အလွမ်း မင်းသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အချိန်ပေး အလည်လာရောက်သော သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

Wednesday 28 March 2012

♥♥ အလွမ်းပြေ ရသ.........


ငါတို့ နှစ်ဦး ကြည်နူးတုန်းက
ကမ္ဘာတွေ ပြို
တမာတွေ ချိုမှ
မုန်းကြမယ်....
လမ်းခွဲကြမယ်
...............မင်းပြောခဲ့တယ်နော် ချစ်သူ။

သြော်............အခု...
ရာသီတွေအို လို့
ကမ္ဘကြီး ပြိုသွားလား....?
မင်းထားသွားခဲ့တာ
အခုထိ ငါ...........
မျက်ရည် ကျနေဆဲ.............

အရှုံးတွေကို လေညင်းကယူဆောင်
ရိုက်ခတ်မှုတွေက
အမုန်းကို အားပေးလို့
အပြုံးမပျက်တဲ့
..............မင်းရဲ့ မျက်နှာက
အခုထိ ၀င်းပနေဆဲ..။

လောင်းကျွမ်းသွားလို့ လား....?
မခံစား နိုင်တော့လို့လား.....?
ငါ တို့ နှစ်ယောက်ရဲ့
........ အချစ်ဦး ကမ္ဘာက
လေထဲမှာ ပြိုလဲ သွားတာ
ငါ မသိလိုက်ရဘူး.....

မင်းပျော်မယ်ဆို ရင်
ထားသွားလိုက်ပါ...
မင်းချစ်တဲ့ မင်းရဲ့ ရည်းစား
ငါ့ အတွက်နဲ့ မင်း
......အမုန်သင့်နေ ပါအုံးမယ်။

တကယ်ပါ.....
တောင်းဆိုပါတယ်..
မင်း အသိအမှတ်ပြုပေးပါ
မင်းအတွက် ငါဟာ
..........အလွမ်းပြေ ရသ တစ်ပုဒ်ဆိုတာလေ.



0 comments:

Post a Comment

♥♥ကြည့်သူဦးရေ...♥♥

အလွမ်းမင်းသားလေး ဆိုဒ်ကို လာရောက် လည်ပတ်ကြသော သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ဒီဆိုဒ်လေးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်လေးကတော့ ကျွန်တော် လိုချင်တာလေး တွေရှိရင် အလွယ်တကူရယူနိုင်ရန်နှင့် ကျွန်တော်၏ ဆိုဒ်လေးမှာ သူငယ်ချင်းတို့အတွက် ရယ်စရာလေးတွေ ပျော်ရွင်စရာလေးတွေ သတင်းအစုံ အလင်များစွာကို တင်ပေးထားပါတယ်။ ကောင်းကောင်း မကောင်းကောင်း ရောက်မှတော့ ဖတ်၊ ကြည့်သွားပေါ့ဗျာ သူငယ်ချင်းများအားလုံးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလွမ်းမင်းသားလေး ဝက်ဆိုက်အား 29.10.2011 နေ့လေးတွင် စတင် ဖွင့်လှစ် ပါသည်။