အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Monday 9 January 2012

မလေးရှားနိုင်ငံ စမုံညှင်းစေတီ ထီးတော်တင် မှတ်တမ်း ဓာတ်ပုံများ

8.1.2012 တနင်္ဂနွေနေ့ မလေးရှားနိုင်ငံ စမုံညှင်း အရပ် ဒေသတွင် ရွှေတိဂုံစေတီတော်ပုံတူ စေတီတော် ထီးတော်တင်ပွဲ မင်္ဂလာ အခမ်းအနားကို အွန်လိုင်းမှ ဗုဒ္ဓဘာသာဝင် မြန်မာများ ကြည်ညှိုပူဇော်နိုင်ရန် အတွက် မှတ်တမ်းတင် ဓာတ်ပုံများ ဖြင့် အခုလို သွားရောက် ရိုက်ယူခဲ့ပါတယ်။



ဘုရားဖူးသူ များနှင့် တောလမ်းလေးမှာ ပြည့်နေလျှက် ရှိပါသည်။



ကားက တောင်ပေါ် ဘုန်းကြီးကျောင်းအထိ ရောက်အောင် သွားလို့ရပေမယ့် ဒီလို ဘုရား ထီးတော်တင် နေ့ဆိုတော့ လမ်းမှာ အဝင် အထွက် ကားကြီးတွေက များနေတာမို့ အားလုံး တစ်နာ၇ီခွဲလောက် ခြေလျှင် လျှောက်ရပါတယ်။



ဘုရားဖူးသွားရာ တောလမ်းလေးမှာ လူတွေ ကားတွေနဲ့ ပြည့်ကျပ်လျှက် ရှိနေပါတယ်။



ဘုန်းတော်ကြီးကျောင်းကို ရောက်တာနဲ့ တောင်အောက်ဖက်မှာ စတုဒီသာ အကျွေးအမွေးတွေကလည်း အစုံပါပဲ။



ဒါက ဘုရားဖူးများအတွက် အရေးပေါ် ကျန်းမာရေးအတွက် အရေးပေါ် ဆေးကုသမှု နေရာလေးပါ။



ဘုရားဖူးလာကြသော သူများအတွက် အကျွေးအမွေး နေရာလေးပါ။



ဒါက ဘုရားစေတီတော် ရင်ပြင် အပေါ်မှ မြင်ရတဲ့ မြင်ကွင်းလေးပါ။



ဘုရားရင်ပြင်တော်အပေါ်သို့ တက်ရသော နေရာလေးမှာ ဘုရာဖူးများဖြင့် ပြည့်ကျပ်လျှက် ရှိနေပါတယ်။



စမုံညှင်း ဘုရာကြီး











ဘုရားထီးတော်တင်မည့် စေတီတော်





ဘုရားဖူးပြီး ခေါင်းလောင်းထိုးနိုင်ပါတယ်။







ကိုနိုင်ပါ ခင်ဗျာ။ စမုံညှင်းမှာ ဘုရားရုပ်ပွား တော်တွေ စေတီတော်တွေ အခုလို ဗုဒ္ဓဘာသာဝင်မြန်မာများအတွက် အထုးပဲ ဝမ်းသာကြည်နူးမိတာ အမှန်ပါပဲ။ ဘုရားလာဖူးကြတဲ့ လူတွေကလည်း အများကြီးပဲ မြန်မာကိုပြန် ရောက်နေ သလိုပဲဗျာ ...





အခုလို ပြည်ပမှာ ဘုရားတွေ တည်ထားခွင့် ရတယ်ဆိုတော့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျွန်တော်က ဇော်ဦး ပီနန်ကပါ။ အခုလို ဘုရားထီးတော်တင်ပွဲကို ဖူးရအောင် ကျွန်တော်လာခဲ့တာပါ။ မြန်မာတွေက အများကြီးပဲဗျာ ။ တကယ့် မြန်မာပြည့်ကို ရောက်နေ သလိုပဲ ကျွန်တော် စိတ်ထဲ ခံစားမိတယ်။



ဟုတ်ကဲ့ .. ကျွန်မက ကပ်ပုန်းကပါ။ ဘုရားလာဖူးတာပါ။ ဘုရားထီးတော်တင်ပွဲ ဆိုတော့ ပြည်ပမှာဆိုတာ ကြုံတောင့်ကြုံခဲ့ပါပဲ ဒါကြောင့် အချိန်ပေးပြီး လာခဲ့တာပါ။ လမ်းမှာက ဦးတွေ ကားတွေနဲ့ ပြည့်နေတော့ ကားနဲ့ဝင်လို့ မရတော့ ဘူးလေ ကားကို အပြင်ထားခဲ့ပြီး လမ်းလျှောက်ပြီးလာခဲ့တာပါ။











၃း၃၀ တွင် စေတီတော် ထီးတော်တင်ခဲ့ပါတယ်။ စေတီတော် ထီးတော်တင်ပွဲသို့ မြန်မာများ နှင့် နိုင်ငံခြားသားများ အများအပြား ဘုရားဖူးသူ ၃၀၀၀၀ ကျော် လာရောက် ဖူးမျှော်ကြပါတယ်။ စာဖတ်သူများလည်း မလေးရှား သို့မဟုတ် မလေးရှားကို ရောက်ခဲ့ရင် စမုံညှင်းစေတီတော်ကြီးကို သွားရောက်ဖူုးမျှော်ကြပါလို့ ပြောကြားလိုက်ပါရစေ ခင်ဗျာ ... ကျေးဇူးတင်ပါတယ်။



မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးရေးအတွက် ကူညီပေးသော ဘာလော့ကာ ညီငယ် မျိုးကိုကို အား အထူး ကျေးဇူးတင်ရှိပါသည်။

www.nayzawlin.com

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။