအပင် မကင်းပေမယ့် ငြိမ်းချမ်းအေးမြခြင်းတွေပေးနိုင်တာ ၅၂၈ ပါ။ ဒီနေရာမှာ အမ အဖြေမတွေ့သေးတဲ့ အရာလေး တစ်ခု ပြောပြချင်ပါတယ်။ ဘာကြောင့် အချစ်ကို ၁၅၀၀ ၊ ဖြူစင်တဲ့ မေတ္တာတရား(လူသားတိုင်းအားလုံးမှာ ရှိသင့်သောတရား) ကို ၅၂၈ လို့ ဂဏန်းတွေပေးလဲ ဆိုတာပါပဲ။တွေ့ရှိလေ့လာ ချက်လေးတွေ သိရရင်တော့ အမ အရမ်း ကျေနပ်မိမှာပါ။



မေး = နောက်ထပ် အစ်မရဲ့ ဘာလော့လေးမှာ စာပေလေးတွေနဲ့ ပက်သက်ပြီး ဘယ်လို ကြီုးစားသွားမယ်ဆိုတာ စာဖတ်သူများ ကို သိအောင် ပြောပြပေးပါ။

သုတ၊ ရသ စာတွေ ဆက်လက်ရေးသွားမှာပါ။ ဘလော့ဂါတွေထဲက အတုယူရမယ့် စာရေးသားသူများကို အတု ယူပြီး ဒီ့ထက်ပို ကောင်းအောင် ကြိုးစားသွားမှာပါ။ စာရေးသက် မကြာသေးတော့ အားနည်းချက်တွေရှိရင်လည်း သည်းခံပေးဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ်။ဂျွန်မိုး ဆိုတဲ့ ကလောင်ကို ပိုကောင်းအောင် သွေးသွားပါ့မယ်လို့ ပြောချင်ပါတယ်။

မေး = အစ်မကို စာဖတ်သူများမှ အကြံညဏ်ပေးမယ် ခင်မင်ချင်လို့ လေးစားလို့ ဆက်သွယ်လာမယ် ဆိုရင် အစ်မကို ဆက်သွယ်နိုင်တဲ့ လိပ်စာလေးက ?

ဟုတ်ကဲ့။ junemoe9@gmail.com မေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ စာရေးသားမှုနဲ့ ပတ်သက်လို့ ဝေဖန်ချင် တယ်ဆိုလည်း အမြဲ ကြိုဆိုပါတယ်။

အခုလို မေးသမျှကို အချိန်ပေး ဖြေကြားပေးသော အစ်မ ဂျွန်မိုး အောင်မြင်တဲ့ ဘလော့ကာ တစ်ယောက်ဖြစ်ပြီး လူအများအတွက် စာပေအပိုင်း တစ်ထောင့်တစ်နေရာကနေ အကျိုးပြု အလင်းရောင် ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် ခင်ဗျာ ...

ဟုတ်ကဲ့။ ပြည့်လိုပါတယ်နော်။ အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်သမျှ အများအကျိုးလည်း လုပ်ဆောင်သွားမှာပါ။ အခုလို အချိန်ပေးပြီး မေးမြန်းပေးတဲ့ မောင်လေး နေဇော်လင်းကိုလည်း အမက ကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ်နော်။

ဘလော့ကာ အစ်မနဲ့ ဒီလောက်ပဲ စကားပြောဖြစ်ပါတယ်။ စာပေချစ်မြတ်နိုးသူ စာဖတ်သူများ အနေနဲ့ အစ်မ ရေးသားတဲ့ သုတ ရသ စာပေလေးတွေကို http://june-moe.blogspot.com/ မှာ ဝင်ရောက် လေ့လာဖတ်ရှုနိုင် ပါကြောင်း အသိပေး ပြောကြားရင်း အင်တာဗျုး အစီအစဉ် လေးကို ဒီနေရာလေးမှာ အသုံးသတ်လိုက် ပါရစေ ခင်ဗျာ။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။

စာဖတ်သူများ အတွက် အကောင်းဆုံး ကြိုးစားနေမယ့်

www.nayzawlin.com/


Saturday, 31 December 2011

Happy New Year 2012 အတွက် အမှတ်တရ ဓာတ်ပုံလက်ဆောင်များ နှင့် အင်တာဗျူး အစီအစဉ်



အားလုံးပဲ မင်္ဂလာပါ။ ပျော်ရွှင်သော နှစ်သစ်လေး ဖြစ်ပါစေ ခင်ဂျာ။ ဒီနေ့ ညလေးဆို 2012 ကို ပြောင်းတော့ မယ်နော် .... နှစ်သစ် အကြောင်းအရာ လေးတွေကို အမှတ်တရ ဖြစ်အောင် ဘလော့ကာများနဲ့ စာဖတ်သူများ ကို တွေ့ဆုံ အင်တာဗျူးလေး မေးမြန်းထားပါတယ်။



အခုဆို 2012 ဆိုတဲ့ နှစ်သစ်ကူး အချိန်လေးကို ရောက်တော့မယ်နော် .... နှစ်သစ်ကူးပြောင်းတဲ့ အချိန်လေးကို နှစ်သစ်အတွက် အမှတ်တရ တစ်ခုခု ပြီးတော့ နှစ်သစ်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ သူတို့ရဲ့ ပြောချင်တဲ့ စကားလေးတွေကို ဖတ်ကြည့်ရအောင် ....

JUNEMOE - http://june-moe.blogspot.com

ဒီဇင်ဘာ ၃၁ ဆိုတာ နက်ဖြန်။ နက်ဖြန်တို ၂၀၁၁ ကုန်ပြီပေါ့- ၂၀၁၂ ဆိုတာကို နှစ်သစ်လို့ အမည် တပ်ကြတယ်နော် ဘာလို့နှစ်သစ်လို့တပ်တာလဲ ဆိုတော့ နှစ်တစ်နှစ်ရဲ့ အစမို့ နှစ်သစ်လို့ ခေါ်ကြတယ် နှစ်သစ်ကို အမျိုးမျိုးကြိုဆိုကြတယ်။ ကျွန်တော်ကတော့ ရိုးရိုးလေးပဲ နှစ်တိုင်းကြိုပါတယ်။ သူများတကာ လိုလည်း လျှောက်မသောက်ပါ - လျှောက်လည်းမသွားပါ။ လမ်းတကာလှည့်ပြီးလည်း မအော်ပါ။ ၈ နာရီခွဲလောက်ဆို နှိုးစက်နဲ့ အိပ်ပြီး ၁၁ ခွဲဆိုထတယ်။ ၁၂ ထိ ထိုင်စောင့်တယ်။ ၁၂ ထိုးပြီး တစ်မိနစ်စွန်းတာနဲ့ တိုးတိုးလေး အိပ်ရာထဲကနေ Happy New Year. May you all be happy and healthy! လို့ အော်ပါတယ်။

နောက်ပြီး ခဏတာ တရားထိုင်ပါတယ် ဒီလိုနဲ့ နှစ်သစ်ကိုကြိုပါတယ်။ နက်ဖြန်တော့ အသိအမကြီးက ဖိတ်လို့ သူ့အိမ်သွားမှာပါ။ ဒီနှစ်တော့ နှစ်သစ်ကိုကြိုပုံကြိုနည်းအသစ်နဲ့ ကြိုဖြစ်မယ်ထင်ပါတယ်။ ဒါမဲ့လည်း တရားထိုင်တဲ့ အလေ့လေးတော့ မပျက်မကွက်လုပ်ဆောင်သွားမှာပါ။ နှစ်သစ်ကို စိတ်နှလုံးရွှင်လန်း သစ်ဆန်းစွာနဲ့ ကြိုခြင်းဟာ အမွန်မြတ်ဆုံးပါပဲ .....



မောင်သက်(ခေတ်လူများ၏ မှတ်စု နည်းပညာပိုင်းဆိုင်ရာ အယ်ဒီတာ)

ကျွန်တော်တို့ရဲ့အရှေ့မှာ နှစ်သစ်က လက်ကမ်းပြီးကြိုဆိုနေပြီ။ သူဆီကို ကျွန်တော်တို့ တွေသွားရတော့မည်။ ဘာတွေ ယူဆောင်သွားကြမလဲ။ အရင်နှစ်တွေက ရရှိခဲ့တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေက နောက်နှစ်အတွက် ဓားနဲ့ ဒိုင်းပဲဘာဖြစ်လို့ ဓားနဲ့ ဒိုင်း ဖြစ်သွားရတာလဲ။ ဒီလိုပါ။

အသိပညာဆိုတဲ့ ထက်မြတ်လှ ဥာဏ်ရည်နဲ့ ထိုးဖောက်တိုက်ခိုက်ပြီး မာကျောရင့်ကျက်လှတဲ့ အတွေ့အကြုံဆိုတဲ့ ဒိုင်းနဲ့ ကာကွယ်ရင်း အမှားအမှန်ကို ခွဲခြားလို့ ရှေ့သို့တက်လှမ်းသွားကြရမှာပါ။ ဒီတော့ သင်နဲ့ ကျွန်ုပ်တို့အားလုံးတွင် စွမ်းအားတွေ အပြည့်ရှိသည်။ ဒီတော့ ကျွန်တော်အနေနဲ့ အားလုံးကို ပြောပါမယ်။ ရိုးသားပါ၊ ကြိုးစားပါ၊ သတ္တိရှိပါ။



ထွဋ်ကိုကို - http://co2discovery.blogspot.com/

အဟောင်းတွေ ကို အကုန်ထားခဲ့ချင်ပါဘီ။ မြန်မာပြည်ရဲ့ ၂၀၁၁ နှုတ်ဆက်ပွဲကြီးက အရမ်းပြင်းထန်လွန်းတ၇်ဗျာ
မင်္ဂလာတောင်ညွန့်မြို့နယ် က ပေါက်ကွဲသံကြီးအတိုင်း သတ္တာဝါတစ်ကောင်ရဲ့ အော်မြည်သံဆိုရင်တောင် နောက်ဆုံးထွက်သက် အတိုင်း အော်ဟစ်ခဲ့တာပဲဖြစ်ပါစေ။ နောင်လာမဲ့ ၂၀၁၂ ရဲ့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံသားတိုင်းရဲ့ နေ့သစ်တွေမှာ မင်္ဂလာ သစ်တွေနဲ့ပဲ ပြည့်စုံ နေပါစေလို့ ဆန္ဒပြုရင်း ..... Welcome To Happy New Year 2012



လင်းနစ် - China

နှစ်သစ်မှာ မည်သူမဆို စိတ်ရွှင်လန်းခြင်းနှင့်အတူ အောင်မြင်ခြင်းများတပွေ့တပိုက်ကြီးရနိုင်ပါစေ...။ ဒီနှစ်သစ် လေးမှာတော့ ထွေထွေထူးထူးဖြတ်သန်းစရာ လမ်းခရီးက နှောင်းနှေးနေတာမို့ နှစ်ဟောင်းက စိတ်ညစ်စရာတွေ အကုန်မေ့ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။



အလင်းသစ် - http://alinthit.co.cc/

အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့အားလုံးရဲ့ စိတ်အတွေးတွေ ထဲကနေ ၂၀၁၁ ကတော့ ရိုင်းစိုင်းစွာ၊ ကြမ်းတမ်းစွာ ခပ်ပြင်းပြင်းကြီး နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါပြီ။။ မကြားချင်တဲ့ ဆိုးဆိုးဝါးဝါး သတင်းစကားတွေ ကြားခဲ့ရတယ်။။ မမြင်၊မတွေ့ချင်တဲ့ ဓာတ်ပုံမြင်ကွင်းတွေကို ရွံ့ကြောက်၊ သွေးပျက်ဖွယ် မြင်တွေ့ခဲ့ရတယ်။

ဒါတွေကြားရ၊ မြင်ရတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး၊ မဖြစ်စလောက် အကူအညီလေးတွေ လှမ်းပေးရုံက လွဲပြီး ဘာဆိုဘာမှ မတတ်နိုင်ခဲ့ပါဘူး။။ တကယ်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေအတွက် ကျွန်တော်တို့ ပေးနိုင်တဲ့ နှစ်သိမ့်ဖေးမမှု ဆိုတာ ဘယ်လောက်များ ထိရောက်နိုင်ပါ့မလဲ တွေးကြည့်တော့ ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။။ ဒါကြောင့် ဒီ ၂၀၁၁ ဆိုတာကြီးကို မြန်မြန်ကုန်ဆုံး စေချင်ခဲ့ပါတယ်။။ တော်တော်လည်း ခါးသီးမိပါတယ်။။

ဒါကြောင့်မို့ ၂၀၁၂ ကို မြန်မြန် ကြိုဆိုချင်မိပါတယ်။။ ဒါပေမယ့် မရဲတရဲပါပဲ။။ ကုန်လွန်သွားပြီဖြစ်တဲ့ ၂၀၁၁ လို အခြေအနေဆိုးအချို့ ထပ်မဖြစ်ဖို့ကိုတော့ လှိုက်လှိုက် လှဲလှဲကို ဆုတောင်းနေမိပါတယ်။။ နှစ်သစ်ကို ကြိုတယ်ဆိုပေမယ့် ကျွန်တော်ဖြတ်သန်းတာကတော့ သာမာန်ပါပဲ။။ ညကြီးသန်းခေါင် ထပြီး အော်ဟစ်ကြိုဆိုတာကိုလည်း ဝါသနာမပါပါဘူး။ ဒါကြောင့် နှစ်သစ်ကူးည ရင်ခုန်သံဆိုတာ ကျွန်တော့်ဆီမှာ မရှိပါဘူး။။ နှစ်သစ်မှာ အလိုလားဆုံးသော၊ အဖြစ်ချင်ဆုံးသော ဆန္ဒတစ်ခုကတော့ အမိမြန်မာပြည်ကနေ ဆိုးဆိုးရွားရွား စိတ်မကောင်းစရာ သတင်းစကားတွေ ထပ်မကြားပါရစေနဲ့ ဆိုတာလေးပါပဲ။။ ဒိထက်ပိုပြီး ဘာမှဆုလည်း မတောင်းချင်တော့ပါဘူး။။ ကျွန်တော်တို့ကြုံတွေ့နေတဲ့ တချို့သော အခက်အခဲဆိုတာတွေက သူတို့၊သူတို့တွေ ကြုံခဲ့တာနဲ့ ယှဉ်ရင် မပြောပလောက်တာတွေမို့ ဒီဆုကိုပဲတောင်းပါတော့မယ်။။



ကိုဒီသွေး - www.9dblood.co.cc

၂၀၁၂ နှစ်သစ်ဟာ ထူးခြားတဲ့ နိမိတ်ပုံ ရုပ်ရှင်ဇာတ်ကားကို မျက်ကွယ်ပြုပြီး လူတိုင်းအတွက် စိတ်ဓါတ်နဲ့ခွန်အားကို လန်းဆန်းတက်ကြွစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သားတွေအနေနဲ့ အစိုးရသစ်၊ အတွေးအခေါ်အသစ်၊ ခွန်အားအသစ်တွေနဲ့ ၂၀၁၂ရဲ့ မနက်ဖြန်များစွာထဲမှာ သာယာ ပျော်ရွှင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။





မောင်ငြိမ်းချမ်းကို - http://nyeinchanko.blogspot.com/

နှစ်ဟောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေ အတွက် စိတ်မကောင်းဘူးဗျာ အခုလိုနှစ်သစ်မှာ နှစ်ဟောင်းက အဖြစ်အပျက်မျိုးမဖြစ်စေပဲ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ် ကျွန်တော့်အတွက်တော့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘ၀ကို လျှောက် လှမ်းမယ်ဗျာ ...




ရဲကို - www.chocolatecupidlay.com

နှစ်သစ် အမှတ်တရ ဆိုရင်တော့ မနှစ်ကနယူရီးယားမှာ ဘိုင်ကျနေလို့ တိုက်ခန်းဘေးက ဘုန်းကြီးကျောင်းမှာ လုပ်တဲ့ ဘုရားပွဲမှာပဲ ဇာတ်ပွဲကြည့်ပြီးဖြတ်သန်းခဲ့တယ်..:P ဒီနှစ်တော့ အခန်းမှာ ရိုးရိုးလေးပဲအခန်းဖော်တွေနဲ့ စားစရာ တစ်ခုခု ချက်စားပြီးတော့ဖြတ်သန်းမှာပါ။ (သောက်တာ လဲပါပါတယ်..:P..စားချင်ရင်လာခဲ့ကြနော့)



အောင်မိုးသူ (စူးရှ) - www.aungmoethu.blogspot.com

ကျွန်တော့်အတွက် ကတော့ နှစ်သစ်မှာ အမှတ်တရ သိပ်မရှိဖူးဘူး... အရင်တုန်းကတော့ အိပ်တာများတယ် ခုတော့ သူငယ်ချင်းတွေနဲ့ စားသောက်ပြီးကြိုဆိုမယ်ပေါ့... လူငယ်ဆိုတော့.... ဘလော့ကာ တစ်ယောက်အနေနဲ့ဆိုပေမယ့်... ဘလော့ကာ သက်တမ်း ကနုသေးတယ် ဒီတော့ လူငယ် တစ်ယောက်အနေနဲ့ လွတ်လွတ် လပ်လပ်နဲ့ ကြိုဆိုမယ်။ ဒီလောက်ပါ.... နှစ်သစ် ဆိုတာထက် ဒါက အင်္ဂလိပ်ပြက္ခဒိန် အရလေ မြန်မာ အယူအဆနဲ့ဆိုတော့ နှစ်သစ်က တန်ခူးမှပေါ့ မြန်မာ့နှစ်သစ်ကို ပိုနှစ်သက်တယ်........ ကျွန်တော်တို့အသုံးပြုနေတာက အများသုံး ပြက္ခဒိန်ဆိုတော့လည်း နယူးရီးယားဆိုတာ အကျုံးဝင်တာပေါ့... ဒီတော့လည်း..... ပျော်ပျော်လေးပဲ နှစ်သစ်ကို အရိုးသားဆုံးကြိုဆိုတာ ကောင်းပါတယ် အားလုံး ပျော်ရွှင်သော 2012ဖြစ်ပါစေ .....



Mc wai yan (Dannel Iglesias Phyo) - http://mcwaiyan.blogspot.com

နှစ်သစ်မှာ လုပ်စရာတွေ ကတော့ အများကြီးပဲ လုပ်ချင်တာတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းမယ်။ အသက်လဲ တစ်နှစ်ကြီးလာပြီ ဆိုတော့ နောက်ပြီး 2012 နှစ်ဟာ ကမ္ဘာ ပျက်မယ်လို့ ပြောပေမယ့် နည်းနည်းတော့ ကြောက်တယ် ဂျ။ လူငယ်ဆိုတော့ ယုံတော့မယုံပါဘူး အမတစ်ယောက်ပြောတာတော့ ဖတ်ဖူးတယ် မနေ့ တုန်းက အခု 2012 မှာ လူတွေ အားလုံးတိုးတတ်ကြီးပွားမယ်။ ဒါပေမယ့် ကမ္ဘာ့ နေရာတော်တော်များများ မှာတော့ ငလျင်တို့  မီးလောင် တာတို့ေ၇ကြီးတာမျိုးတွေ ဖြစ်မယ်လို့ ကျောတယ် ဒီလောက်ပါပဲ ....



မောင်(စွယ်စုံကျမ်း) www.zwmnna.com

အချစ်ဆုံးကိုဖက် အမြင့်ဆုံးကိုတက်ပြီး Happy New Year လိုအော်လိုက်ချင်ပါတယ်ဗျာ ....





ကိုစက္ကဝါဆာန် - http://jakkawachan.blogspot.com/

နှစ်သစ်မှာ ဘလော့ဂ်ဂါ ပေါက်စလေးတွေ များများ ပေါက်ပွားလာပါစေလို့ ဆုတောင်းတယ်ဗျာ ပြီးတော့ နည်းပညာ တွေမျှဝေပေးတဲ့ ဘလော့ဂ်ဂါ ညီအကိုအားလုံးကိုလည်းလေးစားပါတယ် အဲ အသည်းလေး မကွဲအောင်တော့ နှစ်သစ်မှာ ဘလော့ဂါများ ကျည်ကာ ဝတ်သင့်ကြောင်း ဟိဟိ ငါ့ညီလို အားနာ တတ်တဲ့လူတွေပေါ့ ....












































နှစ်သစ်လေးမှာ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝ ပါစေ လို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ... ကျေးဇူးတင်ပါတယ်။ နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ .....

နေဇော်လင်း

www.nayzawlin.com/


♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။