အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Friday, 20 April 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ(မလေးရှား)



၁၇-၄-၂၀၁၂ ရက်မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် (အင်္ဂါနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က အခုဆို ဒုတိယအကြိမ်ပေါ့နော် ... ပြီးတော့ ဒီနေ့လေးဟာ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးလည်း ဖြစ်ပါတယ်။ မြန်မာတွေရဲ့ လုပ်ရိုးလုပ်စဉ်အရ မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့လေးမှာ ဇီဝိတဒါန အလှူအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။



ဆိုတော့ လူတွေကလည်း ဒီနေ့ ဘာခေါ်မလဲ ဒီနေ့က အလုပ်ပိတ်ရက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်မြန်မာတွေ အများကြီးလာရောက်ကြတာ မြင်တော့ တကယ်ကို ဝမ်းသာစရာကြီးပါပဲ။ ဒါပေမဲ့ ကျွန်မတို့မှာ အခက်အခဲ တစ်ခုဖြစ်တာက ဒီနေ့ ကျွန်မတို့ကို လာရောက်ပြီး သွေးဖောက်ပေးတဲ့ အဖွဲ့က မလေးရှားနိုင်ငံရဲ့ဗဟိုသွေးလှူဘဏ်က (မလေးရှား အစိုးရဆေးရုံ) သူတို့ကတော့ လူတို့လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ လုပ်ဆောင်ပေးပါတယ်။ ပထမအကြိမ်ကတော့ ပုဂ္ဂလိကဆေးရုံကဆိုတော့ အားလုံး အဆင်ပြေတယ်။ ဒီနေ့သွေးလှူကြတဲ့ သူတွေမှာ ပတ်စပိုစ့် ရှိသူပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိတ္တူပါမှပေါ့နော် 6p ကိုင်ဆောင်ထားတဲ့ သူတွေကို သူတို့က သွေးလှူခွင့် မပေးပါဘူး လက်မခံဘူးပေါ့။ အခုသူတို့ကို ကျွန်မတို့က အားလုံးသေချာအောင် ရှင်းပြတယ်။



ကျွန်မတို့ အဖွဲ့မှာ ပါတဲ့ နာယက ဒေါက်တာ စီလေးခိုင် နဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။ အားလုံးသေချာ ရှင်းပြတော့ ယခု 6p သမားတွေကို သူတို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ UN တို့တစ်ခြားလူတို့ကိုတော့ သူတို့ လက်မခံပါဘူး။ ဆိုတော့ ကျွန်မတို့ဆီ သွေးလာလှူတဲ့ သူတွေအများကြီးပဲ ပြန်လွတ်လိုက် ရပါတယ်။ ဒါအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တတိယအကြိမ်မှာ ကျွန်မတို့ အားလုံး အဆင်ပြေအောင် လုပ်ဆောင်ပေး သွားဖို့ရှိပါတယ် ဟု ဆရာမ ဒေါ်အေးအေးစိန်မှ ပြောပြသွားခဲ့ပါသည်။



ဒီနေ့ လုပ်ဖြစ်တဲ့ ဒုတိယအကြိမ် သွေးလှူပွဲနေ့လေးက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပခွင့်ရဖို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့လေးမှာ လာရောက်တဲ့ မြန်မာဦးရေ တွေကလည်း တော်တော်များပါတယ်။



လာရောက်တဲ့ လူတွေအထဲက အယောက် ၃၀၀ လောက် သွေးလှူဖို့ စရင်းပေး ထားပါတယ်။ လူဦးရေက များနေတော့ အားလုံးတော့ ပီးမှာတော့ မဟုတ်ဘူး ။ အားလုံး အဆင်ပြေအောင်တော့ လုပ်ဆောင် ပေးသွားမှာပါ။ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီး ဥက္ကဌ ဖြစ်တဲ့ ကိုသက် မှ ပြောပြပါသည်။



ဒုတိယအကြိမ် သွေးလှူပွဲကတော့ ပထမအကြိမ် သွေးလှူပွဲထက်ပိုပြီးတော့ လူတွေအများကြီး လာရောက်ကြတာကို တွေ့ရပါတယ်။ ဒီနေ့သွေးလာရောက် လှူကြတဲ့ လူဦးရေလည်း တော်တော်လေး များပါတယ်။ အရင်က ကျွန်မတို့ ခန့်မှန်းထားတာက သွေးလှူတဲ့ စရင်းကို ၁၅၀ လောက်ပဲ ခန့်မှန်းထားတာပါ။



ဒီနေ့လုပ်တဲ့ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲ အခမ်းအနားလေးမှာတော့ ၂၉၀ ၊ ၃၀၀ လောက်ဖြစ်နေပါတယ်။ ဒီနေ့ လုပ်ဖြစ်တာက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်သွားတော့ မလေးရှားရောက် ရွှေမြန်မာတွေကလည်း မြန်မာနှစ်ကူးဆိုတော့ လှူချင်ကြတဲ့ လူတွေကလည်း ပိုများသွားတာပါ။ ထင်ထားတာ ထက်တောင် ပိုများလာတာကို တွေ့ရပါတယ်။ သွေးလာရောက် လှူတဲ့အခါမှာ ခက်ခဲတာလေး တစ်ခုက အခုလှူလိုက်တဲ့ ဆေးရုံက ဒီနိုင်ငံက အစိုးရဆေးရုံ ဖြစ်တယ်။ ပထမအကြိမ် သွေးလှူပွဲကြတော့ ကျွန်မတို့က ပုဂ္ဂလိက ဆေးရုံဆိုတော့ ပါမတ်ရှိသူရော 6P သမားတွေ UN (ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ထားသူ) တွေထဲမှာ ကျန်းမာရေးကောင်းတဲ့ သူတွေဆို မည်သူမဆို လှူလို့ ရပါတယ်။



ဒီတစ်ခေါက်မှာတော့ အစိုးရ ဆေးရုံဆိုတော့ ပါမစ်သမားတွေမှ လှူလို့ရပါတယ်။ ဒီနေ့လာရောက် သွေးလှူတဲ့ အထဲမှာ UN သမားတွေလည်း ပါတယ်။ သူတို့က မလှူလိုက်ရပဲ ပြန်သွားကြတာ ရှိပါတယ်။ တစ်ချို့ကြတော့ အနာဖြစ်နေတာတို့ နေမကောင်းတာတို့ ရှိနေပါတယ်။ ဆိုတော့ သူတို့တွေ သွေးမလှူလိုက်ရဘူး .... ကျန်တာတွေက အားလုံးအဆင်ပြေပါတယ်။



ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးမှာ သွေးလာရောက် လှူဒါန်းကြတဲ့ ရွှေမြန်မာများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။ လာရောက်ပြီး သွေးမလှူလိုက်ရတဲ့ သူတွေကိုလည်း ကျွန်မတို့ဖက်မှ တောင်းပန်စကားပြောလိုပါတယ်။ ဒီနေ့ပွဲလေး ဖြစ်မြောက်ဖို့အတွက် အဖက်ဖက်က အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း အမာခံအသင်းဝင် တစ်ယောက်ဖြစ်တဲ့ မစိမ်းမို့မို့ မှ ပြောသွားခဲ့ပါသည်။



သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၇-၄-၂၀၁၂ (အင်္ဂါနေ့) မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် အထိမ်းအမှတ် အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....



၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့ တာဝန်ရှိသူများမှ မိတ်ဆက် စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။


ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနား ဓတ်ပုံများကို အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။ အင်တာဗျုး ဖြေကြားချက်များ အသေးစိမ် မေးမြန်းမှုများကို ကျွန်တော်ရဲ့ ကိုပိုင် အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ထုပ်လွင့်ပြီးသား ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။









http://api.ning.com/files/2aOF3UepEH9Pkz0ZTjxAkuPEw9m4ALyiPZSArO8B*UknxBneVVJu1xosrFZ00KWUeISJXYw5gYpZ49J5l7qEJg__/nayzawlin11.gif












News Information & Online Radio Media (Malaysia)


Sunday, 15 April 2012

ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် ရိုးရာသင်္ကြန်ပွဲတော်မှ မှတ်တမ်း ဓာတ်ပုံများ



နှစ်စဉ်ပြုလုပ် ကျင်းပလျှက်ရှိသော မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မဟာသင်္ကြန် ပျော်ပွဲရွှင်ပွဲကို ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာ မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်မှ ဦးစီးပြီး Port Dickson Beach ကမ်းခြေမှာ တန်ခူးလဆန်း(၁၃)ရက် သောကြာနေ့မှာ ကျင်းပခဲ့ကြောင်း သိရှိပါတယ်။



နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျွန်တော်တို့က ဦးစီးပြီးတော့ မလေးရှားရောက် မြန်မာတွေအတွက် တစ်နှစ်တာ ပင်ပန်းထားသမျှကို အခုလို သင်္ကြန်ရက်လေးမှာ အမှတ်တရ အပန်းဖြေနိုင်ဖို့အတွက် Port Dickson Beach ကမ်းခြေမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာအောင် ခမ်းခမ်းနားနား လေးပေါ့ ၊ ပြီးတော့ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် တစ်ခုနဲ့ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တစ်ခု ပြီးတော့ အဆိုအကပေါ့။ ဒီလိုတင်ဆက်ပေးဖြစ်တာပါ။



ကျွန်တော်တို့မြန်မာ့ဥယျာဉ် နဲ့ ကျွန်တော်တို့ ရခိုင် MAO အဖွဲ့လေးနဲ့ ပူပေါင်းပြီး စည်စည်ကားကား ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကမ်းခြေမှာ ရေဆော့ချင်သူတွေလည်း ရေဆော့လို့တယ်။ ပြီးတော့ သင်္ကြန်မဏ္ဍပ်မှာက မြန်မာအဆိုအက ၊ ရခိုင်အဆိုအက တွေနဲ့ ဖျော်ဖြေပေးနေပါတယ်။ ရခိုင်ရိုးရာ ရေကစားတဲ့ ဓလေ့ကို ပြချင်တဲ့ ပုံစံလေးပေါ့။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေက မလေးရှားရောက် မြန်မာများအားလုံး နှစ်သစ်ကူးသင်္ကြန်ပွဲတော်လေးမှာ အားလုံး စုစုစည်းစည်း နဲ့ ပျော်ရွင်စွာ အပန်းဖြေနိုင်အောင် လုပ်ဆောင် ပေးဖြစ်တာပါ။ ကိုစိုးသန်း မြန်မာ့ဥယျာဉ်မှ ပြောပြပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် မဟာသင်္ကြန်ပွဲတော်ကြီးကို Port Dickson Beach တွင်ပျော်ရွင်စွာဖြင့်ြံပုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ နေရာအများစုမှ ရွှေမြန်မာများ မဟာသင်္ကြန်ပွဲတော်ကြီးကို ပါဝင်ဆင်နွဲကြခဲ့ကြောင်း သိရှိရပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ်မှ စီစဉ်ကျင်းပသော မဟာသင်္ကြန်ပွဲတော်ကြီးအား မှတ်တမ်း ဓာတ်ပုံများဖြင့် တင်ဆက်ပေး လိုက်ပါသည်။



















































Malaysia News Information & Online Radio Media,

Tuesday, 6 December 2011

ဆရာ အကိုနေဇော်လင်းရဲ့မွေးနေ့ဆုတောင်းစာလေးပါ


မင်္ဂလာပါ စာဖတ်သူ ပရိတ်သတ်များခင်ဗျာ...

အခုလက်ရှိပုံမှာမြင်နေရတဲ့ သူကတော့ ကျွန်တော်ရဲ့ ဆရာ အကို နေဇော်လင်း ဖြစ်ပါတယ် (7,10.2011) မှာကျ ရောက်တဲ့ သူ့ရဲ့မွေးနေ့လေး အတွက် ကျွန်တော်ရဲ့ ဆုတောင်း စာလေးဖြစ်ပါတယ်။ ကိုနေဇော်လင်းဟာ တကယ်ကိုချီးကျူး စရာကောင်းတဲ့ လူငယ်တစ်ယောက်ပါ။

ကိုယ်ကျိုး အတွက်မကြည့် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းကို အွန်လိုင်းမှာ သတင်းအစုံ အလင်နဲ့ ဗွီဒီယို ဇာတ်လမ်း ကောင်းကောင်း လေးတွေ စာပေပညာလေးတွေ နောက်ပြီး ဘောလုံး အားကစားနှင့်
နိုင်ငံအသီးသီးမှ သတင်း အရပ်ရပ်တို့ကို အွန်လိုင်းမှတစ်ဆင့် မေတ္တာ စေတနာကိုရှေ့တန်းတင်ပြီး ဖြန့်ဝေပေးနေတဲ့ BLOGGER ဆရာလေး တစ်ယောက်ပါ။

မြန်မာနိုင်ငံဆိုတာ အွန်လိုင်းကကြည့်လို့မရတဲ့ သတင်းမျိုးတွေ အများကြီး၇ှိပါတယ်။ အဲဒါလေးတွေကို အချိန်ကို တန်ဖိုးထား ပင်ပန်းတယ်ဆိုတာ စိတ်ထဲမှာမထည့်ကိုယ့်နိုင်ငံသားတွေ အလွယ်တစ်ကူကြည့်လို့ရအောင် အွန်လိုင်းက တစ်ဆင့် စွမ်းဆောင် ပေးနေတဲ့သူတစ်ယောက်ပါ။

တကယ်ပါဗျာ ကျွန်တော်လဲ ဝါသနာရှင်တစ်ယောက်ပါ။ ဒီလိုဖြန့်ဝေတယ်ဆိုတာ မလွယ်ပါဘူး လူကိုပင်ပန်းစေ တာတော့ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ဒါပေမဲ့ သူဟာ အဲဒါတွေထည့်မတွက်ပါဘူး မြန်မာပြည်သူပြည်သား တွေအတွက် ဒီလိုလေးဖြန့်ဝေပေးနေရတာကို သူတကယ် ပီတိဖြစ်နေမိတာပါ။

ဒီလိုသတင်း အစုံအလင်ကိုဖြန့် ဝေပေးနေရတာဟာ ဝမ်းရေးမလှပေမဲ့ ကုသိုလ်တော့ တကယ်ရတာပါ။ ကျွန်တော် တစ်ခါသူပြောဖူးလို့ ကျွန်တော့် ပရိတ်သတ်ကို ပြန်ပြောပြနေနိုင်တာပါ။ သူဟာ တကယ်ကိုစိတ်ရင်းကောင်းတဲ့ ယောင်္ကျားကောင်း တစ်ယောက်ပါ။

လူတန်းစားလဲမခွဲခြားတက်ပါဘူး မသိတာ မရှင်းတာကိုလဲနားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြတက်ပါတယ်
သူဒေါသထွက်တယ် ဆိုတာမရှိပါဘူး မရှိဘူးပြောလို့ တစ်ခုတော့ပြောချင်ပါတယ်။ သူအလုပ်လုပ်နေတဲ့ အချိန်မှာ လာနှောက်ယှက်တက်သူ မိန်းကလေး တော်တော်များများ၇ှိပါတယ် အဲဒါလေးတွေတော့ စိတ်ထဲမှာ သူနည်းနည်းထိပြီး ပြောတက် ပါတယ်။

ပါးစပ်ရိုင်းတာ မဟုတ်ဘူးနော် ချိုသာတဲ့ စကားလေးနဲ့ပဲပြောပြသွားတာပါ။ ကျွန်တော့်စိတ်နဲ့ ဆိုရင်တော့ တကယ်မရတာပါ အဲလိုမိန်းကလေးတွေ မြန်မာနိုင်ငံမှာမ၇ှိသင့်ဘူးလို့ထင်ချင်ပါတယ် ဒါပေမဲ့ တကယ် နှောက်ယှက်တာပါ။

မကူညီချင်နေကြပါဗျာ အဲလိုသူများ ကုသိုလ်ရေးလုပ်နေတာလေးကိုတော့ မနှောက်ယှက်သင့်ပါဘူး ကျွန်တော်ကတော့ အမြဲတမ်းအားပေးစကားပဲ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လဲသူ့ တပည့်တစ်ယောက်ပဲလေ ကိုယ့် ဆရာကို ဒီထက်မကအောင်မြင်အောင် ပြောရတာကျွန်တော်ပျော်ပါတယ် သူကလဲ ညီအရင်းထက်မခြား အရမ်းချစ်ပါတယ် ပညာ တွေလဲ ကျွန်တော့်ကို တစ်ဆင့်သင်ပေးခဲ့တဲ့ သူတစ်ယောက်ပါ။

သူဟာ အွန်လိုင်းပေါ်မှာ သတင်းဖြန့် အသိတရားလေးတွေဖြစ်ပေါ်စေတက်သော စာလေးတွေလဲ ရေးတက်ပါတယ်။ သူကိုယ်တိုင်လဲံ လိုက်နာပြီး ကျွန်တော့ကို ဆုံးမတက်ပါတယ်။ (ကျွန်တော် မမိုက်ဘူးနော်)..
အကိုကြီးတော့ အဖရာဆိုသလိုပေါ့ ကိုယ့်ညီတစ်ယောက်ကို လိမ္မာစေချင်တဲ့ ဆန္ဒလေးနဲ့ သူပြောနေတာ ကျွန်တော် နားလည်ပါတယ်။

ဒီလို အဘက်ဘက်မှ လူငယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့မလိုက်အောင် ကြိုးစားပြီး သတင်း အစုံအလင်တွေဖြန့်ဝေနေတဲ့ ကိုနေဇော်လင်း အတွက် မွေးနေ့ အမှတ်တရ စကားလေး ပြောလိုက်ကြရအောင်ဗျာ ....


မင်္ဂလာပါ အကိုနေဇော်လင်းရေ....

(7.12.2011) မှာကျရောက်တဲ့ အကို့ ရဲ့မွေးနေ့မှ နောက်နှစ်ပေါင်းများစွာအထိ ပျော်နိုင်ပါစေ ရေလာတဲ့ စမ်းလေးက ဗေဒါပန်းလေး တစ်ပွင့်လို့ ထာဝရ လန်းဆန်းနိုင် ပါစေလို့ ညီလေး စာဖတ်ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဒီထက်မကေ အာင်မြင်မှု့တွေဆွတ်ခူးနိုင်ပါစေလို့လဲထပ်မံ ဆုတောင်း ပေးပါတယ် အကို .....
.............------------.............-------------..............-----------..

အွန်လိုင်းမှာမေတ္တာရှင်လို့
ခေါ်ဆိုနိုင်လောက်တဲ့သူ
နှိုင်းစရာမရှိ အတုယူစရာ
ပညာတွေ ဖြန့်ဝေ

အွန်လိုင်းကသူတွေ
အရမ်းချစ်တဲ့သူ

တိုင်းတစ်ပါးမှာ နေပေမဲ့
အမျိုးကိုချစ်တဲ့ သူ

ကိုယ်ကျိုး အတွက်မကြည့်
ဇွဲ.လုံ့လ.ဝိရိယကို
ရှေ့တန်းတင်

မေတ္တာကို အခိုင်အမာထား
စေတနာ ဖြင့်ဖြန့်ဝေပေးတဲ့သူ
အပျော်ဆိုတာခဏတာ
နိုင်ငံသားတွေအပေါ်
သိစေချင်တဲ့ စိတ်က
ကမ္ဘာမှာ မေတ္တာရှင်လား
ထင်ရောင်မှားအောင်
စွမ်းဆောင်ပေးနိုင်တဲ့သူ

တက်သည့်ပညာမနေသာ(ဆိုသလို)
Blogger ပိုးလေး အတွက်...
ဆရာတစ်ယောက် ဖြစ်ခဲ့တဲ့သူ

http://sailinhtet1500.blogspot.com/

(ကိုလေးအတွက် ညီလေး စိုင်းလင်းထက်(အလွမ်းမင်းသားလေး)မှ မွေးနေ့အမှတ်တရ)

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။