အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Showing posts with label သူငယ်ချင်းအတွက်. Show all posts
Showing posts with label သူငယ်ချင်းအတွက်. Show all posts

Thursday, 1 December 2011

☺☺☺ ဒီလ ကံမကောင်းပါလားနော်☺☺☺(ဝထ္တုတို)





သူငယ်ချင်းများ အားလုံးမင်္ဂလာပါ ကျွန်တော် ဒီအကြောင်းလေးကို ရေးရတဲ့ ရည်ရွယ်ချက်က အမိမြေနဲ့ ဝေကွာပြီး နေ နေရတဲ့
ကျွန်တော်တို့လို မလေးရှားရောက် သူငယ်ချင်းတွေကို အဓိက ရည်ရွယ်ပြီး ရေးလိုက်ခြင်းဖြစ်ပါတယ် ဒီစာလေးကိုဖတ်ပြီး
မကောင်းဘူးလို့ ပြောလဲ စိတ်မဆိုးပါဘူးခင်ဗျာ ကျွန်တော်ဒီနေ့ အလုပ်ထဲမှာ စိတ်ကူးလေးရလို့ ရေးလိုက်ခြင်းဖြစ်ပါတယ် အမှားလေးများပါခဲ့ရင် ဖြည့်ဖတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် သူငယ်ချင်းများ အားလုံး ရယ်မောနိုင်ကြပါစေ့

ဒီဝတ္ထုလေးကိုမရေးခင်မှာ အထဲမှာ ပါလာမဲ့ ဇာတ်ကောင်တွေနဲ့ မိတ်ဆက်ပေးပါရစေ ကျွန်တော်နာမည် မောင်မောင်ပါ
နောက်တစ်ယောက်ရဲ့ နာမည်လေးကတော့စိုင်းလင်းထက်လို့ခေါ်တဲ့ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းလေးပါ ကဲသူငယ်ချင်းတို့
ဆက်ရေးတော့မယ်နော့်(ကဲ ဆက်ဖတ်)

1/12/2011
ကြာသပတေးနေ့(ဖြစ်ရပ်အမှန်လေးပါ)

အနော်ရယ် အနော့် သယ်ချင်း ငစိုင်းရယ် အနော်တို့ နှစ်ယောက်ဟာ မလေးရှားနိုင်ငံကိုရောက်ခဲ့တာ ၃ နှစ်ခွဲကြာမြင့်ခဲ့ပါပြီ
ဒီကို စရောက်ရောက်ချင်းမှာဘဲ သူနဲ့ကျွန်တော်ဟာအခင်မင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ် တစ်ခုရှိရင် တစ်ဝက်စီစားကြတယ်လေ
(သူဖဲ့ရင်တော့ သူ့ဘက်များတာပေါ့ ခိခိ အနော်ဖဲ့ရင်တော့ သိတဲ့ အတိုင်းဘဲ ရိုးရာမပျက်ဘူးနော်)
သူနဲ့ အနော်နဲ့က အရမ်းကို ချစ်ကြပါတယ် နေတာတစ်ခန်းစီကွဲနေပေမဲ့ စားတာ သောက်တာ သွားတာ လာတာက အစ အတူတူပါ
အော် အလုပ်ထဲမှာ အတူတူ တစ်စက်တည်းလုပ်ကြတယ်ခင်ဗျ ဒီနေ့ရဲ့ အဖြစ်အပျက်လေးကို သူငယ်ချင်းတို့ကိုမှ ပြောမပြရဘူးဆိုရင်
အနော်တို့ နှစ်ယောက် စားလို့သောက်လို့မဝင်မှာစိုးလို့ ခုလိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ့်
ဒီနေ့ အနော် နံနက် ၁၀း၃၀လောက်မှ အိပ်ယာက နိုးခဲ့ပါတယ် အိပ်ယာနိုးနိုးချင်းဘဲ အနော်ရဲ့ စက်လေးကို open ပြီး မျက်နှာသစ်သွားခဲ့တယ်လေ
ပြီးတော့အနော် စပြီး ချက်တင်ဝင်နေပါပြီ(Q နေပါပြီ) သိမကြာလိုက်ပါဘူး ငစိုင်းလဲ အွန်းလိုင်းပေါ်ကို ရောက်လာခဲ့ပါတယ် သူ အနော့်ကို
စကားစပြောလာပါတယ် သူငယ်ချင်းတို့ ဖတ်ကြည့်မယ်နော်
ငစိုင်း = သယ်ချင်းဟရောင် မင်းနိုးနေပီရား
မောင်= အေး နာနိုးနေတာကြာပြီတွ နင်ကသာ ခုမှ နိုးလားတာ
ငစိုင်း= ငါ နိုးတာလဲ ကြာပါပြီတွာ နောက်ဖေးမှာ ရှိတဲ့ လက်ကျန်ဆန်လေးကို ချက်နေလို့ ....:P
မင်း လဲ ဟင်းချက်အုံးလေတွာ နာထမင်းချက်ထားရယ်
မောင်= အာ ဘာချက်စရာများရှိလို့ နာက ဘာချက်ရမှာရဲ ဆီ ဆား အာအကုန်ပြတ်နေတာကြီးဟာကို
ဘယ်လိုချက်ရမှာလဲဟ
ငစိုင်း= ဟုတ်လား နာ မကြည့်မိလိုက်ဘူး ဆန်လဲ ကုန်ပြီ ဒီနေ့ချက်တာ နောက်ဆုံကျည်ဆန်ဘဲ ဒီလိုလုပ်တွာ
ငပိရေချိုထုတ် ရှိသေးတယ်မို့လား အဲဒါလေးဖျော်လိုက်တွာ
မောင်= ငပိရေကျိုတာတော့ ဟုတ်ပါပြီ ငရုတ်သီးမှ မရှိတာ ဘယ်လိုလုပ် စားကောင်းမှာလဲဟ နင် ငရုတ်သီးရှာလိုက်
နာ ချက်လိုက်မယ်ရေတွာ
ငစိုင်း = မင်းကလည်း ငရုတ်သီးတောင်မရှိတော့ဘူးလား ဒါဆိုလဲ ငါ ငရုတ်သီးရှာလိုက်မယ် မင်းချက်တော့ ထ ခုထချက်တော့
မောင်= ပြီးရောတွာ ဒါဆိုချက်မယ် နင်လဲ ထတော့ နာလဲ ထမယ် ကဲထပီ

အဲဒီလိုနဲ့ အနော်တို့နှစ်ယောက် ဟိုရှာ ဒီရှာနဲ့ရလာတဲ့ ငရုတ်သီးလေးနဲ့ ငပိရေကျိုပြီး ထမင်းစားဖို့ လုပ်ကြပါတယ်
အနော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဒီလ အဖြစ်အပျက်လေးက တော်တော်လေးကို ဆိုးရွားလွန်းပါတယ် ဟင်းချက်စရာ
ပိုက်ပိုက်ပျက်တာနဲ့ ငပိရေချို ကျိုပြီးစားရတဲ့ အထိကို ဒီလ ကံမကောင်းတာပါ
ငပိရေချိုလေး ကျိုပြီးတော့နှစ်ယောက်သား ရေချိုးပါတယ် ရေချိုပြီး ထမင်းစားကြတယ်လေ အနော်တို့ နှစ်ယောက်
ထမင်းစားနေတုန်း အခန်းဖော် သူငယ်ချင်း တစ်ယောက်က
" ဘာဟင်းတွေနဲ့ စားနေကြတာလဲကွ"
ဆိုပြီး အနားကိုလာကြည့်တယ်လေ ပြီးတော့ ရယ်တော့တာပါဘဲ
" မင်းတို့ နှစ်ယောက် လိုက်လဲ လိုက်ပါတယ် ငပိရေနဲ့လဲ စားနေနိုင်ကြတယ်နော်"တဲ့
အဲလိုပြောသွားတော့ ငစိုင်းကလဲ အနိုင်မခံ မရှုံးမပေး စိတ်ဓာတ်လေးနဲ့
" မင်းက ဘာသိလို့ လာပြောနေတာလဲ ငပိရေကို ကြိုက်လို့ စားတာကွ ငတ်လို့ စားနေတာမဟုတ်ဘူး"
"ငပိရေနဲ့ ရည်းစား ဘယ့်ဟာကို ပိုကြိုက်လဲဆို ငပိရေဘဲ ကြိုက်တယ်ဖြေမှာ"
အဲဒီလိုလေး ပြန်ဖြေလိုက်တယ်ဗျ ကျွန်တော်တော့ ရယ်နေမိတာပါဘဲ ( မရှိလို့ စားနေရတဲ့ ငပိရေကို ကမွန်းတပ်ပေးနေလို့လေ)
ထမင်းလဲ စားပြီးပါပြီ အနော်တို့ အလုပ်ထဲကို သုတ်ခြေတင်ခဲ့ပါတယ် အလုပ်နဲ့က မဝေးလှပါဘူး အများဆုံးသွားရ ၄ မိနစ်ပါတယ်
အနော်တို့ရဲ့ အလုပ်ချိန်က နေ့လည် ၃း၀၀နာရီကနေ ည ၁၁း၀၀နာရီထိပါ
အနော်ကြွားချင်တာလေး ရှိတယ် အနော်ဒီနေ့ အလုပ်ဝင်တာ အတော်လေး စောတယ်ဗျ အရင်ရက်တွေထက်စာရင်ပေါ့လေ
အနော်က အမြဲတမ်း အလုပ်ဝင်ရင် ၃နာရီ မိနစ်၂၀ လောက်မှဝင်နိုင်တဲ့သူပါ အမြဲတမ်းနောက်ကျတတ်တယ်လေ(ဟဲဟဲ ပျင်းတာကိုး)
ဒီနေ့တော့ အရင်ရက်တွေထက် စာရင် တော်တော်လေးကို စောပါတယ် အနော် ၃း၀၅ မှာ အလုပ်ထဲရောက်ပါတယ်ခင်ဗျာ (အချိန်မှီတယ်နော်)
လကုန်ရက်က ဖြစ် လက်ထဲမှာ ကပ်ထားတဲ့ ပိုက်ပိုက်လေးကလဲ ငစိုင်းက ဘောပွဲသွားလောင်းလိုက်လို့ကုန်ပီလေ သူ့ကိုလဲ အပြစ်ပြောလို့
မဖြစ်ပြန်ဘူးလေ သူလောင်းတဲ့ ဘောလုံး အသင်းက မြန်မာ ဖြစ်နေတာကို ဒီလ ကံကိုက မကောင်းတာပါ သူလောင်းတဲ့ မြန်မာအသင်းက
မလေးရှားအသင်းကို ရှုံးသွားခဲ့တယ်လေ မြန်မာအသင်းရှုံးတာ သူတို့တော့ဘယ်လိုနေတယ် မသိဘူး အနော်တို့တော့ ငတ်တာဘဲ:P
နောက်ပြီး မလေးရှားမှာ နေရတာဆိုတော့ မလေးလူမျိုးတွေ လောင်ပြောင်သလျော်တာလဲ ခံရသေးတယ်ဗျာ
ကဲ ဆက်ပြောမယ်နော်
ဒီလိုနဲ့ အနော်တို့ အလုပ်ထဲကိုရောက်ခဲ့ပါတယ် အလုပ်ထဲ ရောက်ပြန်တော့ ကန်တင်းလေးကဖွင့်ထားတာတွေ့တော့ လက်ဖက်ရည် လေးက သောက်ချင်ပြန်တယ်လေ ပိုက်ပိုက်က မရှိ စိတ်ညစ်လိုက်တာဗျာ လွန်ပါရော
ဒီလိုနဲ့ ကန်တင်းလေး မျက်စောင်းတထိုးထိုးနဲ့ အလုပ်ထဲကိုဝင်ခဲ့ကြပါတယ် နှစ်ယောက်သား မရှိတဲ့ အားလေးတွေထုတ်ပြီ စိတ်ညစ်ညစ်နဲ့
အလုပ် လုပ်နေခဲ့တာ ၁ နာရီ နီးပါရှိခဲ့ပါပြီ မနေနိုင်တော့ ငစိုင်း ပါးစပ်လေး ဆော့လာတာပေါ့
"အမောင် မင်း လက်ဖက်ရည် မသောက်ချင်ဘူးလား ငါတော့ အာခေါင်တွေ ခြောက်နေပြီကွာ မရှိတဲ့ တတွေးလေး မျိုချနေရယ်"(ကလု)
လက်ဖက်ရည်လေးကို တစ်နေ့ တစ်ထုပ်မှ မသောက်ရရင် ခံတွင်း မတွေ့ဖြစ်နေတဲ့ အနော်က
"ဘယ်လိုပြောလိုက်ပါလေကွာ သောက်ချင်တာမှ လည်ချောင်းတွေယားပြီး ဖလန်းဖလန်းကို ထနေတာဘဲ"
ပြီးတော့ အနော် ဆက်ပြောပါတယ်
" ငစိုင်း နင် အကြွေးမယူရဲဘူးလား နင်က တော်တော်ချောတာဘဲ ယူရဲတယ်ဆိုရင် သွားယူလိုက်ပါ့လားကွာ နာ့ကို ချစ်ရင် တွားယူ"
"ဟင် မင်းကို ချစ်တာနဲ့ အကြွေးသွားယူတာနဲ့ ဘာမှလဲ မဆိုင်ဘူး မသွားဘူးကွာ ယူလဲ မယူချင်းဘူး "
" နင် ငါ့ကို မချစ်ဘူးဆို ငါ သိပါတယ်ကွာ ထားလိုက်ပါတော့ ငါကတော့ နင့်ကို ချစ်တယ် နင်သောက်ချင်နေတာကို ဒီတိုင်းကြည့်မနေနိုင်ဘူး
ငါသွားယူမယ်"(ဟဲဟဲ ကိုကလည်း သောက်ချင်နေတာဆိုတော့လေ)

အနော်တို့KAMEN STEELစက်ရုံမှာ ဗမာလူဦးရေ ၄၀ ကျော်ရှိပါတယ် အဲဒီထဲမှာအကိုကြီးတယ်ယောက်က အနော့်ကို ပြောဖူးတဲ့ စကားလေးကို
ခေါင်းထဲရောက်လာပါတယ် အနော်လည်း အကြွေးယူရဲတဲ့ သတ္တိတွေ တိုးပွားလာခဲ့တာပေါ့ အဲဒီအကိုကြီးပြောတဲ့ စကားလေးကတော့
" ညီလေး ဒီမလေးရှာမှာ ဘဲဖြစ်ဖြစ် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ်ပေါ့ အာနာပြီး ရှက်ကြောက်နေမယ်ဆိုရင် ငတ်တတ်တယ်" ဆိုတဲ့ စကားလေးပါ
အဲဒီ စကားလေးကို ပြန်ကြားရောင်ပြီ မရှိတဲ့ အားလေးကိုတင်းပြီး ကန်တင်း ကိုသွားခဲ့ပါတယ် ဆိုင်ထဲကိုရောက်တော့ ဆိုင်ရှင် မလေးလူမျိုး
ဦးလေးကြီးကို အနော် နှုတ်ချိုချိုလေးနဲ့(ဖားတာပေါ့ဗျာ)
" ဦးလေး အနော် လက်ဖက်ရည် ၃ ထုပ်လောက်လိုချင်ပါတယ် ဒါပေမဲ့ အနော်မှာ ပိုက်ဆံတော့ မပါဘူး လကုန်ရက်ဖြစ်နေတော့
ပိုက်ဆံက ပြတ်နေတယ်လေ ဟိဟိ လစာကလဲ မနက်ဖြန်မှ ထွက်မှာဆိုတော့လေ အဲဒါ"
အနော်အဲလိုလေးဘဲ ပြောခါရှိပါသေးတယ် ဈေးရောင်းနေတဲ့သူဆိုတော့ အထာလေးက နပ်နေပြီလေ.ဟဲဟဲ
"ok ညီလေး ရပါတယ် နောက်တစ်ပတ်မှ ပေးပေါ့ ယူသွားပါ မုန့်ရော ယူအုံးမလား"
တဲ့လေ ( သူဈေးရောင်းမကောင်းမှန်းသိသာနေပီ မုန့်ပါတောင် အတင်းထိုးပေးနေတယ် ခိခိ)
ဘာပြောကောင်းမလဲဗျာ အလုပ်ဝင်ကတည်းက သောက်ချင်လို့ လည်ချောင်းယားပြီး ဖလန်းဖလန်း ဖြစ်နေတဲ့ အနော်က
ဝမ်းသာ ပီတိ ဖြစ်ပြီး ရှုးရှုးတောင် ပါချင်သွားတယ်လေ......
" မုန့်တော့ မယူတော့ပါဘူး လက်ဖက်ရည်နဲ့တင် လုံလောက်နေပါပြီ ကျေးဇူးတင်ပါတယ် ဦး"
လို့ နှုတ်ဆက်ပြီး အနော်မောင်းနေတဲ့ စက်ရှိရာသို့ ပြန်လာခဲ့ပါတယ် စက်နားရောက်တော့ ငစိုင်းကို အနော်ကြွားတာပေါ့
အနော်တို့ စက်ရုံမှာ ရှိတဲ့ အကိုကြီးတစ်ယောက်ပြောဖူးတဲ့ စကားလေးနဲ့ အနော်ကြွားလိုက်တယ်
" ငစိုင်း နင်မသိရင်မှတ်ထား အပြောကောင်းရင် လေယာဉ်တောင် အလကား စီးရတယ်ကွ "
အဲလိုလဲ ပြောလိုက်ရော သူက
"သယ်ချင်း အမောင် မင်းကို အဲဒါလေးတွေ ချစ်နေရတာ အဲဒါလေးတွေ ချစ်နေရတာ" (တွံ့တေးသိန်းတန် လေသံနဲ့)
ဆိုပြီး အနော်ကို ဖက်နမ်းပါတော့တယ်

အဲဒီလိုနဲ့ ညနေ ၇း၀၀ ထိုးပါပြီ အနော်တို့ စက်ရုံမှာ ၇း၀၀ နာရီဆို ထမင်းစား တစ်နာရီ နားပါတယ် အိမ်မှာ
ကျိုထားခဲ့တဲ့ ငပိရည်ချိုလေးကလဲ မျှော်နေရောပေါ့
သူငယ်ချင်းတို့ ရေ ခုလို ပြောပြလို့ အထင်တော့ မသေးလိုက်ပါနဲ့ဗျာ မနက်ဖြန် လစာ ထွက်ပြီး!!!!!!!

----------------*****------------------

သူငယ်ချင်းတို့ အားလုံးကို ခင်မင်လျက် ကြိုးစားပြီး တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်


(စာရေးသူ...အမောင်) အကြံပေးသူ...သားသား...ဟိဟိ

Friday, 4 November 2011

ကျွန်တော်၏ သူငယ်ချင်း နှင့် သူ၏ ချစ်သူများ အကြောင်း



(အလွမ်းမင်းသားလေး သူငယ်ချင်းများ အပျင်းပြေဖတ်ရန်အတွက် ဝထ္တုတိုလေးပါဗျာ)

မကောင်းသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ လက်ညောင်းခံ ရေးထားတာမို့ အားပေးပြီး ဖတ်ပေးပါလို့ မေတ္တာရပ်ခံ အပ်ပါတယ်ဗျာ.

ကျွန်တော်၏ သူငယ်ချင်းများ နှင့်သူ၏ ချစ်သူများ အကြောင်း

ဥသြ...ဥသြ..ဥသြ...ဆိုတဲ့တေးသီသံနဲ့အတူ..နွေလေရူးလေးတွေလွင့်လာတဲ့အချိန်မှာ ဟိုးဝေးဝေးကမြင်ရောင်နေဆဲ အတိတ်ပုံရိပ်ကလေးဟာ အသစ်မဖြစ်နိုင်တော့ပေမဲ့ အခုချိန်ထိတော့ ....

ကျွန်တော်အတွက်မဟောင်းပဲရှိနေဆဲပါ.....

ဥသြသံကြားတိုင်းလွမ်းကြကြေးလားဗျာ...
အဲလိုဆိုရင်အခုလိုနွေခေါင်တဲ့ဒီနိုင်ငံရဲ့ ရာသီမှာ ကျွန်တော်အလွမ်းတွေ ဘယ်နားသွား ထားရမှာလဲ ..ဘယ်နားထားရမှာလဲအဖြေမပေးပါနဲ့ဗျာ....

ဒီလိုပဲနဲ့ပဲ..အချိန်တွေကျော်လို့ ရာသီတွေလဲအလီလီပြောင်းလဲခဲ့ပါပြီ...

ကျွန်တော် စိတ်ပြေလက်ပျောက် အလုပ်ပိတ်ရက်လေးမှာ ရှေ့ကမီးရောင်လင်း ထိန်ထိန်အောက်မှာ ကျွန်တော်နဲ့စိုင်းဝေ ဂစ်တာတီးပြီလွမ်းသံ ညဉ်းနေတဲ့အချိန်မှာ................

ဟေးးးးးးးးး....လို့ခေါ်သံနဲ့အတူ ကျွန်တော်တို့ရဲ့ သူငယ်ချင်း မောင်မောင်တစ်ယောက် ညိုးငယ်တဲ့ခြေလမ်းတွေနဲ့အတူ ကျွန်တော်တို့ရှိရာ

နေရာလေးသို့ လေးပင်စွာထိုင်ချရင်း....

"သူငယ်ချင်း ငါပြောစရာစကားတစ်ခုရှိတယ်ကွာ ။ဂစ်တာလေးဘေးချထားလိုက်ပါ".

အဲဒီအချိန်မှာ စိုင်းဝေက"ဘာလဲပိုက်ဆံချေးမလို့လားဟေ့ရောင်"..ပြောင်ချော်ချော်မျက်နှာနဲ့ မောင်မောင် ကိုစလိုက်တယ်.."

"မဟုတ်ပါဘူးကွာ" စိုင်းဝေက"ဒါဖြင့်မင်းဘာဖြစ်လာတာလဲံ မျက်နှာလဲမကောင်းပါလား"လို့မေးလိုက်တယ်..

မောင်မောင် တစ်ယောက်ခေါင်းလေးငိုက်စိုက်ချရင်...သူ့ကောင်မလေးအကြောင်းရင်ဖွင့်ပြတယ်

စိုင်းဝေက"သြော်....မင်းအသဲပြဲလာတာကိုး"ဘေးမှာထိုင်နေတဲ့စိုင်းလင်းက" အာ....မင်းကလဲံ အသဲကွဲတယ် လုပ်ပါကွာ.." "သူငယ်ချင်းမောင်မောင် မင်းအမှန်တိုင်းပြောကွာ ဘာဖြစ်လာတာလဲံ..... စိုင်းဝေမင်းမနောက်နဲ့ သူပုံကြည့်ရတာ တော်တော်ဂွမ်းလာပုံရတယ်": ဟေ့ကောင် ဘာဖြစ်လာတာလဲ...? မပြောချင်ပါဘူး သူငယ်ချင်းရာ"အဲဒီအချိန်မှာ စိုင်းဝေက စိတ်မရှည်သလိုနဲ့..

"မင်းမပြောချင်မပြောနဲ့ကွာ:"

'ဒီမှာဂစ်တာတီးရတာ feel ပျက်တယ်.."ကျွန်တော်က

:"ဟေ့ရောင် စိုင်းဝေ မင်းအသာနေစမ်းပါ"

"မောင်မောင် မင်းဘာဖြစ်လာတာလဲံပြော သူငယ်ချင်း"

မင်းသိပါတယ်သူငယ်ချင်းရာ" ငါကမိန်းကလေးတွေကိုရင်မခုန်တက်တဲ့ သူတစ်ယောက်ပါ"

":ဒီအွန်လိုင်းပေါ်မှာ ငါ့ကိုရင်ခုန်အောင်လုပ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ကို ငါတွေ့ထားတယ်"

မင်းသိတဲ့အတိုင်းပဲစိုင်းလေးရာ"

:"အေးငါသိတဲ့ အကြောင်းတွေတော့ဟုတ်ပြီ...."မင်းရင်ထဲမှာ တွေ့နေတာ ဘယ်လောက်များလဲ ငါသိပါတယ်

"ဒါပေမဲ့ မင်းချစ်နေတဲ့ချစ်သူတွေကမင်းကိုရောတကယ်ချစ်တယ်လို့ထင်ထားလား"

"မောင်မောင်ပြောလိုက်တဲ့စကားက"

စိုင်းလင်းရာ...တကယ်တော့ငါဖွင့်ဆိုထားတဲ့အချစ်ရဲအဓိပ္ပါယ်က သူငါ့ကိုပြန်ချစ်ဖို့မမျှော်လင့်ရဲပါဘူး"

ငါသူ့ကိုချစ်တဲ့အချစ်တွေသာ ထာဝရတည်မြဲဖို့အတွက်ပဲ

ငါမျှော်လင့်တယ်"
မောင်မောင် မင်းကအရမ်းခက်တယ်ကွာ.';

တစ်ချိန်က ဘယ်မိန်းမကိုမှရင်မခုန်ပါဘူးဆိုတဲ့ မင်းက အခုတော့ မင်းထားခဲ့တဲ့ ရည်းစားတွေကို ရေတွက်လိုက်မယ်ဆိုရင် ငါ့ရဲ့လက်ဆယ်ချောင်းတောင် မလောက်လို့ စိုင်းဝေဆီကတောင်ငါငှားနေရတယ်"

"မင်းရဲ့ချစ်ခြင်းတွေကိုတော့ လက်လန်တယ်"

အေးငါပြောမယ်...အခုမင်းချစ်ပါတဲ့ဆိုတဲ့ကောင်မလေးတွေက မင်းကို တစ်ချိန်ချိန်မှာ ထားသွားမယ်ဆိုရင် မောင်မောင်မင်းပဲ ခံစား၇မှာနော်."

"စိုင်းလင်း ဒေါသထွက်သော လေသံဖြင့်ပြောလိုက်မိတယ်"

ကျွန်တော် စဉ်းစားမိတယ်ဗျာ... ဟိုအရင်ကျွန်တော်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်က မိန်းကတွေအတွက်နဲ့ ဒီလောက်ထိ ခံစားရလိမ့်မယ်လူို့ ဘယ်တုန်းကမှမမျှော်လင်မိခဲ့ဘူးဗျာ.

ညဆိုရင်လဲ e.mail တွေပို့လို့ အိပ်ရေးပျက်တာကလဲ ရက်ပေါင်းမနည်း"

"ပြောပြန်တော့လဲကျွန်တော်ကမှားနေတာတဲ့"

မောင်မောင်တစ်ယောက်ဒီလောက်ထိချစ်တက်လာမယ်လို့..မမျှော်လင့်မိတာတော့အမှန်ပါ"

သူရဲ့ချစ်သူတွေအတွက်နဲ့ အပင်ပန်းခံ တန်ဖိုးရှိတဲ့အချိန်တွေကုန်လွန်ပါစေ.. ဂရုမစိုက်တက်တော့တဲ့ အချိန်တွေ တောင်ရောက်နေတဲ့အချိန်"

တူ....တူ...တူ.."

ကျွန်တော် အိပ်ချင်စိတ်မပျောက်သော လက်တစ်စုံက ဟမ်းဖုန်းလေးရှိရာသို့ရောက်သွားပြီ "

လေးလံသောလေသံဖြင့် "

"ဟလို"

တစ်ဘက်မှကြားရသော အမျိုးသမီးတစ်ယောက်ရဲ့လေသံ"

အခုပြောနေတာ ကိုစိုင်းလင်းလား မသိဘူးရှင့်"

"သြော်"

ဟုတ်ပါတယ်ဗျာ"

အခုပြောနေတာဘယ်သူလဲမသိဘူးဗျာ"

".....မပါရှင့်"

မောင်မောင်ကို တစ်ခုလောက်ပြောပေးပါလား"

"အင်း"

"ဘာပြောပေးရမှာလဲပြောပြလေ

ကျွန်မကိုမေ့လိုက်ပါတော့လို့"သူ့ရဲ့စကားတွေမဆုံးခင်မှာပဲ

သူမရဲ့ငိုရှိုက်သံတွေက. ကျွန်တော်ရဲ့နားထဲသို့တားဆီးမှု့ကင်းစွာ ဝင်ရောက်လာပါတော့တယ်"

ကျွန်တော် စိတ်မကောင်းသောလေသံလေးဖြင့်

ဘာဖြစ်တာလဲအရင်ပြောပြလေ"

သူမပြောလိုက်တဲ့ စကားလေးကြောင့်ကျွန်တော်တောင်မှင်သက်မိသွားသလို"

"ကျွန်မရဲ့မိဘတွေက သူတို့သဘောတူတဲ့ သဘောင်္သားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေကြတယ်ရှင်"

"ကျွန်တော် လက်ကိုင်ဖုန်းကိုမပြုတ်ကျမိအောင်ကိုပဲစုပ်ကိုင်မိလိုက်တယ်... ဘာဖြစ်လို့လဲဆိုတော့ အရင်က မောင်မောင် ချစ်တဲ့ချစ်သူတွေလဲ အခုလိုပဲ မောင်မောင်ထပ်သာ တဲ့သူတွေနဲ့ ပါသွားတာများလို့... သူငယ်ချင်း မောင်မောင်ကို..သနားမိတယ်ဗျာ"

"သူငယ်ချင်းတို့ရေ.."

အရင် ရင်က အသဲကွဲခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းမောင်မောင် တစ်ယောက် အခုတစ်ခါလဲ မရှိတော့တဲ့အသဲကို ထပ်ကွဲဖို့ အကြောင်းက ဖန်လာတော့.."

ကျွန်တော်ဘယ်လိုမုသားတွေသုံြး့ပီးပြောပြရမလဲဆိုတာ"

စာဖတ်သူပရိတ်သတ် အကြံလေးပေးစေချင်ပါတယ်ဗျာ.."

:"တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ချမ်းသာခြင်း ဆင်းရဲခြင်းတွေက လူတွေကို အမျိုးမျိုးစိတ်ဒုက္ခပေး စေတက်လား "

ကျွန်တော်အမြင်မှာတော့..အချစ်ဆိုတာဆင်းရဲတာချမ်းသာတာနဲံ့ မသက်ဆိုင်ဘူးလို့ထင်မိပါတယ်"

"သူငယ်ချင်းတို့ရေ...တကယ်တော့ကျွန်တော်ဟာမောင်မောင်လို ချစ်တက်တဲ့အသဲနှလုံးမရှိပေမဲ့ "

"သူငယ်ချင်းကိုစာနာတက်တဲ့နှလုံးသားတော့ ကျွန်တော်ရင်မှာရှိပါတယ်"

"တကယ်တော့ကျွန်တော်ဟာ မချစ်တက်သူပါ"

အလွမ်းမင်းသားလေး သူငယ်ချင်းများ အားလုံးကို ခင်မင်လျှက်.....

ဒီပို့လေးကို အပျင်းပြေဖတ်ရန်အတွက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်ဗျာ..

ကျွန်တော်၏သူငယ်ချင်းများဖြစ်ကြသော စိုင်းဝေ..မောင်မောင်တို့အား

အထူးကျေးဇူးတင်လျှက်...


အလွမ်းမင်းသားလေး

ကာရံမလှတဲ့ ကဗျာအတိုအစတွေနဲ့..

ထာဝရတည်ရှိနေမဲ့...

sailinhtet.
21.8.2011
အလွမ်းမင်းသားလေး

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။