အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Monday 9 April 2012

ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် ရိုးရာသင်္ကြန် (မလေးရှား)




မြန်မာ့ဥယျာဉ် 6 ကြိမ်မြောက် ရိုးရာသင်္ကြန် ( မလေးရှား )
♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣ ♣♣♣


မလေးရှားနိုင်ငံမှာ ဆဌမအကြိမ်မြောက် မဟာသင်္ကြန် ပျော်ပွဲရွှင်ပွဲကို ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာ မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်မှ ဦးစီးပြီး Port Dickson Beach ကမ်းခြေမှာ တန်ခူးလဆန်း(၁၃)ရက် သောကြာနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

မလေးရှားရောက် ရွှေမြန်မာများအတွက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးတွင် တစ်စုတစ်ဝေး ပျော်ပျော် ရွှင်ရွှင် ခမ်းခမ်းနားနား ၊ အန္တရာယ်ကင်း စိတ်ချမ်းမြေ့ဖို့ အတွက် မြန်မာ့ဥယျာဉ်မှ ကြီးမှူးဆောင်ရွှက်ပေးမှာ ဖြစ်ပြီး ယခင်နှစ်များနဲ့ မတူအတွက် ထူးထူးခြားခြား ဆောင်ရွှက်ပေးထား တယ်လို့ သိရပါတယ်။




နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျွန်တော်တို့က ဦးစီးပြီးတော့ မလေးရှားရောက် မြန်မာတွေအတွက် တစ်နှစ်တာ ပင်ပန်းထားသမျှကို အခုလို သင်္ကြန်ရက်လေးမှာ အမှတ်တရ အပန်းဖြေနိုင်ဖို့အတွက် Port Dickson Beach ကမ်းခြေမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာအောင် ခမ်းခမ်းနားနား လေးပေါ့ ၊ ပြီးတော့ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ်တစ်ခုနဲ့ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တစ်ခု ပြီးတော့ အဆိုအကပေါ့။

ကျွန်တော်တို့မြန်မာ့ဥယျာဉ် နဲ့ ကျွန်တော်တို့ ရခိုင် MAO အဖွဲ့လေးနဲ့ ပူပေါင်းပြီး စည်စည်ကားကား ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကမ်းခြေမှာ ရေဆော့ချင်သူတွေလည်း ရေဆော့လို့တယ်။ ပြီးတော့ သင်္ကြန်မဏ္ဍပ်မှာက မြန်မာအဆိုအက ၊ ရခိုင်အဆိုအက တွေနဲ့ တင်ဆက်ပေးသွားမှာပါ။ ရခိုင်ရိုးရာ ရေကစားတဲ့ ဓလေ့ကို ပြချင်တဲ့ ပုံစံလေးပေါ့။ ဒီလို စီစဉ်ထားပါတယ်။



ယခုနှစ်မှာက ကျွန်တော်တို့ ထူးထူးခြားခြားလေးလည်း ဖြစ်တယ်။ လမ်းစရိတ်နဲ့ ကားအသွား အပြန် ကမ်းခြေဝင်ကြေးလောက်ပဲ အခကြေးငွေ ကောက်ခံသွားမှာပါ။ လူတစ်ဦးကို မလေးရှား ရင်းဂစ် ၃၀ ယူထားပါတယ်။ အရင်နှစ်တွေက မလေးရှား ရင်းဂစ် ၄၅ တို့ ၅၀ တို့အဲလိုမျိုး ယူခဲ့တာတွေ ရှိခဲ့တယ်။ ဒီနှစ်မှာကြတော့ ကိုယ့်မြန်မာတွေ အားလုံး သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲနိုင်ဖို့ ရင်းဂစ် ၃၀ လောက်ဆို လူတိုင်းအတွက် မျှတနိုင်တယ် ကြည့်နိုင်တယ်ပေါ့။ ခါတိုင်းနှစ်နဲ့ အတူအောင် လျှော့ပြီးယူထားပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဆိုတော့ သိတဲ့ အတိုင်းပဲလေ။ ဒီမလေးရှားနိုင်ငံမှာ ကျင်းပဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ကျွန်တော်တို့ဖက်ကလည်း ကိုယ့်မြန်မာတွေ မြန်မာနှစ်သစ်ကူး သင်္ကြန်လေးမှာ ပျော်ပျော်ပါးပါးနဲ့ မြန်မာတွေ စုရုံးပြီး အခုလို ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ မပျောက်မပျက်အောင် လုပ်ပေးတယ်ပေါ့။ အဲဒီ သဘောမျိုးပါ။ သင်္ကြန်ပွဲနေ့မှာလည်း မြန်မာ့ရိုးရာနဲ့ အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်။



ဒီနှစ်လေးမှာ ယခင်နှစ်တွေနဲ့ မတူအားလုံးကို လုပ်ဆောင်ပေးသွားမှာပါ။ မြန်မာ့ရိုးရာ အစီအစဉ် ၊ ရခိုင်ရိုးရာ အစီအစဉ် တွေနဲ့ တင်ဆက်ပေးပြီး လွန်ဆွဲပွဲတွေရှိမယ် ၊ ပိုက်ကျော်ခြင်း ရှိမယ် ၊ ပြီးတော့ ကြင်ပွဲဆိုတာပါမယ်။ ရခိုင်ရိုးရာ ကြင်ပွဲပေါ့ ဒီလိုအစီအစဉ်တွေနဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်။ ဒါတွေက အရင့်အရင် နှစ်တွေနဲ့ မတူဘူး ထူးထူးခြားခြားပေါ့။

ပြီးတော့ ဒီနှစ်မှာ သင်္ကြန်အင်္ကျိ တွေတောင်မှ မရောင်းပဲ ကံစမ်းမဲ ဖောက်ပေးဖို့ လုပ်ထားပါတယ်။ ဒါကြောင့် မလေးရှားရောက် မြန်မာတွေအားလုံး ကျွန်တော်တို့ မြန်မာ့ဥယျာဉ် မဟာသင်္ကြန်ပွဲတော်ကြီးကို လာရောက်ပါဝင် ဆင်နွဲပေးဖို့ မြန်မာ့ဥယျာဉ် အားလုံးကို ဖိတ်ခေါ်ပါတယ် ဆိုတဲ့အကြောင်း ကိုစိုးသန်း မြန်မာ့ဥယျာဉ်မှ မဟာသင်္ကြန်ပွဲတော်ကြီးနဲ့ ပက်သက်ပြီး ရှင်းလင်း ပြောပြသွားပါတယ်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် မဟာသင်္ကြန်ပွဲတော်ကြီးကို ၁၃.၄.၂၀၁၂ သောကြာနေ့ (မဟာသင်္ကြန်အကျနေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ကြိုတင်လက်မှတ်များကို မြန်မာ့ဥယျာဉ်ဆိုင်တွေ ဖြစ်တဲ့ ကေအယ် ၊ နီလိုင်း ၊ ဘလက်ကောင်း ၊ ပူချွန်း ၊ ရာဝမ်း ၊ စူငိုင်းပူလို့ ၊ ရှာအလမ်း (ဆရီမူဓ) ကလန်း စတဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်ပြီး ၎င်းနေရာများမှ ဘတ်စ်ကားများ စီးနိုင်ပါတယ်။ လက်မှတ်များကို မလေးရှား ရင်းဂစ် ၃၀ နဲ့ ဝယ်ယူနိုင်ပြီး အသေးစိပ် အချက်အလက်များကို 012,2304 102 - 016, 6603 052 - 016,6603 057 စသည့် ဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။



Malaysia News Information & Online Radio Media, Blogger

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။