အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Wednesday 15 February 2012

အားလုံးအတွက် အသုံးဝင်စေမဲ့ Picasa Software Download



ဒီတစ်ခါ ကွန်ပျူတာသုံးနေသော သူငယ်ချင်းများ အတွက် Picasa Software လေး လက်ဆောင် ပေးချင်ပါတယ်။ သိတဲ့သူတွေ များနေပါပြီ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။ ဒီ Software လေးက မိမိရဲ့ စက်ထဲက ဓာတ်ပုံတွေကို တစ်နေရာထဲမှာ အလွယ်တကူ စုပေးထားတဲ့ Software လေးပါ။ ဒီကောင်လေးက ဓာတ်ပုံတွေ ပြင်တာ အလင်းအမှောင် ချိန်တာတွေ ဓာတ်ပုံပေါ်မှာ နာမည်ရေးချင်သူတွေ ဓာတ်ပုံအများကြီးကို တစ်ပုံတည်း ဖြစ်အောင်လည်း လုပ်လို့ရတယ်။

ပြီးတော့ ဒီကောင်လေးနဲ့ စလိုက်ရှိုးလေး လုပ်ပြီး youtube ပေါ်တင်လည်း ရတယ်။ ကင်မရာနဲ့ ချိန်ပြီး ဓာတ်ပုံရိုက်မယ် ဆိုလည်း အဆင်ပြေတယ်။ ဒီ Software လေးနဲ့ ဓာတ်ပုံကို ကြည့်လို့လည်း ကောင်းတယ်။ ကွန်ပျူတာထဲက ပုံတွေကြီးကြီး သေးသေး ဆွဲကြည့်လို့လည်း ကောင်းတယ်။

တစ်ခြား ကောင်တွေနဲ့ မတူဘူး အားလုံးအတွက် အဆင်ပြေတယ် သုံးရတာလည်း အရမ်းလွယ်တယ်။ ခက်တာတွေ မပါဘူး ကွန်ပျူတာ စသုံးတဲ့ သူငယ်ချင်းများ အတွက် ကလိဖို့ကောင်းတဲ့ ဆော့ဝဲလေး တစ်ခုပါ။ ဘာကီးမှ မလိုဘူး ဖရီးပေးတယ်။ ထွက်တာက ကြာနေပီ အဟောင်းထဲက တောင်းထားတဲ့ သူငယ်ချင်းတွေ အတွက် တင်ပေး လိုက်တာပါ။ Windows XP/Vista/7 သုံးလို့ အဆင်ပြေတယ်။လိုရင်တော့ အောက်မှာ ဆွဲသွားပြီး စက်ထဲ အင်စတော လုပ်ပြီး ကလိပေတော့ဗျာ ....





0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။