အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Monday, 28 November 2011

♥♥ချစ်သူ....အတွက်....♥♥


ချစ်သူ...ရေ............
ထာဝရဆိုတာ..မောင်..တို့အတွက်
ရှိနေပါ့မလား...
ချစ်သူ.နဲ့.. .မောင်တို့ရဲ့
ဝေးကွာခြင်းတွေက....
ဘယ်အချိန်ထိ....ပိုင်းဖြတ်ထားမှာလဲ
ရေမြေခြားမှာနေရတဲ့...
မောင်....နှလုံးသားအတွက်...
ချစ်သူ..ရဲ့...ယုံကြည်ခွင့်လေးတွေတော့...
မောင့်...အတွက်ချန်ထားပေးပါနော်...
မျှော်လင့်ချက်...
ရွက်လွှင့်ထားသမျှဟာ...
တစ်ချိန်ချိန်မှာ....
ပြန်ဆုံနိုင်ဖို့ဆိုရင်.....
ချစ်သူ...ယုံကြည်နိုင့်မလား?
နိုင်ငံတွေခြားပြီး...
ဝေးနေရပေမဲ့..ထားခဲ့မိတဲ့..
သံယောဇဉ်ကြိုးလေးတွေရဲ့...
စကားသံလေးတွေကို....
ပြန်မြင်ယောင်ရင်း...တမ်းတခြင်း...
သီချင်းလေးတွေနဲ့အတူ...
ချစ်သူ...နဲ့...မောင်...ရဲ့..
ဆုံစည်းခွင့်..နေ့ရက်လေးတွေကို..
မောင်...မျှော်နေမယ်....ချစ်သူ....ရယ်...





ချစ်သူ နှစ်ဦး.ရဲ့..ဇာတ်လမ်းလေးတစ်ပုဒ်အား..
အမှီပြုပြီ..ရင်ထဲကဖြစ်ပေါ်လာတဲ့..ဝေဒနာ အတွက်
ရေးသားတင်ဆက်သည်..

အစဉ်ကြိုးစားလျှက်.....စိုင်းလင်းထက်(အလွမ်းမင်းသားလေး)

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း
Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။