အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Showing posts with label ချစ်သူအတွက်. Show all posts
Showing posts with label ချစ်သူအတွက်. Show all posts

Wednesday, 28 March 2012

☻☻☻လုပ်ဇာတ် မဟုတ်တဲ့ အရုပ်ဇာတ်☺☺☺


အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာ
သံဇဉ်မဲ့ အလင်းတန်းတွေနဲ့
ကာရံ မဲ့ ရင်ခုန်သံတွေ
ငါရင်ခွင်မှာ ဖြစ်ပေါ်နေပီ..
ချိုးစားအုံးမလား
ဘ၀ရဲ့ အနိမ့်အမြင့် ဇာတ်ကောင်တစ်ခုလို
မင်းငါ့ကို ခိုင်းစေလို့ ရပါတယ်
တန်ရာ တန်ကြေးပေးသလောက်ထက်
အဖန်တည်ရာ ကံကြမ္မာကို ငါပိုယုံပါတယ်
မင်းငါ့ကို မချစ်ရင်လည်း မပစ်ပယ်ပါနဲ့
တကယ်ချစ်စစ်နဲ့ချစ်တာ
မင်းအပေါ်ငါပဲ ရှိတာလေ
မလိုသူတွေ ရဲ့ ရှုံ့ ချမှုအောက်မှာ
မင်းက သဘောဖြူကြည်ဖြူနေတော့
ငါမလွန်ဆန် ရဲတာ ကံတရားအတိုင်းပါ
မျိုသိပ်ထားပေမယ့်
အခွင့်အရေးလေး ပေးရင်တော့ ချစ်ချင်ပါသေးတယ်
ဒီဘ၀မှာ တစ်ခါ
မင်းနဲ့ အတူလက်တွဲဖို့
ငါဘုရားမှာ တောင်းဆုပြုလိုက်မယ်.



(ULAY KYI)

♥♥ အလွမ်းပြေ ရသ.........


ငါတို့ နှစ်ဦး ကြည်နူးတုန်းက
ကမ္ဘာတွေ ပြို
တမာတွေ ချိုမှ
မုန်းကြမယ်....
လမ်းခွဲကြမယ်
...............မင်းပြောခဲ့တယ်နော် ချစ်သူ။

သြော်............အခု...
ရာသီတွေအို လို့
ကမ္ဘကြီး ပြိုသွားလား....?
မင်းထားသွားခဲ့တာ
အခုထိ ငါ...........
မျက်ရည် ကျနေဆဲ.............

အရှုံးတွေကို လေညင်းကယူဆောင်
ရိုက်ခတ်မှုတွေက
အမုန်းကို အားပေးလို့
အပြုံးမပျက်တဲ့
..............မင်းရဲ့ မျက်နှာက
အခုထိ ၀င်းပနေဆဲ..။

လောင်းကျွမ်းသွားလို့ လား....?
မခံစား နိုင်တော့လို့လား.....?
ငါ တို့ နှစ်ယောက်ရဲ့
........ အချစ်ဦး ကမ္ဘာက
လေထဲမှာ ပြိုလဲ သွားတာ
ငါ မသိလိုက်ရဘူး.....

မင်းပျော်မယ်ဆို ရင်
ထားသွားလိုက်ပါ...
မင်းချစ်တဲ့ မင်းရဲ့ ရည်းစား
ငါ့ အတွက်နဲ့ မင်း
......အမုန်သင့်နေ ပါအုံးမယ်။

တကယ်ပါ.....
တောင်းဆိုပါတယ်..
မင်း အသိအမှတ်ပြုပေးပါ
မင်းအတွက် ငါဟာ
..........အလွမ်းပြေ ရသ တစ်ပုဒ်ဆိုတာလေ.



Tuesday, 21 February 2012

♥♥လူဆိုး ဘုရင်လေး♥♥


ရင့်ကျက်တဲ့..စရိုက်တွေနဲ့..
ပင့်သက်လိုရှိုက်ခဲ့ရတဲ့..
ငါ့ရဲ့သက်ပြင်းတွေကြောင့်..
မင်းရဲ့အမုန်းလက်နက်နဲ့..
အဆုံးသတ်မဲ့ချစ်ခြင်းမျိုးလဲ
ငါမပိုင်ဆိုင်ပါရစေနဲ့ဟာ..
အလှဂုဏ်တွေမောက်..
ငွေဂုဏ်တွေတောက်နေတဲ့..
နင်တို့ရဲ့ အသိုင်းအဝိုင်းထဲ
ငါခြေမချဝံ့ပါဘူး..
ပြန်တွေးကြည့်ရင်…
ရင်ထဲအပ်နာ နှလုံးသားက
နင့်ကိုတော့…..
အမုန်းထားမိတဲ့စိတ်နဲ့..
ခပ်တင်းတင်းပဲ…
ခံပြင်းနေတဲ့စိတ်တွေကို..
မြေခအောင် ခြွေချတဲ့
နတ်ဆိုးကလဲနင်ပဲ..
တကယ်တော့…နင်က…
အချစ်မာယာနတ်သမီး..
သြော်..
မနှိုင်းယှဉ်တော့ပါဘူးဟာ..
အချစ်သို့.ရှုံးနိမ့်ခြင်းဆိုတဲ့..
တံတိုင်းအပြင် ဘက်မှာတော့…
ငါဟာ..
~~လူဆိုး ဘုရင်လေး~~ပါ…


လူဆိုး ဘုရင်လေး

Saturday, 31 December 2011

နှစ်နှစ်ကာကာ ချစ်ရပါသော ♥♥♥♥?

ငါမင်းကိုချစ်တယ်ဆိုတာ
မင်းငါ့အနား(အမြဲ)
ရှိတာ မရှိတာထက်
ငါ့အတွက် မင်းရှိနေတဲ့ဆိုတဲ့....
အသိလေးကိုမြတ်နိုးတာ.....
ငါမင်းကိုချစ်တယ်ဆိုတာ...
မင်းနုတ်ခမ်းက....
ပျားရည်တစ်စက်လို....
နမ်းရှိုက်ခွင့်ရဖို့ထက်...
နှစ်လိုဖွယ် ..မင်းအပြုံးလေး...
တစ်ပွင့်လိုပဲ...
တစ်နေကုန်...
ထိုင်ကြည့်နေချင်တာ
ငါမင်းကိုချစ်တယ်ဆိုတာ..
မင်းငါ့အပေါ်....
အနိုင်ယူလွန်းတယ်ဆိုတဲ့...
အသိစိတ်ထက်ပေးလိုက်ရတဲ့...
ငါ့အရှုံးမှာ...
ကျေနပ်နေမိတာ...
ငါမင်းကိုချစ်တယ်ဆိုတာလေ...
ပါးစပ်ကစကားလုံထက်
ငါ့ရင်ဘက်ထဲက....
အများကြီး....
ပိုလေးနက်ပါတယ်ဟာ.....

Monday, 12 December 2011

♥♥ အပြုံးမပျက်ပဲ နုတ်ဆက်မယ်♥♥

လည့်ထွက်တော့မှာလား....ချစ်သူရယ်...
ငဲ့ကွက်မနေပါတော့ကွာ...
ထည့်မတွက်နဲ့...
သွားသာသွားပါနော်......
တစ်ယောက်ထဲလဲ....နေတက်ပါတယ်...
ဝေခွဲမရဖြစ်နေလား...
ချန်ထားခဲ့ပါ...မသနားပါနဲ့..
ပြန်သွားတဲ့ အခါ...
နောက်ဆံမတင်းရအောင်
ခံစားရတဲ့..ဝေဒနာတွေအတွက်...
နောက်ချန်ပြီး........လက်ပြကာ
အပြုံးမပျက်ပဲ... ..
နုတ်ဆက်ရဲအောင်...
ငါကြိုးစားပါ့မယ် ချစ်သူ......

Thursday, 17 November 2011

ရုပ်ဆိုးသူ လွမ်းချင်း...


ရင်မှာတိုးတိတ် စိုးထိတ်စွာ
တိတ်တခိုး...ချစ်ခဲ့တာပါကွာ.
အလှသစ္စာ..တရားကို...
မြတ်နိုးမိတာက..ငါ..
ဒါပေမဲ့...
ခုဟာက..ဘဥကိုကျီးကန်းချီသလို...
ငါကရုပ်ဆိုးပါတယ်...
ဒါပေမဲ့....
ရင်ထဲကနှလုံးသားက...
ဘယ်တော့မှမပုပ်သိုးသွားပါဘူး...
ငါ့...ရဲ့..အုံပုန်းအချစ်ကို..
လူတွေရယ်ချင်ရယ်ပါစေ...
ရုပ်ဆိုးပေမဲ့...မပုပ်သိုးတဲ့...
ငါ့..ရဲ့နှလုံးသားကို....
ကောင်မလေး....
မင်းဖတ်တက်ရင်...သေပျော်ပါပြီ....

♥♥တစ်ဖက်သတ် အချစ်...♥♥


ကောင်မလေး....
တစ်ဖက်သတ်အချစ်..ဆိုတာ
ဘယ်တော့များမှ...ဖြစ်ထွန်းမှာလဲ?
နှလုံးသားနဲ့ရင်းပြီး...
ရင်နဲ့အပြည့်ချစ်ခဲ့ရတဲ့အချစ်တွေအတွက်...
ကောင်မလေး....
မင်းရဲ့အမုန်းတရားကိုလဲ...
ငါမလိုချင်ဘူး...
ငါလိုချင်တာ...မင်းအချစ်တွေပါ...
နှိုင်းစလို့..မရအောင်ဖြစ်ပေါ်နေတဲ့...
ငါ့ရင်ထဲကအချစ်..မေတ္တာတွေကို...
ဖေါ်ပြဖို့....အချစ်ထက်လေးနက်တဲ့...
စကားလုံးငါ..ရှာမတွေ့သေးဘူးကွာ...
မင်းကိုအရမ်းချစ်တယ်ဆိုပြီး...
ငါ့ရဲ့အချစ်ကိုတော့ ....
လွယ်လွယ်နဲ့မပေါ့ပျက်စေချင်ဘူး...

Sunday, 13 November 2011

♥♥အချစ်နတ်သမီး♥♥


အပြာရောင်ကောင်းကင်..
ကြည်လင်ချိန်မှာ.....
မင်းပေးခဲ့တဲ့;ချစ်တယ်;...ဆိုတဲ့...
အဖြေဟာ ကြည်နူးမဆုံး...
တစ်ဘဝလုံးလို့..ထင်မှတ်ခဲ့တာ...
အတည်မဟုတ် ...မင်းငါ့ကို အပျော်ရှုပ်ခဲ့တယ်နော်...
အခုတော့...ငါ့ဘဝဟာ..
မိုးညိုမဲမှောင် ...
တစ်ဘဝလုံးဆိတ်သုံး
ရှုံးရတော့မှာလား...?
ဒါကြောင့်..
ကြည်လင်သာယာနေတဲံ့...
ကောင်းကင်ကြီးကိုမြင်တိုင်း....
"အချစ်နတ်သမီး" မင်းကို..
သတိရလွမ်းဆွတ်နေမိတယ်....

Wednesday, 9 November 2011

♥♥တစ်ယောက်သောသူအတွက်♥♥

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20nOatWubNJTT6Bs31iw6o7744gcgCnLELLxT_ap99jT6yukMjW3eeUBdHzsMlx6KxP3Oh9DF69IvcOe2Ad127SzQ69qeBYiaKj0-GyrOPmyfine4hFxhm62eMerKFaqnEEIGvQfeCOWX/s320/file.gif

အရမ်းချစ်ပါတယ် ..
မြတ်နိုးပါတယ်ချစ်သူ...
နဖူးကနေခြေဖျား....
ရင်ထဲကစကားတွေပါ...

တစ်ကိုယ်တည်း..
အထီးကျန်သူအတွက်...
အကျည်းတန်တဲ့..
ရက်တွေမှာလဲ....
ဥသြငှက်လေးတွေနဲ့အပြိုင်....
ချစ်သူကို ...
တမ်းတလွမ်းရဖူးပါတယ်...

ငါ့ဘဝနဲ့..
မင်းဆန္ဒတစ်ထပ်တည်းကြ.....
လှပဖို့...ငါ့ခွန်ငါ့အား...
စွမ်းပကားနဲ့...
ကြိုးစားချင်ပါသေးတယ်.....
ချစ်သူ....

ငါ့ရဲ့အနာဂတ်မှာ...
အတွေးအခေါ်ထဲမှာ....
"ချစ်သူ"....
မင်းအမြဲတမ်းပါတယ်...
ငါ့ရဲ့ ဘဝတစ်ခုလုံးမှာ...
"ချစ်သူ"မင်းရှိတယ်..
ငါ့ရဲ့ခံစားမှု့ပုံရိပ်တိုင်းမှာ.
"ချစ်သူ" မင်းရှိတယ်..

ငါ့ရဲ့ ပျော်ရွှင်မှု့
နေ့တွေတိုင်းမှာလဲ...
"ချစ်သူ"မင်းရှိတယ်..
"ထာဝရ" ဖြစ်စေမယ့်...
စကားလေးကတော့...
"ချစ်သူ"...
ငါ့ဘဝကို မင်းပိုင်တယ်...

လေးစားလျှက်...
sailinhtet
(အလွမ်းမင်းသားလေး)

10.11.2011.. ညလေးအမှတ်တရ... တစ်ယောက်သော သူဘယ်သူလဲ မမေးနဲ့နော် အဟိ ဖြေတက်ဘူး....ရင်ထဲမှာတော့ သူတစ်ယောက်ပဲရှိတယ်ဗျာ....

♥♥♥ လွမ်းရင်းနဲ့..ချစ်မယ်♥♥♥


ရက်စက်တဲ့....ဒီည...
ခဝါချလဲမပြေ...
အလွှာချလဲမကြွေ..
လေယူလေသိမ်းနဲ့...
အပြီးသိမ်းတဲ့ပွဲမှာ....
ဒီလေညှင်းက..
ငါ့ရင်ခွင်ကိုမှ
ထိရှစေသတဲ့လား.?

တိုက်ဆိုင်မှု့ရှိရင် ..
သတိရပေးပါ...လို့..
ချစ်သူရဲ့..
စကားသံနားထဲမှာမကြားလဲ..
လွမ်းမြဲလွမ်းလျှက်ပါ...
အလှမ်းဝေးရင်..ပန်းကလေးတွေတောင်...
လွမ်းတက်တယ်ဆိုပဲ...
ဘယ်နေရာဘယ်ဒေသမှာပဲ..
ငါရောက်ရောက်..
လွမ်းဆွေးမှု့တွေကို မိတ်ဖွဲ့ပြီး....
ထာဝရ.....
လွမ်းရင်းနဲ့....ချစ်မယ်....

တမ်းတမ်းတတ လွမ်းရင်းချစ်နေမဲ့
စိုင်းလင်းထက်
12.00 AM
10.11.2011

Wednesday, 2 November 2011

သ တိ ရ ပေး ပါ ...




ည ဆိုတာ

ကိုယ့်အတွက်

တိတ်တိတ်လေး

လွမ်းရအောင်

စီစဉ်ထား

လေသလား ...

မျက်ရည်ကျပြီး

လွမ်းရတာထက်

ရင်ထဲမှာပဲ

ဘယ်သူမှ မမြင်အောင်

ငိုရတာက

ပိုကောင်းမယ်

ထင်ပါတယ် ....

ကောင်မလေးရယ်

မျှော်လင့်ချက် လမ်းခွဲမှာ

အလွမ်းတွေနဲ့ငါ

ခရီးဆက်မယ့်

နက်နမ်းခဲ့ဖူးတဲ့

အနမ်းရဲ့အငွေ့အသက်

နင်ကြားဖူးတဲ့

စကားရဲ့ အရိပ်အစွန်း

ငါ ...

မှတ်မိ

သတိရနေမှာပါ

ငါ ...

လွမ်းရယုံနဲ့

ကျေနပ်တတ်တာ

မင်း ....

သတိရပေးပါ၊

လေးစားလျှက်

စိုင်းလင်းထက်

11:03 Pm

13.8.2011

Sunday, 30 October 2011

ကာ ရံ မဲ့ ခဲ့ တဲ့ အ လွမ်း




သံစဉ်တွေတွေ နိုးတစ်ဝက်နဲ့

အမှောင်လွှမ်းခဲ့တဲ့ည

ကဗျာတွေကာရံ မထပ်ပေမဲ့

အလွမ်းတွေ လိုင်းပေါ် တက်ခဲ့တာ

ချစ်သူ နင်သိပါ့မလား ?

ရင်ခုန်သံတဲ့ သွားစမ်းပါ

ဟိုးဝေးဝေးမှာ ထားခဲ့လိုက်တော့

ငါက နှလုံးသားနဲ့ ရင်းခဲ့တာလေ

နင်ထား သွားရက်နိုင်မှတော့....

ငါ့ဘက်က ဘယ်တက်နိုင် ပါ့မလဲ ...

နင်ထားခဲ့တဲ့နေရာလေးမှာ....

ကျေနပ်နှစ်သိမ့်ရင်း BEER သောက်ရင်း

ငါမင်းကို လွမ်းနေလိုက်ပါ့မယ် ချစ်သူရေ......

(သူငယ်ချင်း စည်သူအတွက် အမှတ်တရ)

လေးစားလျှက်
စိုင်းလင်းထက်
9:06pm
10.7.2011

ခွင့်ပြုပေးပါ .....



မင်းတစ်ယောက်ထဲ ခရီးဆက်ပါတော့

ချစ်သူလေးရယ် ....

ဝိဥာဉ်ကလေးအဖြစ် မင်းအနားမှာ

ရှိနေခွင့် ရရင် ... ကိုယ်လေ

မင်းလေး ထိတ်လန့် မသွားအောင်

ငြိမ်ငြိမ်လေးပဲ လိုက်ပါနေပါ့မယ်။

မင်းရဲ့ ရှင်သန်နေတဲ့ ဘဝမှာ

နောက်ထပ်ချစ်သူ တစ်ယောက်

တွေ့လာမယ်ဆိုရင်တော့ ကိုယ့်ကို

မေ့ပစ်လိုက်ပါနော်.....

မင်းရဲ့ရှေဆက်မယ့်ဘဝ ပျော်ရွှင်မှုတွေ

ဆိတ်သုဉ်း သွားမှာကို

ကိုယ်မလိုလားဘူး ဒါပေမဲ့

နောက်တစ်ယောက်တွေ့ မလာခင်မှာတော့.

ကိုယ့်ကို

မင်းနှလုံးသားမှာ

ခဏ သိမ်းထားပေးပါ ....

သူငယ်ချင်း စည်သူအတွက်

(pandalay208@gmail.com မှ အမှတ်တရ)

လေးစားလျှက်
စိုင်းလင်းထက်
12:45pm
10.7.2011

အချစ်ခုံ ရုံးမှ အမိန့် .....

http://i6.tagstat.com/tags8/06S/06S_BAmnc.gif

ပြောင်းလဲနေတဲ့ လောကကြီးထဲမှာ
ထာဝရဆိုတာ ငါ့အတွက်ရှိနေ ပါ့မလား ...

ပြီးဆုံးသွားတဲ့
အိမ်မက်တစ်ခုကိုပြန်လည် မက်ခွင်မရပေမဲ့
အဲဒီ အိမ်မက်လေးကိုပဲ စွဲလန်းနေမိတာ
ငါ့ရဲ့ရူးသွပ်မှုကြောင့်လား ....

မေးခွန်းတွေ များပြားလွန်းတဲ့ဘဝမှာ
အဖြေတွေ ရှာရင်း ဒီတစ်ကြိမ်မှာ
မင်းလေးနဲ့ ဝေးခဲ့ ရတယ်နော် ....

တကယ်တော့ အရာအားလုံးဟာ
ငါ့အပြစ်လို့ပဲ သတ်မှတ်လိုက်ပါ

အဲဒီအတွက်
နှလုံးသား ခုံရုံးကပြင်းထန်စွာ
ကြိုးမိန့် ပေးခဲ့ရင်တောင်
နောက်ဆုံး တစ်ခုတောင်းဆိုချင်တယ်

အဲဒါဟာ
ဘာလဲ
ဆိုတော့
နှလုံးသားကို
အမိန့်ချတဲ့ကြိုး
သံယောဇဉ်ကြိုးတော့
မဖြစ်ပါစေနဲ့ဗျာ

လေးစားလျှက်
စိုင်းလင်းထက်
5:00pm
8.7.2011

လွဲချော်ခြင်း ....



တည့်ပြီဆိုမှ လွှတ်လိုက်တာ
မတော်တဆလွဲချော်မှုကြောင့်
ငါနဲ့ ဘဝကလွဲပြန်ရော(မနေ့ကလိုပါပဲ)
မရေရာခြင်းမှာ သေချာခြင်းတွေ
အပြည့်အဝရှိကြောင်း
တိုင်းထွာပြလို့မရတဲ့အခါ .....

ကိုယ့်ကို ကိုယ်စနစ်တကျ
စွန့်ပစ်လိုက်ရ ပြည့်စုံမှု့တွေနဲ့ အ
သက်ရှူကျပ်နေတဲ့ ယုန်တစ်ကောင်ထက်
သင်းကွဲကျား တစ်ကောင်လို
ရှင်သန်ချင်တယ် ...

အနာဟောင်းက မကျက်သေးဘူး
ဒဏ်ရာအသစ်တွေက ထပ်ရနေပြီ
ရှုံးနှိမ့်ခြင်းဆိုတာ ငယ်ပေါင်းကြီးဖော်မို့
နာကျင်မှု အရသာရှိရှိ ခါးလာတယ် ....

မနက်ဖြန်မှာ
ငါနဲ့ဘဝက ဒီထက်ပိုပြီး
မလွှဲချော်ချင်တော့ဘူး

လေးစားလျှက်
စိုင်းလင်းထက်
5:24pm
23.6.2011

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။