အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Friday 11 October 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ

 
Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပါပြီ .... 

ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ 

Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ 

 ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ 


အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။ 

ဖုန်းနဲ့နားထောင်ဖို့ အဆင်မပြေသူများအတွက် အောက်ကဝဘ်ဆိုဒ်တွေကို ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်လေးကို နားဆင်နိုင်ပါတယ်။ 


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။ 

(1) Radio DJ - ,~NLS~' {ALinn} (China) 
(2) Radio DJ - David Sai (Muar-Malaysia) 
(3) Radio DJ - Zaw Zaw (Rawang-Malaysia) 
(4) Radio DJ - Sky Min (Bangkok - Thailand) 
(5) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(6) Radio DJ - Zaw Min Tan (Alor Stear-Malaysia) 
(7) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) 
(8) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(9) Radio DJ -Aung Phyo(San Diego-California-American) 
(10) Radio DJ - Yaw Tha Ma Mhwe Ko Htet (Pyin Oo Lwin-Myanmar) 

နေဇော်လင်း
Live Free Online Radio Media (Malaysia) 

Tuesday 3 September 2013

Live Free Online Radio Media (Malaysia News)

 

Free Online Radio Media (Malaysia News) 

ပထမဆုံး မြန်မာ အွန်လိုင်း ရေဒီယို အစီအစဉ်ဖြစ်တဲ့ ဖရီး မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်များကို နေ့စဉ် နေ့လည် ၁ နာရီမှ ည ၁၂ နာရီအထိ အသံလွင့်ပေးလျက် ရှိနေပါသည်။ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအတွက် ဖရီးအသံလွှင့် အစီအစဉ်များဖြစ်ပြီး မိမိချစ်သူ ခင်သူ သူငယ်ချင်းများ မိတ်ဆွေများအတွက် အမှတ်တရ သီချင်းများကို တောင်းဆိုနိုင်ပါတယ်။ 

ယခုလက်ရှိ စေတနာဖြင့် အသံလွင့် အစီအစဉ်များကို ကူညီတင်ဆက် ပေးနေသူများကတော့ 

(1) Radio DJ - Zaw Min Tan ( Alor Stear-Malaysia) 
(2) Radio DJ - Zaw Zaw ( Rawang-Malaysia) 
(3) Radio DJ -Yay Chan (Kepong-Malaysia) 
(4) Radio DJ - ,~NLs~' {ALinn} Chinese) 
(5) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) တို့ပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ www.malaysiaonlineradiomedia.com တွင် မလေးရှား သတင်းများ ၊ ဆောင်းပါး ၊ နည်းပညာ ၊ စာပေ ၊ ဖျော်ဖြေရေးများနှင့် သုတရသများ ကိုလည်း နေ့စဉ်ပိုစ့် အသစ်များကို အချိန်နှင့် တပြေးညီ ၂၄ ပတ်လုံး မည်သူမဆို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Free Online Radio Media (Malaysia News) ရေဒီယိုလိုင်းနှင့် ဝဘ်ဆိုဒ် စာမျက်နှာများတွင် အသုံးပြုတင်ထားသမျှ အရာအားလုံးသည် မည့်သည့်လူမျိုး ၊ ဘာသာကိုမှ ထိခိုက်စော်ကား ရေးသားထားခြင်း ၊ တင်ထားခြင်း လုံးဝမရှိပါ။ နိုင်ငံရေး ၊ လူမှုရေးများ ပက်သက်ဆက်နွယ်မှု များလည်း လုံးဝမရှိပါ။ 

မည့်သည့်အဖွဲ့အစည်း(သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လက်အောက်ခံ မဟုတ်ဘဲ ရွှေမြန်များအတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် သီးခြားရပ်တည်ကာ အဖက်ဖက်မှ ကဏ္ဍစုံ ပေးစွမ်းနိုင်မည့် ဝဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အားလုံးအတွက် အကျိုးကို လိုလားစွာဖြင့် ပြုလုပ် ဆောင်ရွက်ထားပါသောကြောင့် မည့်သူမဆို လွတ်လပ်စွာ ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်များနှင့် စာပေဗဟုသုများကို စိတ်ချမ်းမြေ့စွာဖြင့် နားဆင် လေ့လာပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

(မလေးရှားရောက် ရွှေမြန်မာများနှင့် နိုင်ငံတကာမှ ရေဒီယို အသံလွင့် အစီအစဉ်များကို စိတ်ပါဝင်စား ကူညီ တင်ဆက်ပေးလိုပါက မိမိနေထိုင်ရာနိုင်ငံ မိမိနေအိမ်မှ ကွန်ပျူတာဖြင့် ကူညီတင်ဆက် ပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ 

ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးမှာ သီချင်းများတောင်းဆိုပါက အဆိုတော်နာမည် ၊ သီချင်းနာမည် ၊ သီချင်းတောင်းဆို၏ နာမည် ၊ တောင်းဆိုရတဲ့ စိတ်ကူး ရည်ရွယ်ချက်များ အကြောင်း စတာတွေကို ရေးသားပြီး အောက်ကလိပ်စာကိုနှိပ်ကာ ဝင်ရောက်တောင်းဆိုနိုင်ပါတယ် ခင်ဗျာ ။။။။ 

(သီချင်းများ တောင်းဆိုရန်နှင့် မန်ဘာဝင်ရန်အတွက် လိပ်စာ) (https://www.facebook.com/groups/522377324509381/?fref=ts)  ရေဒီယို အစီအစဉ်များကို တိုက်ရိုက်နားဆင်လိုပါက အောက်ပါလိပ်စာများတွင် ဝင်ရောက်နားဆင်နိုင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 


ဖုန်းနဲ့ နားထောင်ချင်တယ်ဆိုရင် အောက်ကလင့်မှာ ဆောဝဲလေး 1.69 MB ပဲရှိပါတယ်။ အောက်ကလိပ်စာမှာ ဒေါင်းပြီးဖုန်းတွင် install လုပ်ပြီး နားဆင်နိုင်ပါပြီ။ 


 နေဇော်လင်း 
Free Online Radio Media (Malaysia News) 

Wednesday 1 August 2012

နည်းပညာများ လေ့လာမျှဝေ ရေးသားနေသူ ဘလော့ကာ အမျိုးကောင်းသား နှင့် အင်တာဗျူး


စာဖတ်သူများ အားလုံးမင်္ဂလာပါ ခင်ဗျာ။

နေ့စဉ် ဆော့ဝဲလ်များ နည်းပညာများ ကွန်ပျူတာနဲ့ ပက်သက်တာတွေ နည်းပညာတွေကို သူကိုယ်တိုင် လေ့လာပြီး လေ့လာဆဲ လူငယ်တွေအတွက် မြန်မာလို အလွယ်တကူ သိရှိနိုင်အောင် အွန်လိုင်းက သူရဲ့ဘလော့လေးမှာ နည်းပညာတွေကို နေ့စဉ် မျှဝေပေးနေတဲ့ ဘလော့လေး တစ်ခုကို တွေ့ထားပါတယ်။ အခုလို အိုင်တီ ခေတ်ကြီးထဲ ဆော့ဝဲလ်များ နည်းပညာတွေက လူငယ်တွေအတွက် တစ်ထောင့် တစ်နေရာက တော်တော်များများ အသုံးဝင်ပါတယ်။

ဒီလို နည်းပညာတွေနဲ့ ပက်သက်ပြီး မျှဝေပေးနေတဲ့ ဘလော့လေး တစ်ခုကို ပြောပြရမယ်ဆိုရင်တော့ ဒီတစ်ခါ စာဖတ်သူများကို မိတ်ဆက်ပေးချင်တဲ့ ဘလော့ကာလေး တစ်ယောက်ကို အင်တာဗျူးလုပ်ပြီးတော့ မိတ်ဆက်ပေးသွားမှာပါ။ စာဖတ်သူများ အားလုံး စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ နည်းပညာ လေ့လာနေတဲ့ လူငယ်တွေတော်တော် များများလည်း သိလိမ့်မယ် ထင်ပါတယ်။ ဘလော့ကာ အမျိုးကောင်းသား ဖြစ်ပါတယ်။

နိုင်ဝဘ်ဆိုက်တွေ တော်တော်များများနဲ့ သူ့ရဲ့ဘလော့လေးမှာ သူလေ့လာမိသမျှ ဆော့ဝဲလ်နဲ့ နည်းပညာတွေကို နေ့စဉ် တင်ပေးလျှက် ရှိနေပြီး နည်းပညာ လေ့လာနေတဲ့ လူငယ်တွေကို ပြန်လည် မျှဝေနေတဲ့ ဘလော့ကာလေး အမျိုးကောင်းသား နဲ့ တွေ့ဆုံပြီး သူ့ရဲ့လုပ်ဆောင်ချက် လေးတွေကို ဒီလို မေးမြန်းဖြစ်ပါတယ်။



မင်္ဂလာပါ အစ်ကို ....

မေး = အစ်ကို နည်းပညာ တွေကို ဘယ်တုန်းက စတင်လေ့လာဖြစ်လဲ ?

ကျွန်တော် 2010 လောက်နေစပြီးတော့ လေ့လာခဲ့တာပါ။ ဘလော့တော့ မဖွင့်ရသေးဘူးပေါ့။

မေး = ဘလော့နာမည်က အမျိုးကောင်းသား ဆိုတော့ နာမည်အရင်းလည်း ဒါမှမဟုတ် ရွေးချယ်ပေးဖြစ်တဲ့ နာမည်လား ဆိုတာ ပြောပြပေးပါဦး။

ရွှေးချယ်ပေးတဲ့ နာမည်ပါ အမျိုးကောင်းသား နာမည်အစ ကတော့ ချောကလက်မြိုတော် ဆိုဒ်မှာ အသုံးပြုဖို့ ရွေးရင်းနဲ့ အဲဒီ နာမည်ကို အမြဲတမ်း အသုံးပြုခဲ့တာပါ။

မေး = ဘယ်တုန်းက ဘလော့လေးကို စတင်ပြုလုပ်ပြီး ရေးဖြစ်တာလဲ ?

ကျွန်တော် ဘလော့မရေးခင် (နိုင်)ဆိုဒ်တွေမှာ ဆော့ဝဲလ် တွေနဲ့ ပက်သက်ပြီး ပိုစ့်တွေ တင်နေပါပီ 2010 လောက်မှာ ပိုစ့်တွေ တင်ရင်းနဲ့ သူငယ်ချင်း တစ်ယောက် ဘလော့လုပ်ဖို့ အကြံပေးတော့ 2011 လောက် 7 ပိုင်းလောက်မှာ ဘလော့ကို စဖွင့်ဖြင့်ခဲ့ပါတယ်။

မေး = လူတိုင်း လူတိုင်း အရာတစ်ခုကို လုပ်ဆောင်တယ်ဆိုရင် ရည်ရွှယ်ချက်တွေ ရှိကြပါတယ်။ အခု အစ်ကိုရဲ့ ဘလော့လေးကို ဘယ်လို ရည်ရွှယ်ချက်နဲ့ လုပ်ဖြစ်သွားလဲ ?

ဟုတ်ကဲ့ ... ရည်ရွှယ်ချက်ကို ပြောရမယ်ဆိုရင် ဆော့ဝဲလ် တွေနဲ့ ပက်သက်ပြီး တစ်နေရာတည်းမှာ စုံစုံလင်လင်ရနိုင်အောင် ရည်ရွှယ်ပြီးတော့ လုပ်ဖြစ်သွားတာပါ။ တကယ်တော့ အွန်လိုင်းမှာရှာရင် ကိုယ်လိုချင်တာ အလွယ်တကူရပါတယ်။ ဘယ်မှာမှ ရှာစရာ မလိုမလိုအောင် လို့ ဆော့ဝဲလ်တွေ ဂိမ်းတွေ စသည်ဖြင့် စုံစုံ လင်လင် ရအောင် တတ်နိုင်သလောက် စုစည်းတော့ ပြန်လည် မျှဝေတာပါ။



မေး = အစ်ကို နည်းပညာဖက်ကို ဘယ်လိုဝါသနာ ပါပြီး လေ့လာ ဖြစ်သွားလဲ ?

အဲဒါကျတော့ ပြောရခက်တယ်။ သူများ အဆင်ပြေအောင် ကိုယ်အားတဲ့အချိန်မှာ အများ သူငှာအတွက် အကျိုးရှိမယ်ထင်လို့ အချိန်ပေးပြိးတော့ လုပ်ရင်း ၀ါသနာပါသွားတာဘဲ (ကိုယ့်ကိုကိုယ် နည်းပညာ ဆိုဒ်လို့တော့ မခံယူသေးပါဘူး )

မေး = ဘလော့ကို စလုပ်တဲ့ အချိန်က ဘယ်လို လေ့လာပြီး စတင်ခဲ့ပါသလဲ ?

သူများရေးထားတဲ့ ဆိုဒ်တွေကို လေ့လာရတာပေါ့။ အများဆုံး လေ့လာဖြစ်တာတော့ ကိုညီနေမင်းဆိုဒ် ကိုနေမင်းမောင် ဆိုဒ်တွေကို လေ့လာပါတယ်။ ပြီးတော့ ဘလော့ Settings Template တွေကို ကိုယ့်ဟာကိုယ် ဘလော့ စဖွင့်တဲ့အချိန်မှာ တစ်လလောက် လေ့လာပါတယ်။ဘာလို့ဆိုတော့ ကိုယ့် သူငယ်ချင်းတွေထဲမှာ ဆိုဒ်ဖွင့် ထားတဲ့ သူမရှိတော့ ဘယ်ကိုမှ မေးလို့ရပါဘူး။ ကိုယ့်ဟာကိုလေ့လာရင်း Settings Template နည်းနည်း ပါးပါး နားလည် လာပါတယ်။

မေး = ကိုယ်တိုင် လမ်းညွန်မှု မရှိပဲ လုပ်ဖြစ်တယ် ဆိုတော့ အစ်ကို အနေနဲ့ ဘယ်လို အခက်အခဲနဲ့ လေ့လာဖြစ်သလဲ ?

လမ်းညွန်မှုမရှိတော့ အစမှာ တော်တော်ကို ခက်ခဲ့ပါတယ်။ ဖွင့်ချင်စိတ်ပါကုန်တယ်။ ဒါပေမယ် မလျှော့သော ဇွဲနဲ့ Google မှာ ရှာပြီးတော့ လေ့လာ ရပါတယ် လေ့လာရင်းနဲ့ HTML အကြောင်း နည်းနည်းပါးပါး သိလာပါတယ်။




မေး = ဘလော့တစ်ခု စတင်လိုက်ပြီ ဆိုတော့ ဆော့ဝဲလ်များနဲ့ နည်းပညာ လိုင်းကို ဘယ်လို ရွေးချယ်ဖြစ်သွားလဲ ?

ဘယ်လို ရွှေးဖြစ်တယ်ဆိုတော့ ကျွန်တော်က ဘလော့ မဖွင့်ခင်ကတည်းက ဆော့ဝဲလ်တွေနဲ့ ပက်သက်ပြီးပိုစ့်တွေ ရေးသားနေတာဆိုတော့ (ဇတ်လမ်းတွေ ရေးဖို့လည်း စိတ်ကူးရှိပါတယ် ) ဘလော့စဖွင့်တော့ ဆောစ့်ဝဲလ် လိုင်းကို ရွေးဖြစ်သွားပါတယ်။

မေး = ဘလော့လေးက နည်းပညာနဲ့ ပက်သက်တာတွေ တော်တော်များများ တင်ထားတာ တွေ့ရပါတယ်။ ဒီလို မျှဝေဖြစ်အောင် ကိုယ်တိုင် ဆော့ဝဲလ်ပိုင်း နည်းပညာပိုင်းတွေကို ဘယ်လို လေ့လာသလဲ ဆိုတာ ပြောပြပေး စေလိုပါတယ်။

အစပိုင်းမှာဆိုရင် ဆောစ့်ဝဲလ်အတွက် လိုင်စင် ရှာရင်းနဲ့ ဗိုင်းရပ်လည်းခဏခဏထိပါတယ် ကျွန်တော် ကွန်ပျူတာ စကိုင်တော့ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိသေးပါဘူး သင်တန်းတွေလည်း မတတ်ဖူးပါဘူး ဘာမှမသိညာမှန်းမသိဘဲ သုံးရင်း ကွန်ပျူတာလည်း ခဏခဏပျက် ခဏခဏ ၀င်းဒိုး တင်ရတာပေါ့ အစပိုင်းမှာတော့ နောက်ပိုင်းမှာတော့ ဆောစ့်ဝဲလ်တွေနဲ့ ပက်သက်ပြီး ဘယ်လို လိုင်စင်ယူရတယ် အသုံးပြုရတယ်ဆိုတာ နားလည်လာပါတယ်။

မေး = ကွန်ပျူတာပိုင်း နဲ့ ဆောဝဲလ်ပိုင်း နည်းပညာပိုင်းကို ဘယ်လိုလေ့လာ သင်ယူခဲ့တာလဲ ဆိုတာ ဗဟုသုတ ရအောင် ဖြေပေးပါဦး ။

ကိုနေမင်းမောင် ဆိုဒ်နဲ့ ကိုညီနေမင်း ဆိုဒ်မှာ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖြစ်ပါတယ် စိတ်ထဲကနေ ဆရာ တင်ထားတဲ့ ဆိုဒ်နှစ်ဆိုဒ်ပေါ့ ဆောစ့်ဝဲလ်ပိုင်းကျတော့ ကိုယ့်ဟာကိုယ် လေ့လာရင်း နားလည် လာပါတယ်။ အဲလိုသိဖိုလည်း အချိန် တော်တော်ပေးရပါတယ် အမေအဆူအဆဲခံပြီးတော့ ကို လေ့လာခဲ့ရတာပါ။

မေး = နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည်တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကိုအနေနဲ့ ဘာများ ပြောချင် မှာချင်လဲ ?

ဘယ်လိုပြောရမလည်း လေ့လာပေါ့ဗျာ လို့ဘဲပြောရမယ်။ အင်တာနက်ဆိုတာ အသုံးချတတ်သူ အဖို့တော့ ရတနာသိုက်ဘဲလေ ပြီးတော့ နည်းပညာ စာအုပ်တွေဖတ် ပြီးတော့ ကိုယ်တိုင် လေ့လာ အဲလိုလုပ်ရင်းနဲ့ နားလည် တက်ကျွမ်းပြီးတော့ အချိန်ပေးရင် အချိန်ပေးနိုင်သလို နားလည်လာနိုင်ပြီး ဆရာကောင်း သမားကောင်းနဲ့တွေ့ခဲ့ရင်တော့ စီးပွားရေး နယ်ပယ်အထိ ရောက်အောင် အသုံးချနိုင်ပါတယ်။ နည်းပညာဆိုတာ ကိုယ်တိုင် လေ့လာမှသာလျှင် ကျွမ်းကျင်းပြီးတော့ နားလည်လာမှာပါ။ ဘယ်ပညာရပ် မဆို ကိုယ်တိုင် အပင်ပန်းမခံရင် မတတ်မြောက်နိုင်ပါဘူး။

မေး = ကွန်ပျူတာ အသုံးပြုတဲ့ လူငယ်တွေ ကွန်ပျူတာ အကြောင်းကို လေ့လာနေတဲ့ လူငယ်တွေကို ဘယ်လို လေ့လာ သင့်သလဲ ဆိုတာ ပြောပြပေးပါဦး ?

ကွန်ပျူတာ အကြောင်း လေ့လာမယ်ဆိုရင် ပထမ အချက်ကတော့ ကိုယ်ပိုင်ကွန်ပျူတာလေး ရှိမှ အဆင်ပြေမှာပေါ့။ ဘာလို့ဆိုတော့ စာတွေ့ကြီးဘဲ လေ့လာနေရင် ဖတ်တုန်း မှတ်တုန်း သင်တုန်းဘဲ မှတ်မိနိုင်ပါတယ်။ ကွန်ပျူတာရှိတော့ လက်တွေ့ လေ့လာနိုင်တော့ ပိုပြီးတော့ သိလွယ် တတ်လွယ်တာပေါ့။ လေ့လာရင်းနဲ့ အခြားသော ပြသနာတွေကိုလည်း ဖြေရှင်းတတ်ပြီး နားလည်လာမှာပါ။ အဓိကတော့ လေ့လာ မှတ်သားပါ ပြီးရင် လက်တွေ့လုပ်ကြည့်ပါ။ အဲဒါဆို တဖြည်းဖြည်းနဲ့ နာလည် တတ်ကျွမ်းလာပြီး တစ်ချိန်မှာ ကိုယ့် စီးပွားရေး အဖြစ်တောင် အသုံးနိုင်ပါသေးတယ်။


မေး = ဆောဝဲလ်ပိုင်း ကွန်ပျူတာ နည်းပညာနဲ့ ပက်သက်ပြီး လေ့လာ သင်ယူရတာ လွယ်တယ်လို့ တစ်ချို့က ပြောကြပါတယ်။ တကယ့် လေ့လာနေတဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘယ်လို ပြောမှာလဲ ?

လွယ်တယ်လို့ ပြောတဲ့ သူကတော့ အခြေခံ အဆင့်လောက်ကို နားလည်ပီးတော့ ပြောတာပါ ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာတွေက ပိုအဆင့်မြင့်လာလေ ပိုခက်ခဲလာလေပါဘဲ ပညာဆိုတာ ဆုံခန်းတိုင်ဖို့ မလွယ်ပါဘူး။

လေ့လာ လေတွေ့ရှိလေ့ပါဘဲ ပိုလေ့လာလေ ပိုတွေ့ရှိလေပေါ့ဗျာ။ တကယ် လေ့လာတဲ့ ညီငယ် တွေကို ပြောချင်တာကတော့ ကိုယ်ဝါနာပါမယ် ဆိုရင် တစိုက် မက်မက်ကြိုးစားပါ။ လေ့လာပါ ပြီးတော့ မရှက်ပါနဲ့ ကိုယ်မသိဘူးဆို မသိဘူး မနားလည်ဘူးဆို မနားလည်ဘူး ဆိုပြီးတော့ ဆရာ ဒါမှမဟုတ် ကျွမ်းကျင်သူ ကိုမေးပါ လေ့လာသူအဆင့်မှာ ငါဆိုတဲ့ မာနကိုချတာ ထားအကောင်းဆုံး ပါဘဲ။

ပညာရှာ သူဖုန်း စားပမာလို့ စကားပုံတောင်ရှိသေး တာဘဲလေ ပညာသင် လေ့လာသူ အဆင့်မှာ ရိုးသားပါလို့ ပြောချင်ပါတယ်။ သိသလို တတ်သလို ဟန်ဆောင်ရင်တော့ တကယ်နားလည် တတ်ကျွမ်းတဲ့သူ မဖြစ်နိုင်ပါဘူး။

မေး = အစ်ကိုက ဆော့ဝဲလ်ပိုင်း နည်းပညာဖက်ကို ဦးစားပေး ရေးသားနေတယ် ဆိုတော့ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ နည်းပညာတွေက ဘယ်လို အရေးပါ အရာ ရောက်လဲဆိုတာ အစ်ကိုရဲ့ အမြင်လေးကို ပြောပြ ပေးပါဦး။

နည်းပညာက အရေးပါပါတယ်။ အခုလို တိုးတက်နေတာ မြန်မာနိုင်ငံမှာဆို သတင်းတွေ အချိန်နဲ့အမျှ သိနိုင်ပါတယ် ဂျာနယ်မှာ စောင့်ဖတ်မယ်ဆိုရင်တော့ ထွက်မယ့်နေ့ကို စောင့်ရအုံး နည်းပညာက တိုးတက်လာတာနဲ့အမျှ အသုံးချစရာ တွေကလည်းများလာပါတယ်။ အဓိကတော့ နိုင်ငံခြား စီးပွားရေး တွေကို လေ့လာရင် သိနိုင်ပါတယ်။

အလုပ်ခေါ်ရင် အင်တာနက် ရှယ်ရာ ဈေးကစားရင်လည်း အင်တာနက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး လုပ်တဲ့အခါ အင်တာနက် မရှိမဖြစ်လိုအပ်တဲ့ အရာဘဲလေ နောက်ပြီး ကျောင်းသားတွေ အတွက်လည်း အင်တာနက်မှာ လေ့လာမယ် ဖြေမယ် လုပ်စရာတွေက အများကြီးပါဘဲ နည်းပညာက တိုးတက်ရင် တိုးတက်သလို သူနေရာနဲ့သူ အသုံးချနိုင်တဲ့ နေရာတွေအများကြီးပါ။ ကောင်းတဲ့သူ ကောင်းတဲ့နေရာ အသုံးချသလို မကောင်းတဲ့ သူတွေကလည်း မကောင်းတဲ့ နေရာမှာ အသုံးချ နိုင်ပါတယ်။

မေး = ဘလော့ကာ တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ နားလည်ဖို့ လိုအပ်သလဲ ဆိုတာ ဘလော့ရေးသူ ဝါသနာရှင်များ သိအောင်လည်း ပြောပြပေးစေ လိုပါတယ်။

HTML အကြောင်းကို ကျွမ်းကျွမ်း ကျင်ကျင် နားလည်မယ်ဆိုရင် ကောင်းတာပေါ့ နားလည် ဆိုဖို့ဆိုတာလည်း လေ့လာမှရမယ်လေ။ အဲဒါတွေနားလည်ပြီ ဆိုရင် ဆိုဒ်မှာ ကိုယ်ပြင်ချင်တာတွေ ထည့်ချင် တာတွေ လှအောင် ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ အဲလိုပြောလို့ ကျွန်တော်ကို ကျွမ်းတယ် မထင်ပါနဲ့ နားလည်ဆိုတယ် ဆိုယုံအဆင့် လောက်ဘဲရှိပါ သေးတယ်။ အဓိကတော့ HTML CODES တွေကို နားလည်ရမှာပေါ့။



မေး = အစ်ကိုရဲ့ဘလော့လေးမှာ နေ့စဉ်ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ငွေမရပဲ ဝါသနာ အရ ရေးနေကြတယ်ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ အစ်ကိုကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ ?

လူရယ် လို့ဖြစ်လာရင် စိတ်ညစ်စရာ တွေတော့ ကြုံရတာဘဲလေ ကိုယ်ရေး ကိုယ်တာကတော့ အခုထိ အဆင်ပြေပါတယ်။ အလုပ်ထဲမှာ အဆင်မပြေတာတွေ ရှိခဲ့ ကိုယ်ဆိုဒ်ကို ဖွင့်ကြည့်တဲ့ အခါ ပျောက်သွားပါတယ် ကျွန်တော်ဆိုဒ်က ကျွန်တော် အတွက်တော့ အပန်းဖြေရာ တစ်နေရာပါဘဲ ... ....

မေး = ဘလော့ရေးသူ တစ်ယောက် အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ရင်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ပီတိဖြစ်မိတာ လေးကို မျှဝေပေးပါဦး ?

အဲဒါက .... ဘယ်လိုပြောရလည်း ပြောပြမတတ်ဘူး ကျွန်တော် ဆိုဒ်ထဲဝင်လိုက်ရင် ဘယ်သူတွေက စီဘောက်မှာ အော်သွားလည်း မေးထဲမှာ ဘယ်သူတွေက ဘာတွေ ပို့ထားလည်းဆိုပြီး ကြည့်ပါတယ်။ ဘယ်သူကတွေက အဆင်ပြေတယ် လို့ပြောသွားရင် ကျွန်တော် စိတ်ထဲမှာပျော်ပါတယ်။ လိုင်းမကောင်းတဲ့ ကြားက ၀ါသနာရော စေတနာပါ ထည့်ပြီးတော့ လုပ်ထားတဲ့ ဘလော့လေးပါ ကျွန်တော်တို့မှာ ကွန်နက်ရှင် မကောင်းပါဘူး အဆင်ပြေတယ် ကျေးဇူးတင်တယ်လို့ ရေးထားတာလေးကို ဖတ်ပြီးတော့ ကျွန်တော် ဆိုဒ်မှာ နေ့စဉ်Update ဖြစ် ကြိုးစားပါတယ် ဘယ်လို ပီတိဖြစ်တယ်ဆိုတာ ပြောပြ မတတ်အောင်ပါဘဲ။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု မကောင်း ပြောဆို တာတွေမျိုးပေါ့ ဒါမှ မဟုတ် တစ်ယောက်က အထင်လွဲတာတို့ပေါ့ အစ်ကို အနေနဲ့ ကြုံဖူးလား ?

အင်း ... အဲဒါ တစ်ခုကတော့ ကံကောင်းတယ်ဘဲ ပြောရမလား မကြုံဖူးသေးပါဘူး ....



မေး = အစ်ကိုရဲ့ ဘလော့လေးမှာ တင်ပေးဖြစ်တဲ့ (မျှဝေဖြစ်တဲ့) အမျိုးအစား လေးတွေကို စာဖတ်သူများအတွက် အသေးစိပ် ပြောပြပေးပါဦး။

အဓိကတော့ အသုံးဝင်မယ်ထင်တဲ့ ဆော့ဝဲလ် ကိုတင်ပေးပါတယ်။ ဆော့ဝဲလ် ထဲမှတောင် ပရိုမိုးရှင်းပေးတဲ့ တရားဝင် လိုင်စင်ပေးတဲ့ ဆောစ့်ဝဲလ်ကို တင်ပေးပါတယ်။ ဆော့ဝဲလ် တွေမှာ ဗားရှင်း အသစ်တစ်ခုတိုးလာတဲ့ အချိန် လိုင်စင် ပေးပါတယ်။

ကိုယ်ယူတတ်ဖို့တော့ လိုတာပေါ့။ အဲဒါတွေကိုအဓိက ပြန်လည် မျှဝေပေးပါတယ်။ နောက်ပြီး သူများ တောင်ဆိုထား တာတွေကို ရှာဖွေပြီး ပြန်လည် တင်ပေးပါတယ်။ နောက်ပြီး ဂိမ်း ဖုန်းနဲ့ပက်သက်တဲ့ ဆော့ဝဲလ်တွေ ဂိမ်းတွေကို တင်ပေးပါတယ်။

မေး = ဆက်လက်၍ ဘလော့လေးကို ဘယ်လိုကြိုးစားသွားမယ်ဆို ဖြေကြား ပေးစေလိုပါတယ်။

ဟုတ်ကဲ့ ကျွန်တော် အားလပ် အချိန်တွေ အကုန်လုံးကို ဘလော့ထဲမှာဘဲ နှစ်မြုပ်ထားတာပါ ကျွန်တော် အင်တာနက်သုံးလို့ရနေမျှ ဘလော့က အသက်ရှင်နေအုံးမှာပါ ပေးဆပ်နေအုံးမှာပါ။

မေး = နေ့စဉ် အစ်ကိုရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေပြီလဲ ?

တစ်နေ့ကို 2187 ကျော်လောက်ရှိပါတယ်။ ပုံမှန်တစ်နေ့ကိုတော့ အနည်းဆုံး 1780 နဲ့ အများဆုံး 2204 ၀န်းကျင် အတွင်းမှာတော့ ရှိပါတယ်။

မေး = အစ်ကိုရဲ့ဘလော့လေးက တ်ာတော်များများ လူသိများတယ်နော် ပြီးတော့ နည်းပညာများ ဝင်ရောက် လေ့လာနေသူတွေလည်း တော်တော်များပါတယ်။ အခု အချိန်မှာ ကိုအမျိုးကောင်းသား ဘာလော့လေး အောင်မြင်နေပြီလို့ ပြောရင် အစ်ကို ဘာပြောမှာလဲ ?

အောင်မြင်တယ် လို့တော့ မပြောချင်ပါဘူး ကျွန်တောင်ဆိုဒ်ကို သံယောဉ်ဇဉ် ရှိပြိး နေ့တိုင်း လာလည်တဲ့ သူတွေလည်းရှိပါတယ်။ ကျွန်တော် ဆိုဒ်ကို လာလည်ကျတဲ့ လာလေ့လာကြတဲ့ သူငယ်ချင်းတွေ အတွက် တတ်နိုင်သမျှ ပေးဆပ်မှာပါ ဆိုဒ်ကိုဝင်ရောက်ပြီးတော ကျွန်တော်ကိုခင်ပြီး လေးစားတဲ့ ညီ အကို တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

လာလည်တဲ့ သူငယ်ချင်းတွေ ကြောင့် ကျွန်တော် ဘလော့တင်ရတာ အားရှိပါတယ် ဆိုဒ်ဖွင့်စကဆို တော်တော်ကို စိတ်ပျက်ဖူးပါတယ်။ လူတစ်ယောက်ရဲ့ အားပေးမှုကြောင့် ကျွန်တော် ဘလော့တင်ရတာ ပျော်ရွှင်နေပါပြီ။ အကိုရေ ကျေးဇူးတင်ပါတယ် လို့ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော်အတွက် စိတ်တက်ကြွဖို့ ကောင်းတဲ့ စကားလုံးပါ အားပေးကျတဲ့ အခြား သူငယ်ချင်းတွေကိုလည်း ကျေးဇူး တင်အရမ်းတင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး = အစ်ကိုဘလော့မှာ ရေးတင်နေတဲ့ နည်းပညာပိုင်း ဆိုင်ရာပိုစ့်လေးတွေကို အစ်ကိုဘလော့လေးမှာပဲ တင်ဖြစ် မျှဝေဖြစ်လား တစ်ခြား ဝက်ဆိုက်တွေ ဘလော့တွေ မှာရော မျှဝေဖြစ် တင်ပေးဖြစ်လား ?

အရင်ကတော့ အခြားဆိုဒ်တွေမှာပါ (Ning Sites) မျှဝေပါတယ် အခုလည်း အားရင် အားသလို မျှဝေပါတယ်ခ ဘာလို့လည်း ဆိုတော့ ကျွန်တော်က Ning Sites ကနေ ဘလော့ ကိုကူးပြောင်းလာသူဆိုတော့ Ning Sites ကို သံယောဇဉ် မပျက်သေးပါဘူး အားတဲ့ အခါတိုင်း ပြန်လည် မျှဝေပါတယ်။

မေး = အစ်ကိုရဲ့ ပညာအချင်း နဲ့ အလုပ်အကိုင် နေရပ်လိပ်စာလေးကို ပြောပြပေးနိုင်မလား ?

ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော် 10 တန်း မအောင်ပါဘူး အဲဒီအတွက်လည်း စိတ်မပျက်ခဲ့ပါဘူး မိသားစု အခြေကြောင့် ပြန်ဖြေချင်ပေမယ့်လည်း မဖြေခဲ့ရတဲ့အတွက် ၀မ်းလည်းမနည်းခဲ့ပါဘူး။ အခုကျွန်တော် ပန်းထိမ်လုပ်ပါတယ်။ အမေဆိုင်မှာ ရွှေလည်းဝိုင်းရောင်းပါတယ်။ ကျွန်တော် ဘွဲ့မရပေမယ့် ကျွန်တော်မှာ ကိုယ်ပိုင် လုပ်ငန်းရှိတဲ့ မသိမ်ငယ်ခဲ့ပါဘူး နေတာကတော့ မြန်မာနိုင်ငံ တောင်ဘက် အစွန်ဆုံးပိုင်း နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာနေပါတယ် လမ်းကြုံတဲ့အခါလည်း ကော့သောင်းမြို့ ဈေးထဲက ရွှေဇင်ဦး ရွှေဆိုင်ကို လာလည်ပါ လို့ ဖိတ်ခေါ်ပါတယ်။

မေး= ဘလော့ရေးသူ ဘလော့ဂါ တစ်ယောက်အနေနဲ့ ၁၅၀၀ အချစ်နဲ့ ပက်သက်ပြီး ဘယ်လို ခံယူ နားလည်ထားတာလဲ ?

အဲဒါကတော့ ပြောရခက်တယ်ဗျ တစ်ယောက်နဲ့ တစ်ယောက်က အမြင်ချင်းမတူကြဘူးလေ ကျယ်ပြန့်တယ် ကျွန်တော်က ဘယ်လို နားလည်ထားလည်းဆိုတော့ တစ်ယောက်ကို တစ်ယောက် အားပေးမှုတွေ နားလည်မှုတွေနဲ့ အချစ်ကို တည်ဆောက်ရတယ် လို့ထင်ပါတယ်။

မေး = ကိုအမျိုးကောင်းသားရဲ့ စာဖတ်ပရိတ်များက အစ်ကိုရဲ့ အချစ်ရေး/အိမ်ထောင်ရေး အကြောင်း စိတ်ဝင်စားနေကြတယ်။ ဘယ်လိုပြန်ပြောပေးရမလဲ ?

အင်း ... ကျွန်တော်မှာ လက်ထပ်ဖို့ ရည်ရွှယ်ထားတဲ့ မိန်းကလေးရှိပါတယ်။ ကျွန်တော် သူနဲ့ဘဲ လက်ထပ်မှာပါ ။ ကျွန်တော် မိဘကတည်း သဘောတူပါတယ်။ သူက ကျွန်တော် အပေါ် အရမ်းနားလည် ပေးတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော်လည်း သူ့ကို အရမ်းချစ်ပါတယ်။

မေး = အစ်ကို နားလည်ထားတဲ့ မိသားစု ချစ်ချင်း သံယောဇဉ် ၅၂၈ အကြောင်းလေးကို ဖြေပေးပါဦး။

ကျွန်တော်က တော့ ကျွန်တော် အမြင်နဲ့ဘဲ ပြောရမယ်ဆိုရင် ကြီးသူကိုရိုသေပြီး ရွှယ်သူကိုလေးစား ငယ်သူကို သနား အဲဒါတွေက သူငယ်ချင်းမိတ်ဆွေတွေမှ မဟုတ်ပါဘူး မောင်နှမတွေ အထဲမှာလည်း အဲလိုဘဲ စိတ်ထားရပါတယ်။ ဒါမှ မောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ် ခင်ခင်ဖြစ်နေမှာပါ ကျွန်တော်တို့မှာ မောင်နှမတွေလည်း တစ်ယောက်ကို တစ်ယောက် လေးစားပါတယ်။ ကျွန်တော်တို့မိသားစုက တစ်ယောက်ကိုတစ်ယောက် အပြန်လှန် လေးစားမှုတွေနဲ့ ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော် ပြောချင်တာက ကိုယ် မောင်နှမထဲမှာ အကြီးဆိုပြီးတော့ အငယ်တွေကို အနိုင်မယူပါနဲ့ ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါလို့ ပြောချင်ပါတယ်။


မေး = အစ်ကိုရဲ့ ဘဝမှာပေါ့နော် ... အစ်ကိုဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုက ဘာလေး ဖြစ်နိုင်မလဲ ?

ကျွန်တော်ဖြစ်ချင် တာတော့ ကိုယ်မိသားစုနဲ့ ဘ၀ကို အဆင်ပြေပြေ နဲ့ ရိုးရိုး ရှင်းရှင်းဘဲ ဖြတ်သန်းချင်ပါတယ်။ ဒါပေမယ် ဘ၀ဆိုတာကို ကိုယ်ဖြစ် ချင်တိုင်းဖြစ်ဖို့ မလွယ်ဘူးလေ ဒါပေမယ့် ကျွန်တော် ဖြစ်တဲ့ဟာ ဘ၀ နေချင်တဲ့ ဘ၀ကို ရောက်အောင် ကြိုးစားမှာပါ။

မေး = ကိုအမျိုးကောင်းသားရဲ့ ဘလော့လေးကို လေလာနေသူ စာဖတ်ပရိတ်အားလုံးအတွက် အစ်ကို ဘာများပြောချင်လဲ ?

မေး = အစ်ကိုက နည်းပညာပိုင်းကို အများအတွက် အကျိုးပြုနေတယ် ဆိုတော့ လေ့လာဆဲ လူငယ်တွေ အတွက် အစ်ကိုရဲ့ ဘလော့လိပ်စာလေးနဲ့ ဆက်သွယ်လို့ ရနိုင်မယ့် အီးမေးအကောင့်လေး ကို ပေးပါဦး။

ကျွန်တော် ဘလော့လိပ်စာကတော့ http://www.amyokaungtarr.com/ ဖြစ်ပါတယ် ကျွန်တော်ကို ဆက်သွယ် ချင်တယ်ဆိုရင် flowerboy100@gmail.com အမြဲရှိပါတယ်။ လိုအပ်တာတွေ တောင်းဆို ချင်တာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အခက်အခဲတွေကို အကူအညီ တောင်းချင်ရင်ပဲ ဖြစ်ဖြစ် အချိန်မရွေး တောင်းဆိုနိုင်ပါတယ်။

အခုလို အင်တာဗျုး မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးသော ဘလော့ကာ ကိုအမျိုးကောင်းသား ဒီထက်ပိုပြီး နည်းပညာဆိုင်ရာ အကြောင်းများကို လူငယ်တွေ အတွက် မျှဝေနိုင်ပြီး အောင်မြင်သော ဘလော့ကာ လေးအဖြစ် ဆော့ဝဲလ်များဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများကို တစ်ထောင့် တစ်နေရာကနေ အများအကျိုး အတွက် ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ .... ကျွန်တော်ကို လည်း မအားတဲ့ကြားက အချိန်ပေးပြီး မေးမြန်းတဲ့အတွက် Online Radio Media (Malaysia)မှ ညီလေး ဘလော့ကာ နေဇော်လင်းကို လည်း အထူးကျေးဇူးတင်ပါတယ်။



ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေပြီ။ နည်းပညာ လေ့လာနေတဲ့ သူတွေ အားလုံးအတွက် ဘလော့ကာ ကိုအမျိုးကောင်းသား http://www.amyokaungtarr.com/ မှာ အသေးစိပ် ဆော့ဝဲလ်များ နည်းပညာများကို ကိုယ်တိုင် သွားရောက် လေ့လာနိုင်ပါတယ် ဆိုတာ အသိပေး ပြောကြားရင်း ဒီလအတွက် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ခင်ဗျာ။



နောက်ထပ် ဘလော့ကာ မိန်းကလေး ထဲက ကိုယ်တိုင်ရေး ရသ စာပေ စာရေးသူ တစ်ယောက်ကို ရွေးထားပါတယ်။ စာဖတ်သူများ ဘယ်သူဖြစ်နိုင်မလဲ ? ခန့်မှန်းကြည့်ရအောင် နောက် တစ်ပတ်မှာ ပြန်ဆုံမယ်နော် .... ကျေးဇူးတင်ပါတယ်။



နေဇော်လင်း

( မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

24 Hours' Live Online Radio Media (Malaysia)

Tuesday 17 July 2012

မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၅ရက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြီးစီး



၁၃၇၄ ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၁၂)ရက် ၁၅.၇.၂၀၁၂ တနင်္ဂနွေနေ့တွင် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ ဦးစီးကျင်းပသော (အာဇာနည်နေ့) အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဦးစီး တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ စာပေဟောပြောပွဲ အစီအစဉ်ကို နေ့လည် ၁၂း၀၀ အချိန်တွင် နိုင်ငံတော်သီချင်းဖြင့် စုပေါင်းသီဆိုပြီး စာပေဟောပြောပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။




အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ အစီအစဉ်အဖြစ် ပထမဆုံး ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ အာဇာနည် သီချင်းသီဆိုကာ စတင်ခဲ့ပါတယ်။ သီချင်း ပြီးဆုံးသွားသည်နှင့်မြန်မာနိုင်ငံမှ အာဇာနည်များကြောင်း စာပေ ကဗျာ သုတရသများနှင့်အတူ " အယ်ဒီတာ စားပွဲပေါ်တက်လာတဲ့ မစားဘဲစွန့်သူများနဲ့ မစွန့်ဘဲစားချင်သူများ အကြောင်း " စသည့်ခေါင်းစဉ်ဖြင့် ကြွရောက်လာကြသော စာပေဝါသနာရှင်များကို ဟောပြောတင်ဆက်ပေးပြီး ဆက်လက်၍ ဆရာ အဏ္ဏဝါစိုးမိုးမှ ဆရာဖြတ်သန်းရသော ဘဝများအကြောင်း နိုင်ငံရပ်ခြားအကြောင်း သဘောင်္အကြောင်းများနှင့်အတူ " လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော် ခေါင်းစဉ် " ဖြင့် စာပေချစ်ပရိသတ်များကို အားပါးတရ ဟောပြောခဲ့ပါတယ်။




ဆရာ အဏ္ဏဝါစိုးမိုး ဟောပြောပြီး အချိန်တွင် အစီအစဉ် ပထမပိုင်းအား ခဏရပ်နားပြီး ပထမပိုင်း ကံစမ်းမဲ အစီအစဉ်များကို တင်ဆက်ပေးခဲ့ပါတယ်။ ကြွရောက်လာသော ရွှေမြန်မာများအတွက် မြန်မာ့ဥယျာဉ်ကုမ္မဏီမှ လက်ဖက်ထမင်းများကို ကျွေးမွေး လှူဒါန်းလျက် ရှိနေပြီး ခေါင်းလောင်းသံ ဂျာနယ်မှ လက်ဖက်ရည်နှင့် မုန့်များ ရေသန့်များကို လှူဒါန်းကျွေးမွေးလျက် ရှိနေပါတယ်။



ဒုတိယပိုင်း အစီအစဉ် စတင်သော အချိန်မှာ ဆရာဦးဘုန်း(ဓာတု)မှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်အကြောင်းများကို သုတရသများဖြင့် ဟောပြောခဲ့ပါတယ်။ အာဇာနည်သီချင်းကို ပရိသတ်များနှင့် အတူသီဆိုပြီး " ဇူလိုင်မိုး " ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ စာပေ ချစ်ပရိတ်သတ်များ ကြိုက်နှစ်သက်ပြီး လက်ခုပ်သံများဖြင့် အားပေးခဲ့ပါတယ်။ အဝေးရောက်မြန်မာများအတွင် နောက်ဆုံး ဖြေသိမ့်လိုက် သီချင်းဖြင့် ဆရာဦးဘုန်းမှ ဂီတာတီးကာ ပရိသတ်များနဲ့ အတူပျော်ရွှင်စွာ သီဆိုပြီး အစီအစဉ် ဆရာရဲ့ ဟောပြောမှုကို ရပ်နားခဲ့ပါတယ်။



ဆက်လက်ပြီး အခုကဲ့လို့ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ကျင်းပပေးသော ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) အား နောင်နှစ်တွေမှာ ဆက်လက်ပြုလုပ် နိုင်ရန်အတွက် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှ အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဆက်လက်၍ ပရဟိတ ပြုလုပ်နေသာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် (ကေအယ်)အား ပရဟိတ ကိစ္စများ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းရာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ဥက္ကဌ ကိုသက် မှလက်ခံခဲ့ပါတယ်။ ဆက်လက်၍ မလေးရှားနိုင်ငံအတွင်း နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော ကပုန်း နာရေးကူညီမှု အသင်းကြီးသို့လည်း အလှူငွေ ဒေါ်လာ ၁၀၀ ကို ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှပေးအပ် လှူဒါန်းခဲ့ပါတယ်။



ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) မှ ကျေးဇူးတင်စကား ပြောကြားရာတွင် " ကျွန်တော် ဒီလိုလုပ်ဆောင်နိုင်ဖို့ အဖေနဲ့ အမေကို မထမဆုံး ကျွန်တော် ကျေးဇူးတင်ပါတယ်။ စာပေဟောပြောအတွက် ရန်ကုန်ကနေ လိုအပ်တာလေးတွေကို ကူညီပေးတဲ့ ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဇာနည်နေ့ အတွက် လာရောက်ဟောပြောပေးကြသော ဆရာ အဏ္ဏဝါစိုးမိုး ၊ ဆရာအောင်စိုးသူ ၊ ဆရာဦးဘုန်း(ဓာတု) တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။



အခုလို စာပေဟောပြောပွဲကို လာရောက်အားပေးနားထောင်ကြသော ရွေမြန်မာများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက် .... ကြွရောက်လာသော ပရိတ်သတ်များအား လက်ဖက်ထမင်း လာရောက် လှူဒါန်းသော မြန်မာ့ ဥယျာဉ်ကုမ္မဏီမှ ကိုစိုးသန်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီလိုကျင်းပပြုလုပ်နိုင့်ဖို့အတွက် အဖက်ဖက်မှ ပါဝင်ကူညီလုပ်ဆောင်ပေးကြသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖက်ဖက်က ပါဝင်ကူညီ လုပ်ဆောင်ပေးကြသော တာဝန်ရှိသူများနှင့် သတင်း မီဒီယာများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလို ဆက်လက် ကျင်းပနိုင်အောင်လည်း ကျွန်တော်ကြိုးစားသွားမှာပါ " လို့ ကျေးဇူးတင် စကားများကိုပြောကြားခဲ့ပါတယ်။



ဆက်လက်ပြီး ဒုတိယပိုင်း ကံစမ်းမဲ အစီအစဉ်များကို စတင်ခဲ့ပါတယ်။ ကံစမ်းမဲ အစီအစဉ်တွင် တီရှပ် ၁၀ဆု ၊ ခေါက်ထီး ၁၀ ဆု ၊ မောရှမ်းမှ ရှိုးပွဲလက်မှတ် ၅စောင် ၊ အလှပစ္စည်း ၂ ဆု ၊ ဟမ်းဖုန်း ၁ဆု ၊ တို့ကို ကံထူးသူများကို ပေးအပ်ခဲ့ပါတယ်။ ကံစမ်းမဲပေါက်သော ကံထူးသူ ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များမှ စပွန်ဆာအဖြစ် လက်ဆောင် ပါဝင် ကုသိုလ်ပြု နေတာကိုလည်း တွေ့ရပါသည်။ ညနေ ၆ နာရီအချိန်တွင် စာပေဟောပြောပွဲ အစီအစဉ်ကို အောင်မြင် ပျော်ရွှင်စာ ပိတ်သိမ်းခဲ့ပါသည်။



















နောက်ဆုံးရသတင်း အနေဖြင့် 14.7.2012 စနေနေ့ ညနေပိုင်းတွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ရုံးခန်းသို့ သွားရောက်ပြီး ပရဟိကိစ္စများကို ဆွေးနွေး စကားပြောခဲ့ကြောင်း သိရပါတယ်။



နောက်ဆုံးရသတင်း အနေဖြင့် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ 16.7.2012 တနလာင်္နေ့တွင် စရိယာရာမ ဆန်းဒေးစကူးကျောင်းသို့ သွားရောက်ခဲ့ပြီး ဒေါ်လာ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။



နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)

♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪

Saturday 7 July 2012

မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၅ရက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမည်



ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ ဦးစီးကျင်းပသော (အာဇာနည်နေ့ အထိမ်းအမှတ်) အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

စာပေဟောပြောပွဲ လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ငယ်ငယ်လေးက စာပေဗဟုသုတကို မြတ်နိုးတယ်။ စာပေဖတ်တာ ပြီးတော့ စာပေဟောပြောပွဲတွေ နားထောင်တာ သိပ်မရှိခဲ့ပါဘူး။ စာရေးဆရာတွေကို လေးစားတယ်။ ဒါကြောင့် အခုလို စာပေ ဟောပြောပွဲလေးကို လုပ်ဖြစ်တာပါ။

စာပေဟောပြောပွဲအတွက် မြန်မာနိုင်ငံမှ နာမည်ကြီး ဆရာတွေ ဖြစ်တဲ့ ဆရာ အဏ္ဏဝါစိုးမိုး ဆရာ အောင်စိုးသူ (အယ်ဒီတာချုပ်) ဆရာ ဦးဘုန်း (ဓာတု) တို့ကို စာပေဟောပြောပွဲ အတွက် ဖိတ်ကြားထားပါတယ်။ ပြီးတော့ အခုလို မလေးရှားနိုင်ငံကို ရောက်နေတဲ့ အချိန်မှာ အလုပ်မှာပဲ လုပ်နေရတဲ့ မြန်မာတွေကို စာပေဗဟုသုတ အတွေးတွေ စိတ်ဓာတ် ခွန်အားတွေ ရစေချင်တယ်ပေါ့။

http://api.ning.com/files/WnUidg7cHW8ARATZ8adLsSq4zmISUE3xKZSmX7uwLEQZ3yMFsmsSEY5hL6BZmb8kK-T2qGqtLrMD42r2xRql8QS2BYroaXKf/nayzawlin2012.gif

မလေးရှားနိုင်ငံရောက် အခုလို အမိမြေနဲ့ ဝေးကွဲနေရအချိန်လေးမှာ ဆရာကြီးများ ဟောပြောမဲ့ ဗဟုသုတတွေကို လာရောက် နားထောင်စေချင်ပါတယ်။ အထူးအစီအစဉ် အနေနဲ့ Lucky Draw ကံစမ်းမဲ လက်ဆောင်တွေကိုလည်း ထည့်ထားပါတယ်လို့ စာပေဟောပြောပွဲ စီစဉ်သူ ခေါင်းလောင်းသံ အယ်ဒီတာ ကိုညီညီမှ မလေးရှား အွန်လိုင်းရေဒီယို မီဒီယာသို့ ပြောကြားပါသည်။

စာပေဟောပြောလက်မှတ်များကို ကေအယ်မြန်မာဆိုင်များတွင် လက်မှတ်တစ်စောင် ၁၅ ရင်းဂစ်ဖြင့် ဝယ်ယူနိုင်ပြီး စာပေဟောပြောပွဲ အစီအစဉ်ကို ဇူလိုင် ၁၅ ရက် (15.7.2012) တနင်္ဂနွေနေ့တွင် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး စာပေဟောပြောပွဲ နေရာကတော့ ယခင်စာပေဟောပြောပွဲ ပြုလုပ်ခဲ့သည့် နေရာဖြစ်တဲ့ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ပြုလုပ်မည်ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် စာပေချစ်မြတ်နိုးသော ရွှေမြန်မာများအနေဖြင့် ဆရာကြီးများဟောပြောသော စာပေဗဟုသုတ အကြောင်းအရာများကို တက်ရောက် အားပေးနားထောင်ကြဖို့ အသိပေးလိုက်ရပါသည်။

စာပေဟောပြောပွဲ အစီအစဉ်များနှင့် ပက်သက်၍ မေးမြန်းလိုပါက ခေါင်းလောင်းသံဂျာနယ် ဖုန်း - ၀၁၂-၆၄၈၈ ၂၉၇ ၊ ၀၁၇-၃၅၅၈ ၇၁၀ ၊ ၀၃-၉၂၂၆၀ ၆၇၄ သို့ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သိရှိရပါသည်။

နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား )



♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪

Thursday 31 May 2012

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားအွန်လိုင်း ရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ် စတင်ပြီ



မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို အသံလွင့် အစီအစဉ်များကို ဇွန်လ ၁.၆.၂၀၁၂ သောကြာနေ့မှစတင် အသံလွင့်ပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံအတွင်း အချိန်နှင့်တပြေးညီ မီဒီယာ လုပ်ငန်းများအတွက် ရည်ရွယ်၍ ဖျော်ဖြေမှု အစီအစဉ်များကို နေ့စဉ် ၂၄ နာရီ အွန်လိုင်းရေဒီယို အစီအစဉ်များကို ထုပ်လွင့်ပေးမှာဖြစ်ပြီး ရေဒီယို အစီအစဉ်များတွင် သီချင်းများ အဓိက ဖျော်ဖြေပေးသွားမှာ ဖြစ်ကာ နေ့စဉ် ညပိုင်း အချိန်များတွင် တရားတော်များ ၊ ထုပ်လွင့်ပေးခြင်း အခါကြီးရက်ကြီးနေ့များတွင် အထူး အစီအစဉ်များဖြင့် တင်ဆက်ပေးခြင်း ၊ သတင်းများ ကြေငြာပေးခြင်း ...........

မလေးရှားနိုင်ငံအတွင်း အထူးအသိပေး လမ်းညွန်ချက်များ မလေးရှားနိုင်ငံအတွင်း မလေးရှား လမ်းညွန်များကို အင်တာနက် စာမျက်နှာပေါ်တွင် နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး အထူးအစဉ်အနေဖြင့် ဖုန်းမှတဆင့် သီချင်းတောင်းခြင်း ၊ အွန်လိုင်း သီချင်းတောင်းခြင်းများဖြင့် တင်ဆက်ပေးသွားမှာဖြစ်ကာ မလေးရှားရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်လေးမှာ မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ကြေငြာနိုင်ပါကြောင်း သိရှိရပါသည်။

http://api.ning.com/files/A9hKQkjG2K67frrqAvmHD9qPsVFm3901nPW5swuxxcPa7t*SUXqhP107lIEOZJLzHuynqanyRdpNoCFq0rfPjnChNqYhttp://www.blogger.com/img/blank.gifhQ5oi/nayzaw22.gif

မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ်များကို အင်တာနက် စာမျက်နှာပေါ်တွင်နေ့စဉ် ဝင်ရောက် လေ့လာဖတ်ရှု နားဆင်လိုပါက http://www.malaysiaonlineradiomedia.com/ နှင့် အသေးစိပ် အစီအစဉ်များကို အီးမေး ormm@malaysiaonlineradiomedia.com ဖုန်းနံပတ် ၀၁၀-၂၁၄၈ ၆၇၇ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင် ပါကြောင်း သိရှိရပါသည်။

Online Radio Media (Malaysia)

Wednesday 2 May 2012

နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အစီအစဉ် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို May Day နေ့ 1.5 .2012 နေ့လေးတွင် နေ့လည် ၂ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ (Chin Woo Stadium ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲ အစီအစဉ်လေးမှာ အဆိုတော် Dဖြိုး၊ အောင်လ၊ ဖြိုးကြီး၊ ဟဲလေး ၊ နောနော်၊ ဆိုတေး၊ နဲ့ ဧည့်သည် အဆိုတော်အဖြစ် ဂျင်းနီ တို့က သီဆို တင်ဆက်ခဲ့ကြပါတယ်။



နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ရွှေမြန်မာလမ်းညွှန် စာအုပ်အခမဲ့ဖြန့်ဝေမှု အစီအစဉ်နဲ့ အမှတ်တရ ဂီတဖျော်ဖြေပွဲပြုလုပ်ပေးတာဖြစ်ပြီး မလေးရှားရောက် မြန်မာများအတွက် ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ ဂန္တ၀င် စားသောက်ဆိုင်၊ အင်တာနေရှင်နယ် ဂျာနယ် နှင့် IT Garden ကွန်ပျူတာဆိုင် တို့မှ အဓိက စပွန်ဆာအဖြစ် တာဝန်ယူခဲ့ကြပါတယ်။



ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။ဘာသာစကား အခက်အခဲ အဲသလို အခက်အခဲတွေက အများကြီးပါပဲ။


အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ နောက်မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ရွှေမြန်မာလမ်းညွှန်စာအုပ်များကို လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီရွှေမြန်မာ လမ်းညွှန်စာအုပ်ကို ဒီနေ့ရှိုးပွဲမှာ အခမဲ့ဖရီး အနေနဲ့ လက်ဆောင်ပေးဖြစ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မလေးရှား မြန်မာတွေအတွက် သွားလာမှု လမ်းညွန်ချက်တွေ အဆင်ပြေအောင် ပါပဲ။



ဒီနေ့ May Day အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ လည်း မျှော်လင့်မိပါတယ် ဟု ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘိုမှ News Information & Online Radio Media (Malaysia) ဖြေကြားပေးခဲ့ပါသည်။



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပထမဆုံး DJ အစီအစဉ်ဖြင့် စတင်ကာ နေ့လည် ၂း၀၀ အချိန်မှာ စတင်ပြီး အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပေးကြပြီး ည(၇)နာ၇ီအချိန်တွင် ဖျော်ဖြေမှု အစီအစဉ်များကို ရပ်နားခဲ့ပါကြောင်း သိရှိရပါသည်။















www.nayzawlin.com/

News Information & Online Radio Media (Malaysia)

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။