အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, 28 March 2012

♥♥သုည ဘဝနဲ့လည်း..ဆက်လျှောက်မယ်....♥♥



အပေအတေ လေလွင့်
အခြေအနေ မရှိတဲ့ ဘ၀မှာ
ရေတွက် စရာ ဂုဏ်ဓနက မရှိ
ခံစားချက်ကို ရှေ့တန်းတင်
ကဗျာသံတွေ ကကြိုးချီးဖို့
ရာဇ သံပေးလိုက်တော့
သုံးစရာ စကားလုံး
ငါ့ ဦးနှောက်မှာ မရှိသေးဘူး
အချစ်ရေးမှာ
ဈေးကွက် မတင် လို့
တစ်ခေတ်နောက် ကျခဲ့ရ..
သုညကို ဆရာတင်
ကိန်းဂဏန်းမရှိတဲ့ ငါ့ ဘဝ
ရေစုန်ကိုသာ မျှောလိုက်ခဲ့ရတယ်..
လူဘုံလယ်မှာ ကြုံ ရာ လုပ်
ထားရာနေ
စေရာသွား..
အချိန်တန်တော့လည်း
ဗိုက်တင်း ခဲ့တာပါပဲ...
ဒါပေမယ့်....
ငါ့ ဘ၀က လွတ်လပ်ဆဲ
ပျံချင်ရာ ကိုပျံသန်းဖို့
ငါ ဘယ်သူ့ကိုမှ လက်မှတ်တောင်းဖို့ မလိုဘူးလေ....

♥♥ကျောက်ဆစ်ရုပ်....♥♥



နှင်းကျ လေတိုက်
မုန်းတိုင်းတွေလည်း ရပ်စဲတော့
ငါ့ဘ၀လည်း လဲပြိုပြီထင်တယ်
ပြန်လာ ရင်ကောင်းမလား
ဆင်ဆာ ဖြတ်တဲ့ ငါ့နှလုံးသား
လူကြီး မဖြစ်သေးဘူးတဲ့Align Centre
အတွေးတွေ ဘေးချော်
ကလေးအတွေးနဲ့ မချစ်နဲ့တဲ့
အဖြစ်မရှိတဲ့ ကျောက်ဆစ်ရုပ်တစ်ခုကို
ငါများ ပိုင်ဆိုင်ထားရလားမသိ...
မိန်းမ မာယာ သဲကိုးဖြာတဲ့
မင်းရဲ့ လက်စွဲတော် မာန်နတ်မင်းအောက်မှာ
ငါ့ အချစ်တွေ ကျရှုံးသွားပါပီ
နောင်တ မရ
ငါကျေနပ်လို့ နေမှာပါ
အဖြစ်ကလေးတွေ မရှိခဲ့ပေမယ့်
ဒဿလေးတော့ နုတ်ထုတ်ခဲ့ဖူးတယ်
သင်္ချာလို အပီတွက်ဖို့တော့
ငါမပြော ရဲသေးဘူး
မရင့် ကြပ်သေးတဲ့ ငါ့ နှလုံးသား
အမာ ရွတ်လေးတော့ ရှိခဲ့တာပဲ
အဖြေ မသိပေမယ့်
ပြေးကြည့်ရင် ဒီကောင်ပဲ
မင်းအပေါ်ဆိုးခဲ့တာ ထင်တယ်နော်
ရှုံ့ ချသမျှ ဘေးဒုက္ခပါပဲ
ကလေးဆိုးကြီးကျတော်
လူများ အမုန်ခံရတာ အခုထိ
ငါ့ အချစ်ကိုဝေ ငှစား
ပြားလားမသိတဲ့ ဆယ်ပြားစေ့
ငါဘယ် ဆက်ရှာ ရမယ် မသိတော့ဘူး
သြော်..........
အထာ မကျသေးတဲ့
ကလေး ကဗျာလေး တစ်ပုဒ်ပါပဲလေ.

♥♥လူမနေတဲ့ ရင်ခွင်ငယ်....♥♥



မျက်လုံးကို စုံမှိတ်

ခေါင်းတစ်ချက်ငုံ့ လိုက်ရင်တောင်

အပြုံး မပါတဲ့

မင်းရဲ့ အမုန်းမာယာထဲမှာ

ငါလည်စင်း ခံရဲပါတယ်

တွေးခေါ်လွဲမှား

ယုံကြည်ခဲ့ တဲ့ ငါ့သံယောဇဉ်လေး

ငါ ပြန်တောင်းလို့ ရရင်တောင်

ငါမယူ ရက်ပါဘူး

မင်းစီကို ပဲ ငါ့ အချစ်တွေ ခေါင်းလွှဲထားခဲ့ပီလေ..

ကြင်နာ မျက်ဝန်းဆိုခဲ့တဲ့

သံယောဇဉ်မြစ်ကမ်းနံဘေးမှာ

ငါ တစ်ယောက်တည်းလွမ်းရအုံးမှာလား

အဖော် မပါ ဗလာနတ္ထိ

ငါ့ဘ၀ သနားစရာတော့ မဟုတ်ဘူး

ကိုးကွယ် ရာ မဲ့

ယုံကြည်ခဲ့ တဲ့

အဖော် မဲ့ တဲ့ ငှက်ကလေး တစ်ကောင်ပါ

ဥသြ ဆိုလည်း မကြားသာ

မနေ သာတဲ့ ရင်ခွင်မှာ

နွေလေ ရူးတိုက် ရိုက်ခတ်တိုင်း

ဒီရင် ခွင်မှာ ဗလောင်ဆူနေပီ..

ခံစားချက်တွေ ဆူညံထွက်

ပေါင်ချိန်မပြည့် တဲ့

ကြောင် တစ်ကောင်လိုပါပဲ

မင်း မရှိတော့ လိမ်ဖယ် လိမ်ဖယ်ပေါ့..

ချစ်ခင် ခဲ့ တဲ့ သက်တမ်းတစ်လျှောက်

မဖောက်မပြန် အရောက်ပြန်ခဲ့ချင်ပါတယ်

ပြန်ဝယ်လို့ ရရင်

ဒဏ်ရာတွေလည်း ဆေးကုချင်သေးရဲ့ ........

အခုတော့ မင်းနဲ့ အတူလျှောက်

ဟောဒီ ဘ၀တစ်ခေါက်မှာ

ငါတစ်ယောက်တည်း

အထီးကျန်လို့ လွမ်းနေဆဲ...

လမ်းခွဲ ခါနီး မင်းပြောခဲ့တယ်လေ

မေ့ခဲ့လိုက်တော့ ချစ်သူရယ်တဲ့...။

ဂုဏ်ကြီးရှင်တွေ အတွက်


အရှုပ်တွေကို လုပ်
အလုပ်မဟုတ်တဲ့
အနှုတ်လက်ခဏာတွေက
ငါ့ ဘ၀ကို တဖြုတ်ဖြုတ်တက်လို့
အထုတ်မပါ တဲ့
ဗယုတ် ကျ ဘ၀မှာ
ပဲပြုတ် နေတိုင်းစားပီး
ဗိုက်ရိုက်နေလို့ ရတယ်
တစ်ဘုံ တစ်ဘဝ
ဂုဏ်ဓန မရှိလည်း
ယုံကြည်မှုတွေ
ငါ့မှာ ရှိတယ်
ပလုတ် တုပ် လို
မဟုတ် တရုတ်လည်း ငါရေးတတ်တယ်
ရုပ် ရုပ် သဲသဲ
ရှုပ် ရှုပ် ရှဲရှဲလည်း
ငါ လုပ်တတ်တာပေါ့
အများအမြင် ကတ်
ဘေးသဘင် ခတ်အောင်
လူဘောင်လယ်မှာလည်း
ငါ ရပ်တည်နေတာပဲ
အတွေး ခြင်းခတ်
ကလေး ချင်း ကတ်
ဆရာသမား ငါပြစ်မှားဘူးတယ်
သံသရာ တစ်လျှောက်က
သံပုရာ တစ်ခွက်လောက်
မချဉ်ပါဘူး
ငါရပ်တည်လို့ ရနေသေးတယ်
တစ်ဘ၀မှာ တစ်ခါသေတာပဲ
ဗလကြီးနဲ့ ဆင်ပြောင်းမစီးချင်တော့ဘူး
ငါ့ မြင်း ဘယ် စိုင်းစိုင်း
နောက်ဆုံးတော့ သင်းချိုင်းပဲ ရောက်ကြတာပါပဲဗျာ
ကဲ ... ဂုဏ်ကြီးရှင်တွေ လမ်းရွေးကြပါ...



(Ulay kyi)

Sunday, 18 December 2011

♥♥ အချစ်ဆိုသော အရာ♥♥

ပကတိ ဖြူစင်..ငြိမ်းချမ်းသောလမ်းမှာ...
အချစ်ဆိုသောပန်းလေးကို နမ်းမိသောကြောင့်...
ချစ်သူတို့ လျှောက်သော လမ်းလေးကို..
စမ်းတစ်ဝါးဝါး ငါလျှောက် ခဲ့မိ၏..
ထိုအခါအချစ်သည်.....
ငါ့အား..ရင်ခုန်သံမြန်စေခဲ့သလို...
နှလုံးသားပူပန်မှု့ကိုလဲ ပေးခဲ့၏..
ကြည်နူးပျော်ရွှင်မှု့ကို..ပေးခဲ့သလို..
စိတ်ဆင်းရဲ သောကကိုလဲပေးခဲ့၏..
လွမ်းမောစရာညများကို ဖန်တီးခဲ့သလို..
အိပ်ပျက်ညများကိုလဲဖြစ်စေခဲ့၏..
နှစ်လိုဖွယ်ရာအပြုံးကို....
လက်ဆောင်ပေးခဲ့သလို..ခါးသီးနာကြည်းစရာ..
အမုန်းတို့ကိုလဲ..ပေးဝေငှခဲ့၏...
ငါဟာအချစ်ကို..မျှော်လင့်တကြီး..စောင့်စား၏
ဒါပေမဲ့..အချစ်က...ငါ့ကိုသူစိမ်းဆန်ခဲ့တယ်...
အချစ်ကဘာကိုအလိုမကျ ဖြစ်လို့လဲ...
ဒါဟာ ငါ့ရဲ့ ရှက်ကြောက်မှု့ကိုလား.?
အချစ်က အပြုံးလေးတွေနဲ့ ဆီးကြိုတော့....
ငါဟာအချစ်ကို လက်ခံခဲ့တယ်..

မကြာပါဘူး....
အချစ်ကအပြုံးတွေကိုဖျက်လို့...
အမုန်းတွေကိုပေးခဲ့ပြီ..မဟုတ်လား....





(ရင်မခုန်တက်တဲ့ နှလုံးသားနဲ့ ရေးသားတင်ပြသည်.....)


Tuesday, 1 November 2011

နတ္ထိ (ဘာမှမရှိ)



သံစဉ်တွေ ရှိနေပေမယ့်

ဂစ်တာလေးက ကြိုးပြတ်ပြီလေ

အိမ်မက်တွေ ရှိနေပေမယ့်

ရောင်နီတွေ သမ်းလာပြီ

ဝေးကွာခြင်းတွေ ရှိနေလဲ

တမ်းတခြင်း တွေငိုကြွေးပြီ

အလွမ်းတွေ ထားခဲ့လည်း

မျှော်လင့်ချက်တွေ ပြတ်သုန်းပြီ

သြော် ..........

မိန်းကလေးရယ် ပြောခဲ့တုန်းက

ဒါ ......

မင်း အ ချစ် တဲ့

တကယ်တော့ ငါ့အတွက် ကတော့

တော်တော် ခါးသက်တယ်

လေး စား လျှက်

စိုင်းလင်းထက်

9:30pm

15.7.2011

Monday, 31 October 2011

တမ်း တ လျှက် ပါ အ မေ ....



အမေ
မလေးရှားရဲ့မီးရောင် ညတွေထဲ
သား မပျော်ရွှင်ချင်တော့ဘူး အမေ
ကျေးလက်ရဲ့အမေ့အိမ်က ဖယောင်းတိုင်ငယ်
မီးရောင်ညကိုပဲ သားလွမ်းမောနေ မိတယ်။

တစ်ပါးသူရဲ့
လက်ရာ ကောင်းများ စားသောက်
နေရပေမဲ့ ကျေးလက်ရဲ့အမေ့အိမ်က
အမေ ချက်ကျွေးတဲ့ဟင်းတွေကိုပဲ
သား လွမ်းမော နေမိတယ်။

အမေ
ချစ်ခြင်း တရားမှာစံပြု
မေတ္တာတရားမှာ တုနှိုင်းမရ
တကယ် အစစ်မှန်ပေးစပ်မှု့တွေနဲ့
နိုင်ငံတွေခြားပြီး ဝေးခဲ့ရတဲ့သားမှာ
လွမ်းမောနေမိတာက အေးချမ်းတဲ့
အမေ့ရင်ခွင်လေးပါ။

အမေ
သားကို မွေးဖွားစဉ်က နာကျင်တာ
ခံစားရပေမဲ့သားရဲ့ငိုသံတွေထဲမှာ အမေ
ကျေနပ်သွား လိမ့်မယ်။

အမေငိုခဲ့ သလားဟင်
သား မိုက်စဉ်က ရင်နာစွာ ခံစားရပေမဲ့
သားရဲ့မုသား စကားတွေ ထဲမှာ
အမေ ကျေနပ်သွားလိမ့်မယ်

အမေ
ပျော်ရွှင်ပါစေ
သား မဆိုးပေတော့ပါဘူး
နောင်တ တရားများနဲ့
ကျေးဇူးဆပ်ပါ့မယ်။
ရည်ရွယ်ချက် တွေပြည့်တဲ့
တစ်နေ့ အမေ့ ရင်ခွင်ကို
သား အပြေးပြန်လာ ခဲ့မှာပါ။
အမြဲတမ်း ပြုံးပျော်နိုင် ပါစေ အမေ။

အမိမြေမှ မေမေ အတွက် အမှတ်တရ
လေးစားလျှက်
စိုင်းလင်းထက်
11:37 Pm
11.7.2011

Sunday, 30 October 2011

တွေ ဝေ ခြင်း ......


အရာရာကို
ဦးနှောက်က သိလျှက်
သတိပေး ထိန်းချုပ်
သော်ငြားလည်း
နှလုံးသားခံစားမှုက
မပျက်ပြယ်
မချယ် မလိမ်းပါပဲ
စွဲထင်စွန်းထင်လာတဲ့
နှလုံးသားပေါ်က
ဆေးစက်ကို
ဘယ်သူဖျက်၍
ပျက်နိုင်ပါမလဲ

ရှေးခရီးကို
လှမ်းမျှော်
တွေးကြည့် တော့လည်း
အဖော်ဖြစ်ရန် အတွက်
ခက်ခဲလွန်းမှန်းလဲ အသိ
ချန်ထား ခွဲခွါရမည်သူ ကိုမှ
နင့်သီးစွာ တွယ်တာမိခြင်း
အတွက် သောက သက်သက်
ကိုသာ ထာဝရ အဖေါ် အဖြစ်
လက်ခံရ မလိုဖြစ်နေပြီ

လေးစားလျှက်
စိုင်းလင်းထက်
4:38am
9.7.2011

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။