အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Tuesday 21 February 2012

♥♥လူဆိုး ဘုရင်လေး♥♥


ရင့်ကျက်တဲ့..စရိုက်တွေနဲ့..
ပင့်သက်လိုရှိုက်ခဲ့ရတဲ့..
ငါ့ရဲ့သက်ပြင်းတွေကြောင့်..
မင်းရဲ့အမုန်းလက်နက်နဲ့..
အဆုံးသတ်မဲ့ချစ်ခြင်းမျိုးလဲ
ငါမပိုင်ဆိုင်ပါရစေနဲ့ဟာ..
အလှဂုဏ်တွေမောက်..
ငွေဂုဏ်တွေတောက်နေတဲ့..
နင်တို့ရဲ့ အသိုင်းအဝိုင်းထဲ
ငါခြေမချဝံ့ပါဘူး..
ပြန်တွေးကြည့်ရင်…
ရင်ထဲအပ်နာ နှလုံးသားက
နင့်ကိုတော့…..
အမုန်းထားမိတဲ့စိတ်နဲ့..
ခပ်တင်းတင်းပဲ…
ခံပြင်းနေတဲ့စိတ်တွေကို..
မြေခအောင် ခြွေချတဲ့
နတ်ဆိုးကလဲနင်ပဲ..
တကယ်တော့…နင်က…
အချစ်မာယာနတ်သမီး..
သြော်..
မနှိုင်းယှဉ်တော့ပါဘူးဟာ..
အချစ်သို့.ရှုံးနိမ့်ခြင်းဆိုတဲ့..
တံတိုင်းအပြင် ဘက်မှာတော့…
ငါဟာ..
~~လူဆိုး ဘုရင်လေး~~ပါ…


လူဆိုး ဘုရင်လေး

0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။