အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Saturday 31 December 2011

နှစ်နှစ်ကာကာ ချစ်ရပါသော ♥♥♥♥?

ငါမင်းကိုချစ်တယ်ဆိုတာ
မင်းငါ့အနား(အမြဲ)
ရှိတာ မရှိတာထက်
ငါ့အတွက် မင်းရှိနေတဲ့ဆိုတဲ့....
အသိလေးကိုမြတ်နိုးတာ.....
ငါမင်းကိုချစ်တယ်ဆိုတာ...
မင်းနုတ်ခမ်းက....
ပျားရည်တစ်စက်လို....
နမ်းရှိုက်ခွင့်ရဖို့ထက်...
နှစ်လိုဖွယ် ..မင်းအပြုံးလေး...
တစ်ပွင့်လိုပဲ...
တစ်နေကုန်...
ထိုင်ကြည့်နေချင်တာ
ငါမင်းကိုချစ်တယ်ဆိုတာ..
မင်းငါ့အပေါ်....
အနိုင်ယူလွန်းတယ်ဆိုတဲ့...
အသိစိတ်ထက်ပေးလိုက်ရတဲ့...
ငါ့အရှုံးမှာ...
ကျေနပ်နေမိတာ...
ငါမင်းကိုချစ်တယ်ဆိုတာလေ...
ပါးစပ်ကစကားလုံထက်
ငါ့ရင်ဘက်ထဲက....
အများကြီး....
ပိုလေးနက်ပါတယ်ဟာ.....

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။