အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Wednesday 28 March 2012

ဂုဏ်ကြီးရှင်တွေ အတွက်


အရှုပ်တွေကို လုပ်
အလုပ်မဟုတ်တဲ့
အနှုတ်လက်ခဏာတွေက
ငါ့ ဘ၀ကို တဖြုတ်ဖြုတ်တက်လို့
အထုတ်မပါ တဲ့
ဗယုတ် ကျ ဘ၀မှာ
ပဲပြုတ် နေတိုင်းစားပီး
ဗိုက်ရိုက်နေလို့ ရတယ်
တစ်ဘုံ တစ်ဘဝ
ဂုဏ်ဓန မရှိလည်း
ယုံကြည်မှုတွေ
ငါ့မှာ ရှိတယ်
ပလုတ် တုပ် လို
မဟုတ် တရုတ်လည်း ငါရေးတတ်တယ်
ရုပ် ရုပ် သဲသဲ
ရှုပ် ရှုပ် ရှဲရှဲလည်း
ငါ လုပ်တတ်တာပေါ့
အများအမြင် ကတ်
ဘေးသဘင် ခတ်အောင်
လူဘောင်လယ်မှာလည်း
ငါ ရပ်တည်နေတာပဲ
အတွေး ခြင်းခတ်
ကလေး ချင်း ကတ်
ဆရာသမား ငါပြစ်မှားဘူးတယ်
သံသရာ တစ်လျှောက်က
သံပုရာ တစ်ခွက်လောက်
မချဉ်ပါဘူး
ငါရပ်တည်လို့ ရနေသေးတယ်
တစ်ဘ၀မှာ တစ်ခါသေတာပဲ
ဗလကြီးနဲ့ ဆင်ပြောင်းမစီးချင်တော့ဘူး
ငါ့ မြင်း ဘယ် စိုင်းစိုင်း
နောက်ဆုံးတော့ သင်းချိုင်းပဲ ရောက်ကြတာပါပဲဗျာ
ကဲ ... ဂုဏ်ကြီးရှင်တွေ လမ်းရွေးကြပါ...



(Ulay kyi)

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။