
သီချင်းချစ်သူ စာဖတ်သူ မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ခါ သီချင်း ချစ်သူများ တောင်းဆို လာတဲ့ သီချင်းလေးကို ဆက်လက် တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ အခုတောင်းဆိုလာတဲ့ သီချင်းလေးက အဆိုတော် အောင်လရဲ့သီချင်းတစ်ဗုဒ် ဖြစ်တဲ့ " အလွမ်းသင့်ပန်းချီ " ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။
အခုလို မလေးရှားမှာ ရောက်လာပြီး စီးပွားလာရှာရတော့လေ အရာရာကို လွမ်းတာပေါ့။ လွမ်းတာတော့ အားလုံးကို လွမ်းတာပေါ့နော်။ မိသားစုရယ် ချစ်သူရယ် သူငယ်ချင်းတွေလည်း လွမ်းတာပေါ့၊ ဒါကြောင့် ကျွန်တော် အလွမ်းပြေနားဆင်ဖို့အတွက် အလွမ်းသင့်ပန်းချီ ဆိုတဲ့ ဒီသီချင်းလေး တောင်းရခြင်း ဖြစ်ပါတယ်။ ဒီသီချင်းလေးကို တောင်းဆိုထားတဲ့ စိုင်းလင်းထက်(ပီနန်-မလေးရှား) မှ ရင်ဖွင့်လာပါတယ်။
ဒီတစ်ခါ အဆိုတော် အောင်လ သီချင်းလေးကို တောင်းဆိုလာတဲ့ စိုင်းလင်းထက်(ပီနန်-မလေးရှား) နဲ့ အတူတူ အခု စာဖတ်သူ မိတ်ဆွေများလည်း " အလွမ်းသင့်ပန်းချီ " ဆိုတဲ့ သီချင်းလေးကို အမှတ်တရ ကြည့်ရှု နားဆင် ခံစား လိုက်ရအောင်နော်။ ဒီသီချင်း အားလုံးကို Video , Mp3 - Downloads စသည်များဖြင့် တင်ဆက် ပေးထားပါတယ်။ သီချင်း တောင်းဆိုလာတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ...
MP3 သီချင်းလေးကို လိုချင်သော သူငယ်ချင်းများ အတွက် ဒီနေရာလေးမှာ ဝင်ယူလိုက်ပါ။

0 comments:
Post a Comment