အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Sunday, 30 October 2011

အချစ်ခုံ ရုံးမှ အမိန့် .....

http://i6.tagstat.com/tags8/06S/06S_BAmnc.gif

ပြောင်းလဲနေတဲ့ လောကကြီးထဲမှာ
ထာဝရဆိုတာ ငါ့အတွက်ရှိနေ ပါ့မလား ...

ပြီးဆုံးသွားတဲ့
အိမ်မက်တစ်ခုကိုပြန်လည် မက်ခွင်မရပေမဲ့
အဲဒီ အိမ်မက်လေးကိုပဲ စွဲလန်းနေမိတာ
ငါ့ရဲ့ရူးသွပ်မှုကြောင့်လား ....

မေးခွန်းတွေ များပြားလွန်းတဲ့ဘဝမှာ
အဖြေတွေ ရှာရင်း ဒီတစ်ကြိမ်မှာ
မင်းလေးနဲ့ ဝေးခဲ့ ရတယ်နော် ....

တကယ်တော့ အရာအားလုံးဟာ
ငါ့အပြစ်လို့ပဲ သတ်မှတ်လိုက်ပါ

အဲဒီအတွက်
နှလုံးသား ခုံရုံးကပြင်းထန်စွာ
ကြိုးမိန့် ပေးခဲ့ရင်တောင်
နောက်ဆုံး တစ်ခုတောင်းဆိုချင်တယ်

အဲဒါဟာ
ဘာလဲ
ဆိုတော့
နှလုံးသားကို
အမိန့်ချတဲ့ကြိုး
သံယောဇဉ်ကြိုးတော့
မဖြစ်ပါစေနဲ့ဗျာ

လေးစားလျှက်
စိုင်းလင်းထက်
5:00pm
8.7.2011

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။