
တည့်ပြီဆိုမှ လွှတ်လိုက်တာ
မတော်တဆလွဲချော်မှုကြောင့်
ငါနဲ့ ဘဝကလွဲပြန်ရော(မနေ့ကလိုပါပဲ)
မရေရာခြင်းမှာ သေချာခြင်းတွေ
အပြည့်အဝရှိကြောင်း
တိုင်းထွာပြလို့မရတဲ့အခါ .....
ကိုယ့်ကို ကိုယ်စနစ်တကျ
စွန့်ပစ်လိုက်ရ ပြည့်စုံမှု့တွေနဲ့ အ
သက်ရှူကျပ်နေတဲ့ ယုန်တစ်ကောင်ထက်
သင်းကွဲကျား တစ်ကောင်လို
ရှင်သန်ချင်တယ် ...
အနာဟောင်းက မကျက်သေးဘူး
ဒဏ်ရာအသစ်တွေက ထပ်ရနေပြီ
ရှုံးနှိမ့်ခြင်းဆိုတာ ငယ်ပေါင်းကြီးဖော်မို့
နာကျင်မှု အရသာရှိရှိ ခါးလာတယ် ....
မနက်ဖြန်မှာ
ငါနဲ့ဘဝက ဒီထက်ပိုပြီး
မလွှဲချော်ချင်တော့ဘူး
လေးစားလျှက်
စိုင်းလင်းထက်
5:24pm
23.6.2011
မတော်တဆလွဲချော်မှုကြောင့်
ငါနဲ့ ဘဝကလွဲပြန်ရော(မနေ့ကလိုပါပဲ)
မရေရာခြင်းမှာ သေချာခြင်းတွေ
အပြည့်အဝရှိကြောင်း
တိုင်းထွာပြလို့မရတဲ့အခါ .....
ကိုယ့်ကို ကိုယ်စနစ်တကျ
စွန့်ပစ်လိုက်ရ ပြည့်စုံမှု့တွေနဲ့ အ
သက်ရှူကျပ်နေတဲ့ ယုန်တစ်ကောင်ထက်
သင်းကွဲကျား တစ်ကောင်လို
ရှင်သန်ချင်တယ် ...
အနာဟောင်းက မကျက်သေးဘူး
ဒဏ်ရာအသစ်တွေက ထပ်ရနေပြီ
ရှုံးနှိမ့်ခြင်းဆိုတာ ငယ်ပေါင်းကြီးဖော်မို့
နာကျင်မှု အရသာရှိရှိ ခါးလာတယ် ....
မနက်ဖြန်မှာ
ငါနဲ့ဘဝက ဒီထက်ပိုပြီး
မလွှဲချော်ချင်တော့ဘူး
လေးစားလျှက်
စိုင်းလင်းထက်
5:24pm
23.6.2011
0 comments:
Post a Comment